ဧက ၂၅၀ ကျယ်သည့် မအူပင်စက်မှုဇုန် ခွင့်ပြုမိန့်ရ - Property News in Myanmar from iMyanmarHouse.com
3452 Views

ဧက ၂၅၀ ကျယ်သည့် မအူပင်စက်မှုဇုန် ခွင့်ပြုမိန့်ရ

ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည့် မအူပင်စက်မှုဇုန် တည်ဆောက်ရေးကို ကနေဦး ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၂၈သန်းကျော်ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်ပြီဟု ကော်မရှင်အတွင်းရေးမှုးဦးအောင်နိုင်ဦးက သတင်းထောက်များကို နိုဝင်ဘာ ဒုတိယပတ်က ပြောသည်။

မြေဧက ၂၅၀ နီးပါးပေါ်တွင် တည်ဆောက်မည့် အဆိုပါ စက်မှုဇုန်သည် ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့နယ် ၊ ညောင်ဝိုင်းကျေးရွာအုပ်စု အတွင်း တည်ဆောက်နေသည့် စက်မှုဇုန်သစ်ကြီး တစ်ခုလည်း ဖြစ်သည်။

‘ အခုကတော့ ကနေဦးအစ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။ နောက်ပိုင်း တည်ဆောက်မှုလုပ်ငန်းတွေ ထပ်ပြီးလုပ်ရင် ရင်းနှီးမြှုပ်နှံကလည်း ထပ်ပြီးတိုးရင်တိုးလာဦးမှာပါ ‘ ဟု ဦးအောင်နိုင်ဦးက ပြောသည်။

အဆိုပါ စက်မှုဇုန်သည် တရုတ်အခြေစိုက် Shanghal Yangon Investment Company Limited က ၅၅ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားပိုင် Maupin Development Public Ltd က ၃၀ ရာခိုင်နှုန်း နှင့် အခြားမြန်မာနိုင်ငံသားပိုင်း ကုမ္ပဏီ တစ်ခုဖြစ်သော Southern Middle Industry Co., Ltd က ၁၅ ရာခိုင်နှုန်းဖြင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ကြသည့် လုပ်ငန်းတစ်ခုလည်းဖြစ်သည်။

အဆိုပါစက်မှုဇုန်ကို ယခုနှစ် မေ ၉ ရက်ကပင် တည်ဆောက်ရေး လုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ ခွင့်ပြုချက်ကိုမူ နိုဝင်ဘာ ၁၀ ရက်မှသာ ရရှိခဲ့ခြင်း ဖြစ်သည်။

စက်မှုဇုန် အတွင်း၌ အဝတ်အစားနှင့် စပ်လျဉ်းသည့် စက်ရုံ ၄၂ ရုံအပြင် စားသောက်ကုန်လုပ်ငန်း စက်ရုံများ၊ အိမ်သုံးကုန်ပစ္စည်းထုတ်လုပ်မည့် စက်ရုံများပါဝင်ဖြစ်ရာ စုစုပေါင်း စက်ရုံ ၅၀ခန့် ကနေဦးတွင် ဖြစ်ပေါ်လာမည်ဖြစ်သည်။
ခွင့်ပြုမိန့်ရဖို့အတွက် လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက တင်ပြထားတာဖြစ်ပါတယ်။ ဒါပေမဲ့ မြေယာအထောက်အထားနဲ့ လုပ်ဆောင်ရမယ့် လိုအပ်ချက်တွေရှိနေလို့ ကြာနေတာဖြစ်ပါတယ်။

ကြာထဲးမှာတော့ တာဝန်ရှိလူကြီး သွားစစ်ဆေးပြီးတော့မှ အခုလို ခွင့်ပြုချက်ရသွားတာပါ ‘ ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန DICA ညွှန်ကြားရေးမှုး ဒေါ်မြစန္ဒာက သတင်းထောက်များကို ပြောသည်။

ယခုနှစ် မေလအတွင်းက ပြုလုပ်ခဲ့သည့် အဆိုပ် စက်မှုဇုန် တွင် စက်ရုံတည်ဆောက်မှုစတင်သည့် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံစီးပွားရေနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ထူး တက်ရောက်စစ်ဆေးးမှုများ ပြုလုပ်ခဲ့သေသည်။

ထိုကဲ့သို့ မအူပင်စက်မှုဇုန်ကို ခွင့်ပြုလိုက်ခြင်းကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားလုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည့် စက်မှုဇုန် လေးခုအထိ ရှိလာပြီဖြစ်သည်။

၎င်းစက်မှုဇုန်လေးခုအနက် လက်ရှိတွင် မင်္ဂလာဒုံစက်မှုဇုန်နှင့် I Land Industial Park ပဲခူးစက်မှုဇုန်တို့သည် အောင်မြင်မှုများရှိနေပြီး သီလဝါအထူးစီးပွားရေဇုန် အနီးရှိ သန်လျင်-ကျောက်တန်း စက်မှုဇုန်မှာမူ မအောင်မြင်သေးပေ ။

မြန်မာနိုင်ငံသား လုပ်ကိုင်သည့် စက်မှုဇုန်မှာ ကိုးခုထိရှိနေပြီး ကိုးကန့်စက်မှုဇုန် ၊ မြဝတီစက်မှုဇုန် ၊ မန္တလေး-မြို့သာစက်မှုဇုန်နှင့် တောင်ငူခရိုင်အတွင်းမှ စက်မှုဇုန်နှစ်ခုစသည့်တို့ ပါဝင်သည်။

ယင်းတို့ အနက် မြင်းခြံခရိုင်ရှိ မြေဧက တစ်သောင်းကျော်ပေါ်တွင် တည်ဆောက်ထားသည့် မန္တလေး-မြို့သာစက်မှုဇုန်သည် အောင်မြင်မှုမရှိဆုံးဖြစ်နေသည်။

အသေးစာစက်မှုဇုန်များ ဖော်ထုန်ရန်အတွက် ပဲခူခရိုင်အတွင်းရှိ လသာကုန်း ၊ လသာကျေးရွာ အနီးတို့တွင် စက်မှုဇုန် တစ်ခုနှင့် ဒဂုံမြို့သစ်ဆိပ်ကမ်း အရှေ့ပိုင်းမလစ်ကျေးရွာတွင် တည်ဆောက်မည့် စက်မှုဇုန်များကိုလည်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုထားသည် ။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service