တရုတ်ပြည် အကြီးမားဆုံးဘဏ်က ကွမ်ကျိုးအငှားအိမ်ရာဈေးကွက်ဖွံ့ဖြိုးရန် ကန်ဒေါ်လာ ၇၅ ဘီလီယံကျော် ထုတ်ချေးသွားမည် - Property News in Myanmar from iMyanmarHouse.com
4620 Views

တရုတ်ပြည် အကြီးမားဆုံးဘဏ်က ကွမ်ကျိုးအငှားအိမ်ရာဈေးကွက်ဖွံ့ဖြိုးရန် ကန်ဒေါ်လာ ၇၅ ဘီလီယံကျော် ထုတ်ချေးသွားမည်

တရုတ်နိုင်ငံ၏ ငွေကြေးအင်အားအတောင့်တင်းဆုံးဘဏ်ကြီးဖြစ်သော စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (ICBC) သည် တရုတ်ပြည်၊ ကွမ်ကျိုးမြို့ အိမ်ငှားဈေးကွက်ကို အကူအညီပေးနိုင်ရန်အတွက် ယွမ်ငွေ ၅၀၀ ဘီလီယံ (ကန်ဒေါ်လာ ၇၅ ဒသမ ၄ ဘီလီယံ) ထုတ်ချေးရန် ကမ်းလှမ်းလိုက်ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကွမ်ကျိုးတွင် နိုင်ငံပိုင် လူနေခန်းအငှားချထားရေးကုမ္ပဏီတစ်ရပ် တည်ထောင်ရန်အတွက် ICBC က ကမ်းလှမ်းလိုက်ခြင်းလည်း ဖြစ်သည်။

ICBC သည် ပေကျင်းအခြေစိုက်ဖြစ်ပြီး ကွမ်ကျိုးအခြေစိုက် ကုမ္ပဏီ ၂ ခုဖြစ်သည့် Yuexiu Group ၊ Pearl River Enterprises Group တို့နှင့်လက်တွဲကာ တရုတ်ပြည်တောင်ပိုင်း ကွမ်တုံပြည်နယ်၏ လူနေအိမ်ခန်း အငှားဈေးကွက်ကို ဖွံ့ဖြိုးစေရန် အကောင်အထည် ဖော်သွားရန် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် ချုပ်ဆိုထားခဲ့ပြီး ဖြစ်သည်။

ယခုအခါအဆိုပါဘဏ်က ကုမ္ပဏီ ၂ ခုတို့သို့ လူနေအိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် ချေးငွေချထားပေးရေး ကမ်းလှမ်းခြင်းလည်း ဖြစ်သည်။
လူနေအိမ်ရာများတွင် နေထိုင်မည့်သူများကိုလည်း ဘဏ္ဍာရေးအထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ICBC က ထုတ်ပြန်ထားသည်။

ယခုလအစောပိုင်းတွင် တရုတ်ဆောက်လုပ်ရေးဘဏ် (CCB) (တရုတ်ပြည်၏ ဒုတိယအကြီးမားဆုံးဘဏ်) သည်လည်း အငှားလူနေအိမ်ဈေးကွက်အတွက် ငွေထုတ်ချေးမှုများ ပြုလုပ်လာခဲ့သည်။

တရုတ်ပြည်တွင် ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့များသည် အငှားအိမ်ရာဈေးကွက်ဖွံ့ဖြိုးစေရန် စီမံကိန်းများကို ထုတ်ဖော်ကြေညာလာကြလျက်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည် အကြီးမားဆုံးဘဏ်က ကွမ်ကျိုးအငှားအိမ်ရာဈေးကွက်ဖွံ့ဖြိုးရန် ကန်ဒေါ်လာ ၇၅ ဘီလီယံကျော် ထုတ်ချေးသွားမည် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည် အကြီးမားဆုံးဘဏ်က ကွမ်ကျိုးအငှားအိမ်ရာဈေးကွက်ဖွံ့ဖြိုးရန် ကန်ဒေါ်လာ ၇၅ ဘီလီယံကျော် ထုတ်ချေးသွားမည် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည် အကြီးမားဆုံးဘဏ်က ကွမ်ကျိုးအငှားအိမ်ရာဈေးကွက်ဖွံ့ဖြိုးရန် ကန်ဒေါ်လာ ၇၅ ဘီလီယံကျော် ထုတ်ချေးသွားမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service