တိုက်ခန်းဧရိယာကို ချွေတာနိုင်မယ့် နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
2544 Views

တိုက်ခန်းဧရိယာကို ချွေတာနိုင်မယ့် နည်းလမ်းများ

Knowledge | Posted by Aye Myat Thu

ယနေ့ခေတ်ဟာ နည်းပညာခေတ်လို့ပြောရလောက်အောင် နည်းပညာတွေဟာ နယ်ပယ်ကဏ္ဍ အသီးသီးမှာ တိုးတက်မြင့်မား နေတာကိုတွေ့ရှိရပါတယ်။
နည်းပညာတွေရဲ့ ကျေးဇူးကြောင့် အချိန်တွေ၊ လုပ်အားတွေ၊ အရင်းအနှီးတွေကို ချွေတာကာ လုပ်ငန်းစဉ်တွေ တိုးတက်မြင့်မားလာတာတွေ့လာရပါတယ်။

အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးကဏ္ဍများတွေမှာလည်း နည်းပညာရဲ့
အသီးအပွင့်တွေ ရရှိခံစားရတဲ့ သာဓကများစွာရှိခဲ့ပါတယ်။

အဲဒီထဲကမှ အချို့သော နည်းလမ်းတွေဟာ ခက်ခက်ခဲခဲမဟုတ်ဘဲ မိမိအိမ်၏
ကြမ်းခင်းဧရိယာကို ပြင်ဆင်ပေးရုံမျှနဲ့ စိတ်ချမ်းသာမှု ပေးနိုင်တာကိုတွေ့ရှိရမှာ
ဖြစ်ပါတယ်။

(၁) ဘေးတိုက်တံခါးနှင့် ဘေးတိုက်ပွင့်ပြတင်းပေါက်များ
တပ်ဆင်ခြင်း

* သာမရိုးကျတံခါးတွေနဲ့ ပြတင်းပေါက်တွေဟာ တွန်းဖွင့်၊ တွန်းပိတ်ရတဲ့အတွက် နေထိုင်မှုဧရိယာအချို့ကို မလွဲမသွေသုံးစွဲရမှာဖြစ်ပါတယ်။
* အခုလိုဘေးတိုက်ဖွင့်တံခါးနဲ့ ဘေးတိုက်ဖွင့်ပြုတင်းပေါက်တွေ
တပ်ဆင်အသုံးပြုမယ်ဆိုရင် အခန်းဧရိယာရဲ့(၂၀) ရာခိုင်နှုန်းကနေ (၃၀) ရာခိုင်နှုန်းလောက်အထိ ကိုယ့်အိမ်နေရာကို ပိုကျယ်လာမှာဖြစ်ပါတယ်။

(၂) နံရံကပ်ခေါက်စားပွဲများ တပ်ဆင်အသုံးပြုခြင်း

* ထမင်းစားပွဲတွေ၊ စာကြည့်စားပွဲတွေကို တစ်ဖက်မှာ နံရံကို အသေတပ်ဆင်ထားပြီး အခြားတစ်ဖက်မှာ ဒေါက်တိုင်တွေနဲ့ တပ်ဆင်ထားရပါမယ်။
* ဒါဆိုရင် ထမင်းစားပွဲ၊ စာကြည့်စားပွဲတွေအတွက် သီးခြားနေရာ ပေးစရာမလိုတော့တဲ့အတွက် အိမ်နေရာ ပိုကျယ်လာစေမှာပါ။
* တကယ်လို့ အသုံးပြုဖို့ လိုအပ်ရင် မတင် ဒေါက်ထောက်အသုံးပြုပြီး
မလိုအပ်ဘူး ဆိုရင် အောက်ချဘေးကပ်ထားလိုက်ရုံနဲ့ နေရာအလွတ်တွေထွက် ပေါ်လာမှာပါပဲ။

(၃) ရေချိုးခန်းနှင့် အိမ်သာပူးတွဲထားရှိခြင်း

* ရေချိုးခန်းတို့ အိမ်သာတို့ဆိုတာ အသုံးပြုချိန်ဟာ တနေကုန်မှာ များစွာကြာမှာမဟုတ်ပါဘူး။
* လူတစ်ယောက်အတွက် ရေချိုးချိန်တစ်ရက် ၂ ကြိမ်နဲ့ အိမ်သာဝင်ချိန်တွေဟာ တစ်နေ့လုံးမှာမှ ၁ နာရီလောက်ဘဲ ရှိတာဖြစ်ပါတယ်။
* ဒါကြောင့် အချိန်ပိုင်းသာ အသုံးပြုမယ့် ရေချိုးခန်းနဲ့ အိမ်သာကို ၂ ခန်း အစား၊ ၁ ခန်းထဲ အသုံးပြုတဲ့အတွက် နေရာအကျယ်အ၀န်းကို
များစွာချွေတာနိုင်မှာ ဖြစ်ပါတယ်။

(၄) လှေကားအောက်ဖက်ကို အသုံးချကြပါ

* အောက်ထပ်မှ အပေါ်ထပ်ကို လှေကားနဲ့ တက်ကြရမှာဖြစ်ပါတယ်။
* လှေကားခွင် အောက်ဖက်တခုလုံးကို အမျိုးမျိုးအသုံးချပြီး နေရာလွတ်လပ်မှုမရှိအောင် စီမံဖန်တီးအသုံးချရမှာပါ။
* လှေကားခွင် အမြင့်ပိုင်းတွေဟာ ဘီရိုတွေထားရှိပြီး အနိမ့်ပိုင်းတွေမှာ ဖိနပ်စင်လိုမျိုးတွေကို ထားလိုက်ရင် နေရာလွတ်ထွက်လာမှာသေချာပါတယ်။

(၅) ၂ ထပ် အိပ်စင် ၃ ထပ်အိပ်စင်တွေ တပ်ဆင်ခြင်း

* ဖြုတ်နိုင်တပ်နိုင်တဲ့ ၂ ထပ်အိပ်စင်တွေ၊ ၃ ထပ်အိပ်စင်တွေဟာလည်း အခန်းဧရိယာကို ချွေတာတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။
* အိပ်စင်တွေကို နံရံတစ်ဖက်မှာ အသေတပ်ထားပြီး အဆင်းအတက်လှေကားတွေ၊ ဘေးကာတန်းတွေတပ်ပြီး ထားလိုက်မယ်ဆိုရင် အခန်းနေရာ
လွတ်တွေ ထွက်လာပြီပေါ့။

(၆) ဘီရိုပေါ်မှာ ဘုရားစင်ထားလိုက်ရင်

* ဘုရားစင်ပူဇော်ဖို့ နေရာသီးသန့်မလိုဘဲ၊ ဘီရိုနဲ့တွဲလျက်ဘုရားစင်တွေကို တပ်ဆင်အသုံးပြုမယ်ဆိုရင် ဧရိယာများစွာ သက်သာစေမယ့် နည်းလမ်းဘဲဖြစ်ပါတယ်။

အခြားသော အခန်းဧရိယာ ချွေတာစေမယ့် နည်းလမ်းတွေရှိသေးပေမယ့်
ကျွန်တော်တို့နိုင်ငံနဲ့ ကိုက်ညီတဲ့ နည်းလမ်း (၆) ခုကို အသုံးပြုမယ်ဆိုရင်
ကျွန်တော်တို့ဆီမှာ အများဆုံးရှိတဲ့ စတုရန်းပေ ၆၀၀ အခန်းလေးတွေမှာ နည်းနည်းတော့အသက်ရှူ မွန်းကြပ်မှုသက်သာနိုင်စေမယ်လို့ ထင်မိပါတယ်။

Credit - မြန်မာ့အိမ်ခြံမြေ သတင်းဌာန

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service