ရောင်းသူ၏ ခွင့်ပြုချက်ဖြင့် နေသူရှိသည့် အိမ်တိုက်ခန်းအား ၀ယ်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
1492 Views

ရောင်းသူ၏ ခွင့်ပြုချက်ဖြင့် နေသူရှိသည့် အိမ်တိုက်ခန်းအား ၀ယ်ခြင်း

Knowledge | Posted by Shwe Zin Win

မကြာမီက ဤဂျာနယ်တွင် အိမ်ငှားရှိသည့် အိမ်ကို ဝယ်မိလျှင် ဆောင်ရွက်ရမည့် အချက်များကို ဗဟုသုတအဖြစ်ရေးသား ခဲ့ပါသည်။ ယခုအခါ ရောင်းသူက ခွင့်ပြုချက်ဖြင့် နေထိုင်သူရှိနေ သည့် အိမ်ကို ဝယ်လျှင်မည်သို့ဖြစ် နိုင်သလဲဟု မိတ်ဆွေတစ်ဦး က မေးမြန်း လာပါသည်။

မှန်ပါသည်။ အိမ်၊ တိုက် ခန်း စသည့်အဆောက်အအုံများ ကို ဝယ်ယူသည့်အခါ အဆိုပါ ရောင်းချမည့် အဆောက်အအုံ တွင် ရောင်း ချမည့်သူ အခမဲ့ နေ ထိုင်ခွင့်ပြုထားသော သူများရှိ နေတတ်ကြသည်။

မူလကတော့ အိမ်၊ တိုက် ခန်းရောင်းမည်ဆိုလျှင် ချက်ခြင်း ဆင်းပေးပါမည်ဟု ကတိပြုကြ သော်လည်း အမှန်တကယ် အ ရောင်း အဝယ်ဖြစ်သည့်အခါ ရွှေ့ ပြောင်းရန်နေရာ အခက်အခဲရှိနေ ၍ တစ်လ၊ နှစ်လခန့် နေထိုင်ခွင့် ပြုပါဟု တောင်းဆိုသည့် ကိစ္စရပ် များ မကြာခဏဖြစ်လေ့ရှိပါသည်။ နောက်ပိုင်းတွင် အိမ်မှဆင်းမပေး တော့ဘဲ အိမ်ငှားအဖြစ်နေပါရစေ စသဖြင့် အခွင့်အရေးတောင်းလာ ရာမှ အိမ်နှင်လိုမှု စွဲဆိုရသည် လည်းရှိလာပေသည်။

ခွင့်ပြုချက်ဖြင့် နေထိုင်သူအားနှင် လိုခြင်း

အိမ်၊ တိုက်ခန်း လက် ရောက်ရှိသူက မည်သူ့ကိုမဆို ခွင့် ပြုချက်ဖြင့်ထားပိုင်ခွင့်ရှိပေသည်။ ထို့အတူ မိမိခွင့်ပြုထားသည့် ခွင့် ပြု ချက်ဖြင့် နေထိုင်ခွင့်ကိုလည်း မည်သည့်အချိန်တွင်မဆို ရုပ် သိမ်းနိုင်ပေသည်။ ထိုသို့ခွင်ပြု ချက်ဖြင့် နေထိုင်ခွင့်ကို ရုပ်သိမ်း ကြောင်း ခွင့်ပြုသူက ခွင့်ပြုချက် ဖြင့် နေထိုင်သူထံအကြောင်းကြား သော်လည်း နေထိုင်ခွင့်ပြုထား သည့် အဆောက်အအုံမှ ဖယ်ရှား မပေးဘဲ ဆက်လက်နေထိုင်ကြ သည်လည်းရှိပေသည်။

ထိုအခြေအနေတွင် အ ဆောက်အအုံမှ ဖယ်ရှားပေးရန် တရားစွဲဆိုရန်မှလွဲ၍ တခြားမရှိ တော့ပေ။

ဤတွင်ခွင့်ပြုချက်ဖြင့်ထားသူကခွင့်ပြုချက်ကို ရုပ်သိမ်းသည့်နေ့မှစ၍ ခြောက်နှစ်အတွင်း တရားစွဲဆိုရမည် ဖြစ်ပေ သည်။ ခြောက်နှစ် ကာလကျော်လွန်သွား ပါက တရားစွဲဆို ပိုင်ခွင့်ရှိမည် မဟုတ် သဖြင့် အဆောက်အအုံအား လက် လွတ်ဆုံးရှုံးသွားတတ်ပါသည်။

အမွေဆက်ခံသူသည် ခွင့်ပြုသူဖြစ် လာခြင်း

အိမ်၊တိုက်ခန်း၊ အဆောက် အအုံတွင် ခွင့်ပြုချက်ဖြင့် နေထိုင် ခွင့်ပြုရာတွင် နေထိုင်စဉ်ကာလအ တွင်း ခွင့်ပြုချက်ပေးသူ ကွယ်လွန် သွားပါက ၄င်း၏ အမွေဆက်ခံသူ တို့သည် ဥပဒေအရ ခွင့်ပြုချက် ပေးသူအဖြစ် အလိုအလျောက် ရောက်ရှိသွားမည်ဖြစ်ပါသည်။

''ဦးသိန်းအောင်ပါ ၂ ဦး နှင့် ဒေါ်ဝင်းပါ ၃ ဦး၊ ၁၉၈၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာ မျက်နှာ ၃၃၁'' အမှုတွင် ပစ္စည်း ကို အမွေဆက်ခံရရှိသူသည် ကွယ် လွန်သူအမွေရှင်က ယင်းပစ္စည်း တွင် အခမဲ့နေထိုင်ခွင့်ပြုသူအား မိမိ၏ အခွင့်အမိန့်အရ နေထိုင်သူ အဖြစ် ဖယ်ရှားခွင့်ရှိကြောင်းထုံး ဖွဲ့ လမ်းညွှန်ထားသည်ကို တွေ့ရပါ သည်။
အဆောက်အအုံဝယ်သူသည် ခွင့် ပြုသူဖြစ်မလာခြင်း

မကြာခဏဖြစ်တတ်သည့် သဘောမှာ အဆောက်အအုံဝယ် သူသည် အဆိုပါ အဆောက်အအုံ ကို လက်ရောက်ရရှိခြင်းမရှိဘဲ အိမ်ငှားဖြစ်စေ၊ ခွင့်ပြုချက်ဖြင့် ထားရှိနေသူဖြစ်စေ ရှိနေသည့် အိမ်၊ တိုက်ခန်း အဆောက်အအုံ ကို ဝယ်မိခြင်းဖြစ်သည်။

အထက်ပါ စီရင်ထုံးလမ်း ညွှန်အရ ခွင့်ပြုချက်ပေးသူ ကွယ်လွန်သွားပါက ၄င်း၏အမွေဆက်ခံ သူသည် အလိုအလျောက်ခွင့်ပြု ချက်ပေးသူဖြစ်လာသော်လည်း အဆောက်အအုံဝယ်လိုက်သူမှာမူ ခွင့်ပြုချက်ပေးသူအဖြစ် ဥပဒေအရ အလိုအလျောက်ဖြစ် မလာပေ။

ဤသည်နှင့် ပတ်သက်၍ တရားရုံးချုပ်မှ ဆုံးဖြတ်ထားသော ''ဦးစံသောင်းနှင့် ဦးအေးပါ ၂ ဦး၊ ၁၉၈၆ ခုနှစ် မြန်မာနိုင်ငံ တရား စီရင်ထုံး စာမျက်နှာ ၁ဝ၈'' အမှု မှာ ဦးအေးနှင့် ဇနီးဒေါ်အေးတို့က ဦးစံသောင်းအပေါ် အခမဲ့နေထိုင် ခွင့်ပြုထားသော တိုက်၏ အပေါ်ထပ်မှ ဖယ်ရှားပေးရန် တိုင်းတရားရုံးတွင် တရားစွဲဆိုရာ အနိုင်ဒီကရီ ရရှိခဲ့သဖြင့် ဦးစံသောင်းမှ တရား ရုံးချုပ်သို့ အယူခံ ဝင်လာသော အမှုဖြစ်သည်။

တရားရုံးချုပ်က သုံးသပ် ဆုံးဖြတ်သည်မှာ အချင်းဖြစ်တိုက် နှင့် မြေကွက်ကို ဦးစံသောင်း၏ အဘိုးဦးဘဦးထံမှ၊ ဒေါ်သန်းရွှေ က မှတ်ပုံတင်စာချုပ် ၁၆၆၆/၆၃ ဖြင့် ပထမဝယ်ယူခဲ့သည်။ ထို့ နောက် ဦးအေးနှင့် ဇနီးဖြစ်သူ ဒေါ်အေးတို့က အချင်းဖြစ် တိုက် နှင့် မြေကွက်ကို ဒေါ်သန်းရွှေထံမှ မှတ်ပုံတင်စာချုပ် အမှတ် ၁၇၂/ ၇ဝ ဖြင့် ထပ်မံဝယ်ယူခဲ့သည်။ ထို သို့ဝယ်ယူပြီးနောက် အချင်းဖြစ် တိုက်နှင့် မြေကွက်ကို ရောင်းချသူ ဒေါ်သန်းရွှေဝယ်စဉ်က အချင်း ဖြစ် တိုက်၏ အပေါ်ထပ်တွင် နေ ထိုင်ခွင့်ပြုထားသည့် ဦးစံသောင်း အပေါ် ဖယ်ရှားပေးရန် တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။

ဦးစံသောင်းကသူသည် အဘိုးဖြစ်သူ ဦးဘဦးမကွယ်လွန်မီ ကတည်းက အဘိုးနှင့်အတူ ပိုင် ရှင်တစ်ဦးအဖြစ်နေထိုင်လာခဲ့ သူသာဖြစ်သောကြောင့် ဦးအေးတို့ ၏ ခွင့်ပြုချက်ဖြင့် နေထိုင်သူမ ဟုတ်ကြောင်း ထုချေထားသည်။

မူလရုံးအမှုတွဲရှိ အထောက်အထားတို့အရ ဦးစံသောင်းသည် ဒေါ်သန်းရွှေ မဝယ်မီကတည်းက ဦးဘအေးနှင့်အတူ နေထိုင် ခဲ့သူ ဖြစ်ပြီး၊ ဦးအေးတို့က တရားစွဲဆို သည်အထိ အချင်းဖြစ်တိုက်အပေါ် ထပ်တွင် နေထိုင်လျက်ရှိသူဖြစ် ကြောင်း အမှုတွင် အငြင်း မပွားချေ။

ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၈ ပါပြဋ္ဌာန်း ချက်အရ ပစ္စည်းလွှဲပြောင်းပေး သောအခါ လွှဲပြောင်းပေးသည့် ပစ္စည်းနှင့်အတူ အကျိုးသက်ဆိုင် ခွင့်အရပ်ရပ်သည် လွှဲပြောင်းရရှိသူထံ ရောက်ရှိသွားသည်။

အကျိုးသက်ဆိုင်ခွင့်ဆိုသည်မှာ မရွှေ့မ ပြောင်းနိုင်သော ပစ္စည်းဖြစ်ပါက ထိုပစ္စည်းမှ ပေါ်ပေါက်သော ငှားရမ်းခများ၊ ကြွေးမြီများ စသည့် ဥပဒေနှင့်အညီ ခံစားခွင့်များသာ ဖြစ်သည်။ ပစ္စည်းပေါ်တွင် အခမဲ့ နေထိုင်ခွင့်ပြုခြင်းသည် ပစ္စည်းလွှဲ ပြောင်းခြင်း အက် ဥပဒေ ပုဒ်မ ၈ တွင် ရည်ညွှန်းထားသော လွှဲ ပြောင်းပေးသည့် ပစ္စည်းနှင့် စပ် လျဉ်း၍ လွှဲပြောင်းပေးနိုင်သည့် အ ခွင့်အရေး မဟုတ်ပေ။ ထို့ကြောင့် ပစ္စည်းကို ဝယ်သူသည် ဝယ်ယူ သည့် ပစ္စည်းတွင် ရောင်းသူ၏ ခွင့် ပြုချက်အရ နေထိုင်သူအား မိမိ၏ အခွင့် အမိန့်အရ နေထိုင်သူအဖြစ် ဖြင့် ဖယ်ရှားခွင့်ရှိမည် မဟုတ်ချေ။

သို့ဖြစ်၍ မူလပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့် နေထိုင်သူ ဦးစံ သောင်းအား ပစ္စည်းဝယ်ယူသူ ဦး အေးတို့ အနေဖြင့် ဖယ်ရှားခွင့်မ ရှိကြောင်း ဆုံးဖြတ်ခဲ့ပါသည်။

အထက်ပါ စီရင်ထုံးများအ ရ မူလပိုင်ရှင် (ရောင်းသူ) ၏ ခွင့် ပြုချက်ဖြင့် နေထိုင်သူရှိနေသည့် အိမ်၊ တိုက်ခန်းအဆောက်အအုံတို့ ကို မဝယ်သင့်ကြောင်းနှင့် အခန်း လွတ်ဖြစ်မှသာ ဝယ်ယူသင့်ကြောင်း အကြံပြုရေးသားလိုက်ပါသည်။

Credit : ထီယု (ဥပဒေအတိုင်ပင်ခံ)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service