အဆောက်အဦးနှင့်ဆိုင်ရာ အမေးများသောမေးခွန်းနှင့် အဖြေများ - Property Knowledge in Myanmar from iMyanmarHouse.com
1603 Views

အဆောက်အဦးနှင့်ဆိုင်ရာ အမေးများသောမေးခွန်းနှင့် အဖြေများ

Knowledge | Posted by Si Thu Aung

Q - ခွင့်ပြုချက်မဲ့ အဆောက်အဉီများအားတရားစွဲဆိုသည့် အခါ အထပ်နိမ့်နှင့်အထပ်မြင့်တူညီမှုရှိပါသလား။

A - ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မည်သည့် အဆောက် အဉီမှ
ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ဆောက် လုပ်ခြင်းမပြုရပါ။
ပြုလုပ်ပါက တရားစွဲအရေးယူ ပါသည်။

Q - ပိုင်ဆိုင်မှုဂရန်တင်ပြနိုင်ခြင်းမရှိဘဲ အရပ်စာချုပ်ဖြင့်ခွင့်ပြု မိန့်လျှောက်ထားလာပါက ခွင့်ပြုပါသလား။

A - အရပ်စာချုပ်ဖြင့်ဆောက်လုပ်ခွင့်လျှောက်ထားပါကမြေရာဇဝင်ကို စိစစ်ပါသည်။မြေရာဇဝင် စိစစ်ချက် အရနိုင်ငံသားအမည်ပေါက်မြေဖြစ်ပါက
(၃)ထပ်ထိ ဆောက်လုပ်ခွင့်ပြုပါသည်။

Q - ခွင့်ပြုချက်မဲ့အဆောက်အဉီများ ဆောက်လုပ်ပြီးစီးမှသာဘာကြောင့်တရားစွဲပါသလဲ၊ မဆောက်လုပ်မီဘာကြောင့်တရားမစွဲပါသလဲ။

A - ခွင့်ပြုချက်မဲ့ဆောက်လုပ်မှုတွေ့ရှိပါကFoundation အဆင့်တွင်ပင် တားမြစ်ပါသည်။လိုက်နာခြင်းမရှိပါ ကတရားစွဲဆိုမှုကို စတင်ပြုလုပ်ပါသည်။

Q - အဆောက်အဉီ ဆောက်လုပ်သည့်အခါကားပါကင်ကို ဘယ်လိုအထပ်မြင့်တွေမှာ ခွင့်ပြုပါသလဲ၊ကားပါကင် ထည့်သွင်းမှုကို ဘယ်အချိန်က
စတင်ညွှန်ကြားခဲ့ပါသလဲ။

A - မြေကွက်အကျယ် (၅၀' x ၅၀') သို့မဟုတ်၂၅၀၀ စတုရန်းပေနှင့် အထက် ကျယ်သော မြေကွက်များတွင်အဆောက်အဉီ ဆောက်လုပ်ပါက
ကားပါကင် ထည့်သွင်းရန်လိုအပ်ပါသည်။(၁၃.၈.၂၀၁၂) ရက် နေ့မှစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

Q - အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်သည့်အခါခွင့်မပြုသည့်နေရာတွေက မည်သည့်နေရာများဖြစ်ပါသ လဲ။

A - ဆိတ်ငြိမ်ရပ်ကွက်များဖြစ်သည့်ရွှေတောင်ကြား၊ အင်းယားမြိုင်၊ သံလွင်လမ်း၊ အင်းယားလမ်း၊တက္ကသိုလ်ရိပ်သာလမ်း၊ ရွှေနှင်းဆီလမ်း၊ အေဝမ်း လမ်း
အစရှိသည့် အလားတူနေရာများဖြစ်ပါသည်။

Q - နိုင်ငံခြားသားအမည်ပေါက်နှင့် အဆောက်အဉီဆောက်မည်ဆိုပါက ခွင့်ပြုမိန့်မည်သို့လျှောက်ရမည်နည်း။

A - လိုင်စင်အင်ဂျင်နီယာ လက်မှတ်ရေးထိုးထားသည့်
အဆိုပြုပုံစံ(၃)စုံ၊မြေပိုင်ဆိုင်မှု အထောက်အထား၊သတ်မှတ်ထားသည့် လျှောက်လွှာများနှင့် အတူလျှောက်ထားရပြီးရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှပြည်ထဲရေးဝန်ကြီးဌာနသို့တင်ပြရ ပါသည်။

Q - ခြံစည်ရိုးနယ်နိမိတ်တိုင်းတာ မည်ဆိုပါကအရပ်စာချုပ် နှင့် တင်ပြလျှင်
ခွင့်ပြုနိုင်ပါသလား။

A - အရပ်စာချုပ်ဖြင့် ခြံစည်းရိုးနယ်နိမိတ်တိုင်းတာ၍ မရပါ။

Q - အဆောက်အဉီ ခိုင်ခံ့မှု စစ်ဆေးရေးအားမည်ကဲ့သို့ ဆောင်ရွက်ထားပါသလဲ။

A - အဆောက်အဉီ ခိုင်ခံ့မှုနှင့် ပတ်သက်၍လိုင်စင်ရ အဆောက်အအုံအင်ဂျင်နီယာမှတွက်ချက်တင်ပြလာ သည့် Structure Calculation ကို
ဌာနမှ စိစစ်ပေး ပါသည်။ခိုင်ခံ့မှုရှိပါက ခွင့်ပြုပေးပါသည်။
ခွင့်ပြု ပေးပြီးပါက မြေပြင်တွင်လည်းတွက်ချက် တင်ပြ ထားသည့်အတိုင်း ဆောက်လုပ်စေရန်အတွက်စစ်ဆေးကြပ်မတ်ပေးပါသည်။


Credit - ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service