ရန်ကုန်တိုင်းရှိ မြေယာမှုခင်းများကို နည်းပညာသုံး၍ စိစစ်ဖြေရှင်းမည် - Property News in Myanmar from iMyanmarHouse.com
2977 Views

ရန်ကုန်တိုင်းရှိ မြေယာမှုခင်းများကို နည်းပညာသုံး၍ စိစစ်ဖြေရှင်းမည်

ရန်ကုန်တိုင်းဒေသကြီး ရှိ မြေယာမှုခင်းများကို အလွယ် တကူ ဖြေရှင်းနိုင်ရန်နှင့် လုပ်ငန်း ဆောင်ရွက်မှု ပိုမိုအဆင်ပြေစေ ရန် နည်းပညာ အသုံးပြုမည် ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြော ကြားသည်။

န်ကုန်တိုင်း အစိုးရအဖွဲ့ အနေဖြင့် ၎င်းတို့ထံ တိုင်ကြား ထားသော မြေယာအမှုတွဲအား လုံးကို စာရွက်များဖြင့် ရှာဖွေ ကြည့်ရှုရသည့် စနစ်မှဒစ်ဂျစ်တယ် စနစ်ဖြင့် ဝင်ရောက်ကြည့်ရှုနိုင် ရန် ကိုယ်ပိုင်ကွန်ရက် (VPN ကွန် ရက်)တစ်ခု တည်ဆောက်ထား ပြီး တစ်ခါသုံး Password ဖြင့် ကြည့်ရှုနိုင်ရန် ဆောင်ရွက်မည် ဖြစ်သည်။

အမှုတွဲဖိုင်များကို ကြည့်ရှု ပါက အမှုတွဲများ၏ စတင်တိုင်ကြားသည့်အချိန်ကစ၍ လက်ရှိ အချိန်အထိ အဆင့်ဆင့်စိစစ် ထားမှုနှင့် နောက်ဆက်တွဲအခြေ အနေများ ကြည့်ရှုနိုင်မည်ဖြစ် သည်။

‘‘ဒီမြေယာပြဿနာတွေကို အမြန်ဆုံးဖြေရှင်းဖို့ဆိုရင် မြေယာ စိစစ်ရေးကော်မတီတွေက စနစ် တကျ စိစစ်ပိုင်ခွင့်ရှိတဲ့သူတွေက ဒီဖိုင်တွေကို သက်ဆိုင်ရာမြို့နယ် အလိုက် ဖိုင်တွဲအလိုက်ကို အလွယ်တကူ ကြည့်ခွင့်ရဖို့လိုပါ တယ်’’ဟု နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး သည် မြေယာပြဿနာအများဆုံး ဖြစ်ပွားနေသော တိုင်းဖြစ်ပြီး လက်ရှိ၌ မြေယာမှုခင်းဖိုင် တစ်သောင်းကျော် (၁၁,၈၂၈)အထိရှိနေသည်။

ထိုအမှုတွဲဖိုင်များထားရာတွင်အခန်းတစ်ခန်းအပြည့်နီးပါး ရှိသောကြောင့် ဖိုင်များ ပျောက်ရှ ခြင်း၊ ရှာမတွေ့ခြင်းနှင့် အချိန် ကြန့်ကြာခြင်း စသည့်ပြဿနာ များ ဖြေရှင်းနိုင်ရန် နည်းပညာ အသုံးပြုရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ဒီပြဿနာတွေကို မဖြေ ရှင်းဘူးဆိုရင် ဘယ်လို ဖွံ့ဖြိုးမှုမဆို လုပ်ရတဲ့နေရာမှာ အင်မတန်မှ ကြန့်ကြာပါတယ်။ အဲဒီတော့သက်ဆိုင်ရာမြို့နယ်ထွေ အုပ်တွေကတစ်ဆင့် ပါဝင်ပတ် သက်နိုင်တဲ့လူတွေ အကုန်လုံးက ဒီမြေယာဖိုင်တွေကို ဝင်ကြည့်ဖို့ တစ်ခါသုံး password နဲ့ SMS Gateway နဲ့သွားပါမယ်’’ဟု ၎င်း က ပြောသည်။

မြေယာပြဿနာများ ဖြေ ရှင်းရာတွင် နည်းပညာအသုံးပြု စိစစ်မည့်အပြင် ရရှိလာသည့် အခြေအနေပေါ်မူတည်၍ တိုင်းအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် (သို့ မဟုတ်) ဝန်ကြီးချုပ်၏ ဆုံးဖြတ် ချက်များ အတုပြုလုပ်ခြင်း မရှိ စေရန် QR Code စနစ်ဖြင့် ထုတ် ပြန်ပေးမည်ဟုဆိုသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service