မြန်မာ-ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရာတွင် အရေးပါမည့် ကညင်ချောင်းအထူးစီးပွားရေးဇုန်စီမံကိန်းစတင် - Property News in Myanmar from iMyanmarHouse.com
4345 Views

မြန်မာ-ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရာတွင် အရေးပါမည့် ကညင်ချောင်းအထူးစီးပွားရေးဇုန်စီမံကိန်းစတင်

မြန်မာ-ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်း အတွက် အရေးပါလာမည့် မောင် တောမြို့ ကညင်ချောင်းအထူးစီး ပွားရေးဇုန် တည်ဆောက်ခြင်း လုပ်ငန်းများကို ဒီဇင်ဘာတွင်စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။ကညင်ချောင်းအထူးစီးပွား ရေးဇုန်စီမံကိန်းလုပ်ငန်းဖွင့်ပွဲအ ခမ်းအနားကို ဒီဇင်ဘာ ၁ ရက်က ယင်းအထူးစီးပွားရေးဇုန်နေရာ၌ ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုက တက်ရောက်ဖွင့် လှစ်ခဲ့သည်။

ကညင်ချောင်းအထူးစီးပွား ရေးဇုန်သည် မောင်တောမြို့နယ် ၏ အနောက်မြောက်ဘက် နှစ်မိုင် ခန့်သာဝေးသည့် နတ်မြစ်နှင့် ကညင်ချောင်းဆုံရာ အရပ်တွင် တည်ရှိပြီး တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဆိပ်ကမ်းနှင့် လေးမိုင်ခန့် ကွာဝေးရှိသည်။

ကညင်ချောင်းအထူးစီးပွား ရေးဇုန်ကို ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အစိုးရမှ ကျပ်သိန်းခြောက်ထောင်နှင့် ပုဂ္ဂလိကမှ ကျပ်သိန်း လေးထောင် စုစုပေါင်း ကျပ်သိန်း တစ်သောင်းဖြင့် စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ် ပြီး ဆိပ်ခံတံတားနှစ်စင်းနှင့် ကုန် လှောင်ရုံအချို့ကို တည်ဆောက် ပြီးစီးခဲ့ကြောင်း ကညင်ချောင်းစီး ပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးအောင်မြင့် သိန်းက ပြောသည်။

‘‘ကညင်ချောင်းစီးပွားရေး ဇုန်တစ်ရပ်ပေါ်လာတာနဲ့အမျှ ဒီ ဒေသအတွက် အကျိုးအများကြီး ဖြစ်လာမှာပါ။ နိုင်ငံတစ်နိုင်ငံမှာ တည်ငြိမ်အေးချမ်းမှ စီးပွားရေး ကောင်းမှာ ဖြစ်သလို စီးပွားရေး ကောင်းမှလည်း နိုင်ငံတည်ငြိမ် အေးချမ်းမှာ ဖြစ်ပါတယ်။ တစ် ပြိုင်နက်တည်းကောင်းမွန်ဖို့ နိုင်ငံ တော်အစိုးရအနေနဲ့လည်း မူဝါဒ ချပြီး အကောင်အထည်ဖော်နေ တာရှိပါတယ်’’ဟု ပြည်နယ်ဝန် ကြီးချုပ် ဦးညီပုက ဖွင့်ပွဲအခမ်း အနားတွင် ပြောကြားခဲ့သည်။

ယခုစတင်အကောင်အထည်ဖော်သည့် လုပ်ငန်းစီမံကိန်းတွင် အစိုးရမှ ကျပ်သိန်း တစ်သောင်း ငါးထောင်နှင့် ပုဂ္ဂလိကမှ ကျပ် သိန်း ခုနစ်ထောင် စုစုပေါင်း ကျပ်သိန်း နှစ်သောင်းနှစ်ထောင်ရှိ ကြောင်း ဦးအောင်မြင့်သိန်းက ပြောသည်။

ကညင်ချောင်းစီးပွားရေးဇုန် ၌ သားငါး၊ ပုစွန်သိုလှောင်ထား နိုင်မည့် အအေးခန်းများ၊ အထည် ချုပ်စက်ရုံများ၊ ကုန်သွယ်မှုပြုနိုင် သော ရုံးခန်းများအပြင် စား သောက်ဆိုင်၊ တည်းခိုနေထိုင်နိုင် သော အဆောက်အအုံများလည်း ပါဝင်လာမည်ဖြစ်ပြီး အပိုင်း (၁) ဇုန် (A) ကို ပထမအဆင့်အနေဖြင့် မြေဧက ၅၀ ခန့်တွင် ဆောင်ရွက် မည် ဖြစ်သည်။

ယင်းနောက် အပိုင်း (၂) တွင်ပါဝင်သော ဇုန် (B)၊ ဇုန် (C) နှင့် ဇုန် (D) တို့ကို မြေဧကတစ်ရာ ကျော်ပေါ်တွင် ဆက်လက်အ ကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဦးအောင် မြင့်သိန်းက ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service