စနစ်တကျ အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ - Property Knowledge in Myanmar from iMyanmarHouse.com
2239 Views

စနစ်တကျ အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

Knowledge | Posted by Zarni Kyaw

အိမ်နေရာထိုင်ခင်း အသစ်တစ်ခုအတွက် တစ်နေရာနဲ့ တစ်နေရာ ပြောင်းရွှေ့ကြတဲ့အခါ အိမ်ရဲ့ပရိဘောအသုံး အဆောင်တွေ ထုပ်ပိုးသယ်ဆောင်ရတဲ့နေရာတွေမှာ ဘယ်လိုအစီအစဉ်တကျ ထုပ်ပိုးပြီးပြောင်းရွှေ့ကြမလဲ ဆိုတာနဲ့ လွယ်လွယ်ကူကူ ပြောင်းရွှေ့နိုင်ကြမယ်ဆို တာက တကယ်တော့ ထင်သလောက်မလွယ်ကူပါဘူး။

အိမ်ထောင်ပရိဘောဂ အကြီးကြီးတွေကစလို့ ဟိုးအ သေးဆုံး အသေးအမွှားလေးတွေအထိထုပ်ပိုးသိမ်း ဆည်းတဲ့နေရာမှာ လွယ်ကူတဲ့အပိုင်းရှိသလို တချို့ ပစ္စည်းတွေက ထုပ်ပိုးသယ်ဆောင်တဲ့နေရာမှာ ခက်ခဲ တဲ့ အနေအထားတွေလည်း ရှိပါတယ်။ ထုပ်ပိုးမှုမလုံ ခြုံလို့ စနစ်မကျလို့ အချို့တန်ဖိုးကြီးပစ္စည်းတွေကျိုးပဲ့ ပျက်စီးရတာတွေ၊ ပြောင်းရွှေ့မှုစနစ်မကျလို့ အခေါက် ခေါက်အခါခါ ပြောင်းရွှေ့နေရလို့ လူပင်ပန်း၊ စိတ်ပင် ပန်းရတာတွေစသဖြင့် အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေ ရတတ်ပါတယ်။

ဒါ့ကြောင့် ဒီလိုမျိုးနေအိမ်တွေပြောင်းရွှေ့တဲ့အခါ အသုံး အဆောင် ပစ္စည်းတွေကို ဘယ်လိုမျိုးစည်းစနစ် တကျ ထုပ်ပိုးပြီး အလွယ်တကူ ပြောင်းရွှေ့လို့ရနိုင်မယ်ဆိုတဲ့ နည်းလမ်းကောင်းလေးတချို့ကိုပြောပြပေးချင်ပါတယ်။

၁။ အိမ်ပြောင်းရွှေ့မှုအတွက် မနက်ပိုင်းစောစောအချိန် ကတည်းကစတင်ပါ။ မိုးလင်းအချိန်ကတည်းကနေ ည နေပိုင်း မိုးချုပ်တဲ့အချိန် အထိယူထားတယ်ဆိုတော့ ပြောင်းရွေ့ဖို့အတွက် လောက်ငတဲ့ အချိန်ကိုရရှိနိုင်မှာ ဖြစ်ပြီး နေ့ဘက်ဆိုတော့ပိုပြီးတော့ပြောင်းရွှေ့ရအဆင် ပြေနိုင်မှာပါ။

၂။ ပြောင်းရွှေ့ရမယ့်ပစ္စည်းတွေရဲ့ စာရင်းလုပ်ပါ။ တကယ်တမ်းအရေးပါတဲ့ တန်ဖိုးကြီးအသုံးအဆောင်၊ ဂရုတစိုက်သယ်ဆောင်မယ့် ကွဲရှလွယ်၊ ပျက်စီးလွယ် ပစ္စည်းစာရင်း၊ အရင်ပြောင်းရွှေ့ရမယ့် ပရိဘောဂကြီး ကြီးမားမားနဲ့ အိမ်ခန်းနေရာသစ်မှာ ထားရှိမယ့်ယာယီ အထားအသို၊ နောက်ပြီး ဟောင်းနွမ်းပျက်စီးနေလို့စွန့် ပစ်ချန်ထားမယ့် အပျက်အစီးတွေ စတာတွေအတွက် စာရင်းလုပ်ပါ။

၃။ ပရိဘောဂ အသုံးအဆောင်တွေကို စနစ်တကျလုံ လုံခြုံခြုံထုပ်ပိုးပါ။ ကတ်ထူ စက္ကူပုံးတွေ၊ ပလက်စတစ် ခြင်းတောင်း၊ ပုံးတွေ၊ နောက် ခိုင်ခိုင်ခံ့ခံ့ရှိတဲ့ အိတ်တွေ စတာတွေက ဒီနေရာမှာအရမ်းကို အသုံးဝင်ပါတယ်။ ခိုင်ခံ့တဲ့ ကြိုးခွေတွေ၊ ပလက်စတစ်တိတ်တွေ၊ ပါကင် တိတ်တွေ၊ စတဲ့ အရာတွေကို
မဖြစ်မနေအသုံးပြုရမှာ ဖြစ်တဲ့အတွက် ဆောင်ထားသင့်ပါတယ်။

၎။ ထိခိုက်ကွယ်အက်လွယ်တဲ့ ပန်းအိုး၊ ကြွေထည် ပစ္စည်း၊ပန်းကန်၊ မီးလုံး၊ဖန်ချောင်း၊ မှန်ဘောင်တွေ၊ ဖန်ချပ် စတဲ့အရာတွေကို ထူထူထဲထဲရှိတဲ့ ပလက်စတစ် အိပ်တွေ၊ဖော့လိပ်တွေ၊စက္ကူရွက်တွေက ထုပ်ပိုးသိမ်း ဆည်းရလွယ်ကူပြီး လုံလုံခြုံခြုံရှိစေပါတယ်။

၅။ တိုလီမိုလီ ပစ္စည်းအတိုအစတွေကို တစ်စုတစ်စည်း ထဲအမျိုးအစားအလိုက်သိမ်းဆည်းထုပ်ပိုးပါ။ ဥပမာ အ လှပြင်ပစ္စည်း၊ ဆေးဝါးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း အိုး ခွက်စသည်၊ အပ်ချုပ်စက်ပစ္စည်း အသုံးအဆောင် ပစ္စည်း၊ ချည်လုံး၊ ပိတ်စ၊ လျှပ်စစ်ပစ္စည်း၊ အသုံးအ ဆောင် မီးကြိုး၊ မီးခွေ၊ စာအုပ်စာတန်းနဲ့ ပတ်သက်တဲ့ အသုံးအဆောင်၊ အိမ်မွေးတိရစ္ဆာန်မွေးထားသူတွေက သူတို့လေးတွေရဲ့အသုံးအဆောင် စသဖြင့် သီးခြား ထုပ်ပိုးပြီး သိမ်းဆည်းပြောင်းရွှေ့မယ်ဆိုရင် နေရာအ သစ်ပြန်ချတဲ့ အခါရှာဖွေရလွယ်ကူပြီး မြန်မြန်ဆန်ဆန်ပဲ နေရာပြန်ချရလွယ်ကူမှာလည်း ဖြစ်ပါတယ်။

၆။ အိမ်ပြောင်းရွှေ့မှုလုပ်ငန်း ကိုယ်ကိုတိုင်ပြောင်းရွှေ့ တာပဲဖြစ်ဖြစ်၊ ဒီနေ့မှာခေတ်စားလာတဲ့ ပြောင်းရွှေ့မှု လုပ်ငန်းလုပ်ကိုင်နေတဲ့ အဖွဲ့တွေနဲ့ပဲဖြစ်ဖြစ် လုပ်ဆောင် ကြတော့မယ်ဆိုရင်
ပစ္စည်းတွေရဲ့လုံခြုံစိတ်ချရမှုကို အ ဓိက ဦးစားပေးဆောင်ရွက်သင့်ပါတယ်။ တန်ဖိုးကြီးတဲ့ ပစ္စည်းအသုံးအဆောင်၊ အရေးတကြီးအသုံးဝင်တဲ့ အရာတွေ ပျောက်ရှကွဲအက်တာတို့ ဖြစ်သွားမယ်ဆိုရင် အစားထိုးပြန်ရဖို့ မလွယ်ကူနိုင်တော့တာကြောင့် ဂရုတ စိုက်ပြောင်းရွှေ့သင့်ပါတယ်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service