အာရှတိုက်ရှိ မုန်တိုင်းဒဏ် ခံနိုင်စွမ်းရှိသည့် အမြင့်မားဆုံး မိုးမျှော်တိုက်များ - Property News in Myanmar from iMyanmarHouse.com
3631 Views

အာရှတိုက်ရှိ မုန်တိုင်းဒဏ် ခံနိုင်စွမ်းရှိသည့် အမြင့်မားဆုံး မိုးမျှော်တိုက်များ

ယခုနှစ် သြဂုတ်လအတွင်း တောင်တရုတ်ပင်လယ်မြောက်ပိုင်းတွင် အခြေတည်ကာ ဖွဲ့စည်းဖြစ်ပေါ်ခဲ့သည့် ဟာတို တိုင်ဖုန်းမုန်တိုင်း သည် တရုတ်ပြည်တောင်ပိုင်း ကွမ်တုံပြည်နယ်တွင် ဝင်ရောက်တိုက်ခတ်ခဲ့ရာ ကန်ဒေါ်လာ ၁ ဒသမ ၈၇ ဘီလီယံဖိုးခန့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။

လုံးချင်းအိမ်များဖြင့် နေထိုင်သူများအဖို့ အပူတပြင်းတုန်လှုပ်ဖွယ်မရှိသော်လည်း မိုးမျှော်တိုက်များတွင် နေထိုင်သူများအဖို့မူ အဆောက်အအုံ၏ ကြံ့ခိုင်မှု၊ မုန်တိုင်းဒဏ်ခံနိုင်စွမ်းတို့ကို ထည့်သွင်းစဉ်းစားကြရတော့မည် ဖြစ်လေသည်။

အောက်ဖော်ပြပါ အဆောက်အအုံတို့မှာ မုန်တိုင်းဒဏ်ခံနိုင်စွမ်းရှိသည့် မိုးမျှော်တိုက်ကြီးများဖြစ်ပြီး အာရှတွင် တည်ရှိသည့် အဆောက်အအုံများ ဖြစ်သည်။

(၁) ရှန်ဟိုင်းတာဝါ၊ ရှန်ဟိုင်း

(ဆောက်လုပ်ခဲ့သည့်ခုနှစ်- ၂၀၁၄ ခုနှစ်)
(အမြင့်- ၆၃၂ မီတာ -၂၀၇၃ ပေ)
မုန်တိုင်းဒဏ်ခံနိုင်စွမ်း- ရှန်ဟိုင်းမြို့၊ ပူဒေါင်းအရပ်ရှိ ၁၂၈ ထပ်မြင့်မားသော ရှန်ဟိုင်းတာဝါသည် တရုတ်ပြည်တွင် အမြင့်မားဆုံး အဆောက်အအုံဖြစ်သည်။
လက်ရှိအားဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဒုတိယမြောက်အမြင့်မားဆုံး အဆောက်အအုံလည်း ဖြစ်သည်။
ကမ္ဘာ့အမြန်ဆုံး ဓာတ်လှေကားများ တပ်ဆင်ထားပြီး တစ်စက္ကန့်လျှင် ၂၀ ဒသမ ၅ မီတာ (တစ်နာရီလျှင် ၄၆ မိုင်) အမြန်နှုန်း ရှိသည်။
အဆောက်အအုံကြီး၏ မှန်မျက်နှာစာများမှတစ်ဆင့် မုန်တိုင်း၏လေပြင်းအားကို ၂၄ ရာခိုင်နှုန်းလျှော့ချနိုင်သည်ဟု ဆိုသည်။

(၂) ပီထရိုနာ့စ် အမြွှာမျှော်စင်၊ မလေးရှား

(ဆောက်လုပ်ခဲ့သည့်ခုနှစ်၊ ၁၉၉၂ ခုနှစ်)
(အမြင့်- ၄၅၂ မီတာ -၁၄၈၃ ပေ)
မုန်တိုင်းဒဏ်ခံနိုင်စွမ်း- ကွာလာလမ်ပူရှိ ၈၈ ထပ်မြင့်မားသော အမြွှာမျှော်စင်နှစ်ခုသည် ကမ္ဘာပေါ်တွင် အမြင့်မားဆုံး အဆောက်အအုံ များတွင် တစ်ခုအပါအဝင် ဖြစ်ပြီး တစ်နာရီလျှင် ၁၀၅ ကီလိုမီတာနှုန်းတိုက်ခတ်သည့် မုန်တိုင်းဒဏ်ခံနိုင်စွမ်းရှိသည်။

(၃) တိုင်ပေ ၁၀၁ ၊ ထိုင်ဝမ်

(ဆောက်လုပ်ခဲ့သည့်ခုနှစ်- ၂၀၀၄ ခုနှစ်)
(အမြင့်- ၄၄၉ မီတာ -၁၆၆၇ ပေ)
မုန်တိုင်းဒဏ်ခံနိုင်စွမ်း- တိုင်ပေ ၁၀၁ သည် လက်ရှိအားဖြင့် ကမ္ဘာပေါ်တွင် အဌမမြောက် အမြင့်မားဆုံး အဆောက်အအုံ ဖြစ်သည်။
ထူးခြားသည့် ဒီဇိုင်းပုံစံကြောင့် ၂၀၁၄ ခုနှစ်တွင် Emporis Skyscraper ဆု ရရှိခဲ့သည်။
တစ်နာရီလျှင် ၂၁၆ ကီလိုမီတာနှုန်းတိုက်ခတ်သည့် မုန်တိုင်းဒဏ်ကို ခံနိုင်စွမ်းရှိသည်ဟု ဆိုသည်။

(၄) နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးဗဟို (ICC) ၊ ဟောင်ကောင်

(ဆောက်လုပ်ခဲ့သည့်ခုနှစ်- ၂၀၁၀)
(အမြင့်- ၄၈၄ မီတာ -၁၅၈၈ ပေ)
တိုင်ဖွန်းမုန်တိုင်းဒဏ်ခံနိုင်စွမ်း- ဟောင်ကောင်၊ အနောက်ကောင်လွန်းအရပ်ရှိ ICC အဆောက်အအုံသည် လက်ရှိအားဖြင့် ကမ္ဘာပေါ်တွင် ဒသမမြောက် အမြင့်မားဆုံး အဆောက်အအုံဖြစ်သည်။
ကြံ့ခိုင်သည့် ဒီဇိုင်း၊ ဖွဲ့စည်းပုံတို့ဖြင့် ဆောက်လုပ်ထားပြီး တိုင်ဖွန်းမုန်တိုင်းများ တိုက်ခတ်လာပါက အဆောက်အအုံကို ရှေ့နောက် ယိမ်းထိုးရွေ့လျားနိုင်ရန် ဒီဇိုင်းဆွဲဆောက်လုပ်ထားသည်။

(၅)မက္ကာအိုတာဝါ၊ မက္ကာအို

(ဆောက်လုပ်ခဲ့သည့်ခုနှစ်- ၁၉၉၈ ခုနှစ်)
(အမြင့်- ၃၃၈ မီတာ -၁၁၀၉ ပေ)
မုန်တိုင်းဒဏ်ခံနိုင်စွမ်းရှိ- မက္ကာအိုတာဝါသည် ကွန်ဗန်းရှင်းနှင့် ဖျော်ဖြေရေးစင်တာအဖြစ် ရည်ရွယ်ဆောက်လုပ်ထားခြင်းဖြစ်ပြီး တစ်နာရီလျှင် ၃၀၀ ကီလိုမီတာနှုန်းတိုက်ခတ်သည့် မုန်တိုင်းဒဏ်ကို ခံနိုင်ရန် ဒီဇိုင်းရေးဆွဲဆောက်လုပ်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အာရှတိုက်ရှိ မုန်တိုင်းဒဏ် ခံနိုင်စွမ်းရှိသည့် အမြင့်မားဆုံး မိုးမျှော်တိုက်များ - Property News in Myanmar from iMyanmarHouse.com
အာရှတိုက်ရှိ မုန်တိုင်းဒဏ် ခံနိုင်စွမ်းရှိသည့် အမြင့်မားဆုံး မိုးမျှော်တိုက်များ - Property News in Myanmar from iMyanmarHouse.com
အာရှတိုက်ရှိ မုန်တိုင်းဒဏ် ခံနိုင်စွမ်းရှိသည့် အမြင့်မားဆုံး မိုးမျှော်တိုက်များ - Property News in Myanmar from iMyanmarHouse.com
အာရှတိုက်ရှိ မုန်တိုင်းဒဏ် ခံနိုင်စွမ်းရှိသည့် အမြင့်မားဆုံး မိုးမျှော်တိုက်များ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service