ရန်ကုန်တွင် သဘာဝရေကန်များကို မြေဖို့၍ အဆောက်အအုံဆောက်ခြင်း ခွင့်မပြုရန်အဆို မှတ်တမ်းဖြစ် - Property News in Myanmar from iMyanmarHouse.com
3681 Views

ရန်ကုန်တွင် သဘာဝရေကန်များကို မြေဖို့၍ အဆောက်အအုံဆောက်ခြင်း ခွင့်မပြုရန်အဆို မှတ်တမ်းဖြစ်

ရန်ကုန်တိုင်းအတွင်း သဘာဝအတိုင်းဖြစ်ပေါ်နေသော ရေကန်များကို မြေဖို့၍ အဆောက်အအုံများ ဆောက်လုပ်ခြင်းကို လုံးဝခွင့်မပြုရန်နှင့် တိမ်ကောနေ သော ရေကန်များ ပြန်လည်ဖော်ထုတ်ပေးရန် အဆိုကိုမှတ်တမ်းတင် လေ့လာစောင့်ကြည့်သွား မည်ဟု ရန်ကုန်တိုင်းလွှတ်တော် က အတည်ပြုခဲ့သည်။

မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက နိုဝင်ဘာ ၁၄ ရက် တွင် အဆိုတင်သွင်းပြီး ဒီဇင်ဘာ ၄ ရက်မှသာ လွှတ်တော်က ဆွေးနွေးပြီးနောက် ဆုံးဖြတ်ခြင်း ဖြစ် သည်။

ရန်ကုန်တိုင်းစည်ပင်သာ ယာရေးဝန်ကြီးဦးမောင်မောင်စိုး က ‘‘သဘာဝအလျောက်ရှိခဲ့တဲ့ ရေကန်တွေကို မြေဖို့ပြီး အဆောက် အအုံ ဆောက်လုပ်ခြင်းကို လုံးဝ ခွင့်မပြုခဲ့ပါဘူး။ ဒီရေကန်တွေ သဘာဝအလျောက် တိမ်ကော လာရင်လည်း တာဝန်ရှိသူတွေ နဲ့ ပြန်လည်ဖော်ထုတ်ပေးနေပါ တယ်။ ဒီအဆိုကို မှတ်တမ်းအ ဖြစ် ထားရှိပေးဖို့ တိုက်တွန်းပါ တယ်’’ဟု ယင်းအဆိုနှင့်ပတ် သက်၍ ပြောကြားသည်။

ရန်ကုန်တိုင်းတွင် သတ်မှတ် ထားပြီးဖြစ်သည့် သဘာဝရေကန်၊ ရေစုကန်၊ ရေစစ်ကန်များသည် YCDC ၏ မြို့ကွက်ပြမြေပုံ၌ တရားဝင်သတ်မှတ်ထားပြီးဖြစ်၍ ယခုဒီချုပ်အစိုးရလက်ထက်တွင် တရားဝင်သတ်မှတ်အဆောက် အအုံဆောက်လုပ်ခွင့် မပြုကြောင်း ၎င်းက ပြောသည်။

‘‘ဒီအဆိုက မလိုအပ်ပေမယ့် သတိကြီးကြီးထားပြီး ကိုင်တွယ် ရမယ့် သဘောပါနေပါတယ်’’ဟု ၀န်ကြီးကဆိုသည်။

ဝန်ကြီး ပြောကြားချက်အ ပေါ် အဆိုရှင်ဦးရန်ရှင်းက အဆို ကို လွှတ်တော်တွင် မှတ်တမ်း တင်လေ့လာစောင့်ကြည့်သည့် အဆင့်ဖြစ်စေချင်ကြောင်း ၎င်း၏ သဘောထားကို ထပ်မံပြောကြား ရာ လွှတ်တော်ဥက္ကဋ္ဌက မှတ် တမ်းတင်လေ့လာစောင့်ကြည့်ရန် အတည်ပြုဆုံးဖြတ်ခဲ့သည်။

‘‘ရေကြီးရေလျှံမှုတွေ ဆက် လက်ဖြစ်ပွားနေရင် မြို့တော်ဝန် ကြီးပြောကြားထားတဲ့ မြေအောက် မြို့တော်ဆိုတာကို အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး။ မြေအောက်မြို့တော်ဟာ ရေကြီးရေလျှံ၊ ရေတွေဝင်ပြီး ရေအောက်မြို့တော်ကြီး ဖြစ်သွားပါလိမ့်မယ်’’ဟု ၎င်းက ဆိုသည်။

ယခင်က ရှိခဲ့သည့် ရေစု ကန်၊ ရေစစ်ကန်များကို ဆက် လက်ထိန်းသိမ်းနိုင်ရေးနှင့် စီမံ ကိန်းအဆောက်အအုံများ၊ အ ကောင်အထည်ဖော်ခြင်း မရှိသေး သည့် ရေကန်များကို ပြန်လည် ဖော်ထုတ်ရေး အလွန်အရေးကြီး ခြင်းကြောင့် ယင်းအဆိုကို လွှတ်

တော်သို့ တင်သွင်းခြင်းဖြစ်ကြောင်း ဦးရန်ရှင်းက ဆိုသည်။

စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် သဘာဝအတိုင်း ရှိသော ရေကန်များပျောက်ကွယ် လာရခြင်းသည် အများပိုင် မီးသတ်ကန်၊ ရေစုကန်၊ ရေစစ်ကန်များ ကို ထိန်းသိမ်းမှုအားနည်းခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ အပါအ၀င် ကျူးကျော်ဝင်ရောက်မှုများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များက စီမံကိန်းလုပ်ရန် ၀ယ်ယူ မြေဖို့ခြင်းတို့ပါဝင်ကြောင်း ဦးရန်ရှင်းက ဆိုသည်။

သဘာဝရေကန်များ၊ မီး သတ်ရေကန်များကို လုပ်ငန်းရှင် များက မြေဂရန်လျှောက်ထားရ ယူကာ မြေဖို့၍ အဆောက်အအုံ များ ဆောက်လုပ်ခြင်း၊ စီမံကိန်း များ ဆောင်ရွက်နေခြင်းကို တွေ့ ရှိရပြီး တစ်ဖက်၌ ဆိုးကျိုးရလဒ် များအရ ပတ်ဝန်းကျင်ရေကြီး ရေ လျှံမှုသည် ယခင်ကထက် ပိုမိုဖြစ် ပေါ်နေခြင်းနှင့် မြေအောက်ရေအရည်အသွေး ကျဆင်းလာကြောင်း ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးက ကနဦးထောက်ခံ ဆွေးနွေးထားသည်။

လက်ရှိ ကျင်းပနေသော ရန်ကုန်တိုင်းလွှတ်တော် ပဉ္စမပုံ မှန်အစည်းအဝေးတွင် လုပ်ငန်း မလုပ်ကိုင်သည့် နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများကို နိုင်ငံ တော်က ပြန်သိမ်းရန်အဆိုနှင့် ယခုသဘာဝရေကန်များ ပြန်လည်ဖော်ထုတ်ပေးရန် အဆိုနှစ်ခုသည်မှတ်တမ်းတင် လေ့လာစောင့် ကြည့်သည့်အဆင့်သာ ဖြစ်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service