သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တဲ့ ဉာဏ်ရည်ပိုကောင်းစေမယ့် အလေ့အထ (၆) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
2484 Views

သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တဲ့ ဉာဏ်ရည်ပိုကောင်းစေမယ့် အလေ့အထ (၆) မျိုး

Knowledge | Posted by Aye Myat Thu

ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဦးနှောက်လှိုင်းတွေနဲ့ ခံစားချက်တွေကို ထိန်းချုပ်ပေးနိုင်တယ်။ ကျွန်တော်တို့တွေရဲ့ ဆန္ဒတွေကအစ ဘယ်လို ခံစားမှုမျိုးတွေကိုမဆို ကောင်းကောင်း ပဲ့ထိန်းပေးနိုင်တယ်။

အရင်ကတော့၊ လူတွေဟာ သူဟာနဲ့သူ ဉာဏ်ရည်အလွှာအမျိုးမျိုးနဲ့ သတ်မှတ်မွေးဖွားလာခဲ့ကြပြီး ကျွန်တော်တို့တွေသာ ဘဝတစ် လျှောက်မှာ အကောင်းဆုံးတွေကို လုပ်ဆောင်နိုင်ခဲ့ရင် ကျွန်တော်တို့ရဲ့ စွမ်းရည်သတ္တိ တွေဟာလည်း မြင့်တက်လာလိမ့်မယ်လို့ ယုံကြည် မိခဲ့ကြတယ်။ အခုတော့ သိပ္ပံပညာရှင်တွေက ဒီယုံကြည်မှုဟာ မှားယွင်းတယ်ဆိုတာကို သက်သေပြခဲ့ကြတယ်။

ဘယ်သူမဆို ကိုယ်စွမ်းကိုယ်စတွေ အမှန်တကယ် တိုးမြင့်လာချင်တယ်ဆိုရင် ကိုယ်တိုင်ကိုယ်ကျ လုပ်ယူပျိုးထောင်နိုင်တယ်ဆိုတာ ဖော်ထုတ်ပြခဲ့ကြပါတယ်။ သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုတွေအရ အကြံပြုပေးထားတဲ့အထဲက သင့်ကို ဉာဏ်ရည် ပိုထက်လာစေပြီး စမတ်ကျတဲ့လူတစ်ယောက် ဖြစ်လာအောင် လုပ်ဆောင်ပေးနိုင်တဲ့ အလေ့အထ (၆) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဘာ့ကြောင့် ဖြစ်စေနိုင်တာလဲဆိုတာကိုလည်း အကျဉ်းချုပ်မျှ ဖော်ပြပေးထားပါတယ်။ လေ့လာကြည့်ပါ။

(၁) ဂီတတူရိယာတစ်မျိုးမျိုး တီးမှုတ်ပါ

ဂီတတူရိယာတစ်မျိုးမျိုး တီးမှုတ်နေခြင်းဟာ တီထွင်ဖန်တီးမှုတွေ ကောင်းလာစေနိုင်ပါတယ်။ ခွဲခြမ်းစိတ်ဖြာနိုင် စွမ်းတွေနဲ့ ဘာသာစကား စွမ်းရည်တွေလည်း မြင့်တက်လာနိုင်ပြီး ကစားပွဲတွေမှာလည်း ယှဉ်ပြိုင်နိုင်စွမ်းတွေ မြင့်တက်လာစေနိုင်ပါတယ်။ အဲဒီလိုပဲ အခြားသော စကေးမြောက်မြားစွကိုလည်း ကောင်းမွန်လာအောင် ကူညီ ပေးနိုင်ပါတယ်။
ဘယ်လိုဂီတတူရိယာမျိုးကိုမဆို တီးမှုတ်နေခြင်းက ဦးနှောက်နှစ်ခြမ်းကို ချိတ်ဆက်ပေးထားတဲ့ နာဗ်ကြောဆက်ခေါ် အာရုံကြော မြွှာဆုံကို အားပိုကောင်း လာစေပါ တယ်။ ဒီအာရုံကြောမြွှာဆုံလေး တိုးတက် လာတဲ့အတွက် အသက်အရွယ်အားဖြင့် ဘယ်လောက် ပင် ကြီးရင့်နေပါစေ စီမံခန့်ခွဲလုပ်ဆောင်နိုင်မှုစကေးတွေ၊ မှတ်ဉာဏ်စွမ်းအားတွေ၊ ပြဿနာဖြေရှင်းနိုင်မှု စွမ်းရည်တွေနဲ့ ဦးနှောက် လုပ်ဆောင်ချက်အားလုံးကို ကောင်းမွန် လာအောင် ကူညီပေးနိုင်ပါတယ်။

(၂) ဘယ်စာမျိုးကိုမဆို ဖတ်ပါ

စာဖတ်တဲ့နေရာမှာ ဝတ္ထုတွေပဲ ဖတ်ဖတ်၊ ဂျာနယ်တွေ မဂ္ဂဇင်းတွေပဲ ဖတ်ဖတ်၊ ကဗျာတွေ ဆောင်းပါးတွေပဲ ဖတ်ဖတ်၊ ဘယ်စာမျိုး မဆို ဖတ်နိုင်မယ်၊ ဖတ်တတ်မယ်ဆိုရင် စာဖတ်ခြင်းရဲ့ အကျိုးအမြတ်တွေကတော့ အားလုံး အတူတူပါပဲ။ စာဖတ်ခြင်းက စိတ်ဖိစီးမှု ကို လျှော့ချပစ်နိုင်တဲ့အတွက် စာဖတ်ခြင်းက သင့်ကိုယ်သင် လည်း ပိုကောင်းလာအောင် လုပ်ဆောင်ပေးနိုင်ပြီး crystallised, fluid and emotional ဆိုတဲ့ Intelligence သုံးမျိုးကိုလည်း တိုးလာစေနိုင်ပါတယ်။
အဲဒီလိုတိုးလာစေတဲ့အတွက် ပြဿနာဖြေရှင်းနိုင်မှု စွမ်းရည်တွေ ပိုကောင်းလာစေနိုင်သလို အသိပညာဗဟုသုတ အပိုင်းအစလေး တွေကိုလည်း တစ်စုတစ်စည်းတည်း ထားပေးနိုင်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်ထဲမှာလည်း နားလည်နိုင်စွမ်း ပိုကောင်းလာစေ နိုင်ပါတယ်။

(၃) လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ

တစ်ခါတလေမှ တစ်ယောက်တည်း လေ့ကျင့်ခန်းလုပ်ပေးတာမျိုးဟာ အထာသိပ်မကျလှပါဘူး။ ပုံမှန်လေး လုပ်ပေးနိုင်မယ်ဆိုရင် အမြဲတမ်း အလုပ်ကြိုးစားပန်းစား လုပ်ဆောင်နေတာထက် ပိုပြီးတော့ အတော်လေးကို ထိရောက်စေနိုင်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့အခါမှာ ဦးနှောက်မှတ်ဉာဏ်တွေ၊ သင်ယူမှုတွေ၊ အာရုံစိုက်မှုတွေ၊ ဈာန်ဝင်စားမှုတွေနဲ့ နားလည်တတ်မြောက်မှုတွေကို အထောက်အကူဖြစ်စေနိုင်တဲ့ ဦးနှောက်ထဲရှိ ဆဲလ်တွေနဲ့ အရည်တွေကိုလည်း ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးနေသလိုပဲ ဖြစ်ပါတယ်။

(၄) ဘာသာစကား အသစ်တစ်မျိုးလောက် သင်ယူပါ

သင့်ရဲ့ဦးနှောက်မှတ်ဉာဏ်တွေကို တိုးတက်ကောင်းမွန်စေဖို့အတွက် puzzles game တွေ ကစားနေတာထက် မိခင်ဘာသာမဟုတ် တဲ့ နိုင်ငံခြားဘာသာစကား တစ်မျိုးမျိုးကို သင်ယူပါ။ ဘာသာစကားအသစ်တစ်မျိုးမျိုးကို အောင်အောင်မြင်မြင်နဲ့ သင်ယူနိုင်ခြင်း ဟာ သင့်ရဲ့ ဦးနှောက်ကိုလည်း စိတ်ပိုင်းဆိုင်ရာ အသုံးချပြီး လုပ်ဆောင် ရတဲ့ ဘယ်လိုတာဝန်မျိုးမှာမဆို လုပ်ဆောင်ချက် ပိုမို ကောင်းမွန်လာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။

(၅) ဘဝတစ်လျှောက် သင်ယူခဲ့သမျှကို ပြန်စစ်ဆေးပေးပါ

နေ့စဉ်ဘဝအတွက်နဲ့ လုပ်ငန်းခွင်အတွက်ကို သင်လေ့လာဆည်းပူးခဲ့သမျှထဲက အရေးပါတဲ့ အသိပညာ ဗဟုသုတလေး နည်းနည်း လောက်ကို ထိန်းသိမ်းတည့်မတ်ပေးခြင်းဖြင့် သင်ယူခဲ့သမျှထဲက ကွင်းဆက်တွေကို ပြန်လည်အသုံးချပါ။ ဘဝတစ်လျှောက် သင်ယူ ဆည်းပူးခဲ့သမျှကို ရောနှောပေါင်းစည်းပြီး တိုးတက်မှုဖြစ်လာ အောင် ကိုယ်တိုင်ကိုယ်ကျ စတင်သင်ယူလိုက်ပါ။

(၆) တရားထိုင်ပါ

ရည်မှန်းချက်ကြီးသူတွေအတွက်ဆိုရင် တရားထိုင်ခြင်းကလည်း စိတ်ဝင်စားစရာတစ်ခုလို ဖြစ်လာပါတယ်။ ဘာ့ကြောင့်လဲဆိုရင် တရားထိုင်ခြင်းက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဦးနှောက်လှိုင်းတွေနဲ့ ခံစားချက်တွေကို ထိန်းချုပ်ပေးနိုင်တယ်။ ကျွန်တော်တို့တွေရဲ့ ဆန္ဒတွေကအစ ဘယ်လို ခံစားမှုမျိုးတွေကိုမဆို ကောင်းကောင်း ပဲ့ထိန်းပေးနိုင်တယ်။ ဒီလိုထိန်းချုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ တွေ ညှိနှိုင်းမှုတွေ မပြုလုပ်ခင်မှာ ကောင်းမွန် မှန်ကန်တဲ့ စွမ်းအားတွေကို ခံစားရရှိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီးတော့ ယုံကြည်မှုအား ကောင်းလာပါလိမ့်မယ်။

Credit: Duwun

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service