တန်ဖိုးငွေ (၂) ဘီလီယံကျပ်ခန့် ရောင်းချနိုင်ခဲ့သော Yadanar Myaing ၏ Royal Garden View ကွန်ဒို အရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
5087 Views

တန်ဖိုးငွေ (၂) ဘီလီယံကျပ်ခန့် ရောင်းချနိုင်ခဲ့သော Yadanar Myaing ၏ Royal Garden View ကွန်ဒို အရောင်းပြပွဲ

ရတနာမြိုင်ဆောက်လုပ်ရေးမှ တည်ဆောက်လျှက်ရှိသည့် နိုင်ငံတကာ အဆင့်မီ Royal Garden View Condominium ကို iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အထူးအရောင်းပြပွဲ တစ်ရပ်အား ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် အောင်မြင်စွာကျင်းပပြုနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအရောင်းပြပွဲ (၂) ရက်အတွင်း တန်ဖိုးငွေ (၂) ဘီလီယံကျပ်ခန့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့ က ဒီပြပွဲ (၂)ရက်အတွင်းမှာ တစ်ခါမှ မပေးဘူးတဲ့ အထူးနှုန်းနဲ့ ရောင်းချပေးခဲ့တာပါ။ ဝယ်သူတွေလည်း စိတ်ချမ်းသာပြီး ကျေနပ်ပါလိမ့်မယ်။ ” ဟု ရတနာမြိုင်ဆောက်လုပ်ရေးမှ ဒါရိုက်တာတစ်ဦးဖြစ်သူမှ ပြောကြားသွားသည်။

ဘိုးဘွားပိုင်မြေပေါ်တွင် တည်ဆောက်ထားသည့် ဦးထွန်းမြတ်လမ်းတွင်ရှိသော Royal Garden View ကွန်ဒိုသည် ရန်ကုန်မြို့ ၏ အထင်ကရ နေရာဖြစ်သည့် ကန်တော်ကြီးအနီးတွင် တည်ရှိပြီး အစိုးရရုံးများ ၊ နိုင်ငံခြား သံရုံးများသို့ အလွယ်တကူ သွားလာနိုင်သည်ဟုလည်း သိရသည်။

“ ရင်းနှီးမြှုပ်နှံချင်သူများ ၊ ကိုယ်တိုင်နေထိုင်လိုသူများ လာရောက် ဝယ်ယူကြတာ တွေ့ ရပါတယ်။ နေရာအားသာချက်ရှိတယ်။ မြေအမျိုးအစား ခိုင်မာတယ်။ ဈေးနှုန်းသင့်တယ်။ ဒီအချက်တွေကြောင့် ရောင်းအားကောင်းခဲ့တာပါ” ဟု အရောင်းပြပွဲကို စီစဉ်ကျင်းပသည့် မြန်မာနိုင်ငံ၏ နံပါတ်တစ်အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြပွဲနှင့် ပတ်သက်ပြီး သုံးသပ်ပြောကြားခဲ့သည်။

Yadanar Myaing Construction သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပမည့် iMyanmarHouse.com ၏ သတ္တမအကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန် အရောင်းပြပွဲကြီးတွင်လည်း Main Sponsor အဖြစ် ပါဝင်ပြသရောင်းချသွားရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တန်ဖိုးငွေ (၂) ဘီလီယံကျပ်ခန့် ရောင်းချနိုင်ခဲ့သော Yadanar Myaing ၏ Royal Garden View ကွန်ဒို အရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
တန်ဖိုးငွေ (၂) ဘီလီယံကျပ်ခန့် ရောင်းချနိုင်ခဲ့သော Yadanar Myaing ၏ Royal Garden View ကွန်ဒို အရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
တန်ဖိုးငွေ (၂) ဘီလီယံကျပ်ခန့် ရောင်းချနိုင်ခဲ့သော Yadanar Myaing ၏ Royal Garden View ကွန်ဒို အရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
တန်ဖိုးငွေ (၂) ဘီလီယံကျပ်ခန့် ရောင်းချနိုင်ခဲ့သော Yadanar Myaing ၏ Royal Garden View ကွန်ဒို အရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service