အိပ်ရာမဝင်ခင်မှာ အောင်မြင်သူတွေ လုပ်လေ့ရှိတဲ့ အလေ့အထ (၅) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
2909 Views

အိပ်ရာမဝင်ခင်မှာ အောင်မြင်သူတွေ လုပ်လေ့ရှိတဲ့ အလေ့အထ (၅) မျိုး

Knowledge | Posted by Shwe Zin Win

အောင်မြင်သူတွေအတွက် အလုပ်နဲ့ ကိုယ်ပိုင်ဘဝ အကြားမှာ အချိန်စီမံဖို့က အခက်အခဲတစ်ခုလို ဖြစ်တတ်ကြပါတယ်။

အိပ်ရာမဝင်ခင်မှာ ကိုယ်နဲ့အနီးဆုံးနေ့ရက်တွေက တွေ့ခဲ့မြင်ခဲ့၊ ကြားခဲ့သိခဲ့သမျှကို ပြန်ပြောင်းတွေးတောမိပြီး နောက်တစ်နေ့ အတွက် အစီအစဉ်တွေချမှတ်နေတတ်ကြပါတယ်။ အဲဒီလို ပြန်ပြောင်းတွေးတောခြင်းဟာလည်း စိတ်ကို တည်ငြိမ်မှုဖြစ်စေပြီး အေးအေးလူလူနဲ့ အိပ်ပျော်သွားစေနိုင်ပါတယ်။
ရှာဖွေတွေ့ရှိချက်တွေနဲ့ အောင်မြင်သူတွေရဲ့ ပြောပြချက်အရဆိုရင်တော့ အောင်မြင်သူတွေမှာ သူတို့တွေ အိပ်ရာမဝင်ခင်မှာ လုပ်လေ့လုပ်ထရှိတဲ့ အလေ့အထ (၆) မျိုးရှိကြတာကို တွေ့ရပါတယ်။ လေ့လာကြည့်ပါ။

(၁) မိသားစုကို အချိန်ပေးခြင်း

တစ်ခါတလေကျတော့ အိမ်အထိ အလုပ်တွေက ပါလာတတ်ကြတော့ အောင်မြင်သူတွေအတွက် အလုပ်နဲ့ ကိုယ်ပိုင်ဘဝ အကြားမှာ အချိန်စီမံဖို့က အခက်အခဲတစ်ခုလို ဖြစ်တတ်ကြပါတယ်။
ဒါပေမဲ့ စိတ်ဖိစီးမှုတွေ လျော့ကျသွားစေဖို့အတွက် မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်လေးဖဲ့ပေးဖို့ လိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် သင့်မိသားစုကို အချိန်များများ ပေးပါ။

(၂) စာဖတ်ခြင်း

အောင်မြင်သူတိုင်းလိုလို စာဖတ်နာတာကို တွေ့ရပါတယ်။ ပြောရမယ်ဆိုရင် အောင်မြင်သူ အများစုဟာ စာတော်တော် ဖတ်နိုင်သူ တွေ ဖြစ်ကြပါတယ်။ စာဖတ်တဲ့အခါမှာလည်း သူတို့အလုပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ စာအုပ်တွေချည်းပဲ ဖတ်လေ့မရှိတတ်ကြပါ ဘူး။ စိတ်ခွန်အားဖြစ်စေမယ့် စာတွေကို အများဆုံး ဖတ်လေ့ရှိကြပါတယ်။
ဆိုလိုတာက သူတို့ဟာ သူတို့အလုပ်နဲ့ဆက်နွှယ်တဲ့ သုတစာပေတွေတင်မဟုတ်ဘဲ အခြားသော ရသစာပေတွေနဲ့ သူတို့ရဲ့ အမြင် တွေ၊ အတွေးအခေါ်တွေကို တက်စေမယ့် စာပေတွေကိုလည်း အားစိုက်ဖတ်တတ်ကြတာ ကို တွေ့ရပါတယ်။
ဥပမာ၊ စိတ်ကူးယဉ် ဝတ္ထုတစ်ပုဒ်ကို ဖတ်လိုက်ခြင်းဟာ သူတို့အလုပ်နဲ့ တိုက်ရိုက်ဆက်နွှယ် ပတ်သက်နေတာမျိုး မရှိပေမဲ့လည်း သွယ်ဝိုက်တဲ့နည်းနဲ့ အထောက်အပံ့ များစွာဖြစ်စေနိုင်ပြီး အမြင်များစွာပွင့် လင်းလာစေပါတယ်။ ဒါ့ကြောင့် အိပ်ရာမဝင်ခင် စာဖတ်မယ်ဆိုရင် စာဟောင်းပေဟောင်းတွေနဲ့ မဂ္ဂဇင်းတွေဟာ အကောင်းဆုံး ရွေးချယ်မှုတွေဖြစ်ပါတယ်။

(၃) စိတ်သက်သောင့်သက်သာရှိစေဖို့ အစီအစဉ်ရေးဆွဲခြင်း

လူတော်တော်များများဟာ ညရောက်လို့ အိပ်ရာဝင်ကြပြီဆိုရင် အတော်တော်နဲ့အတော် အိပ်မပျော်တာမျိုး ဖြစ်တတ်ကြပြီး ဦးနှောက်ထဲမှာ တသွင်သွင်စီးမျောနေတဲ့ အတွေးတွေကို ရပ်တန့်နိုင်ဖို့ တော်တော်ခက်ခဲတဲ့ အနေအထားတစ်ခုကို ကြုံတွေ့ကြရ တတ်ပါတယ်။
ဘာကြောင့်လဲဆိုရင် နေ့ခင်းက မြင်၊ တွေ့၊ ကြား၊ သိခဲ့သမျှ ဟာ ခေါင်းထဲမှာ မသိမသာ အလုပ်လုပ်နေတတ်ကြပြီး တစ်ခါတလေကျတော့လည်း ရှေ့ရေးအတွက် တွေးပြီး ပူပန်နေတတ်ကြတယ်။
ဒါ့ကြောင့် အစီအစဉ်ရေးဆွဲခြင်းဖြင့် သင့်ရဲ့ ပူပန်မှုတွေကို လျှော့ချပစ်ပြီး သင့်စိတ်ကို သက်သောင့်သက်သာ ဖြစ်အောင် ထားပေး ပါ။ နောက်တစ်နေ့မှာ လုပ်မယ့် (လုပ်ချင်တဲ့) အဓိကအရာ သုံးမျိုးလောက်ကို ချရေးတာ မျိုးပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဒါမှမဟုတ် နောက်နေ့မနက်မှာ ဘာတွေကို ဦးစားပေးလုပ်ဆောင်မလဲဆိုတာ ချရေးပါ။

(၄) အိပ်ရေးအနှောင့်အယှက်ဖြစ်စေမယ့် အရာများကို ကြိုတင်ကာကွယ်ခြင်း

အိပ်ရာဝင်ချိန်မှာ အနှောင့်အရှက်ပေးစေတဲ့ ဖုန်းနဲ့ ကွန်ပျူတာလို ပစ္စည်းမျိုးတွေကို သိမ်ဆည်းတာတို့၊ ပါဝါပိတ်ပစ်တာတို့နဲ့ အိပ်တဲ့ အချိန်မှာ အနှောင့်အယှက်ပေးစေနိုင်တဲ့ အရာမှန်သမျှကို မပေးနိုင်အောင် ကြိုတင်ကာကွယ်ပေးထားပါ။ တစ်နေ့တာကို အနှောင့် အယှက်နည်းနည်းနိုင်သမျှ အနည်းဆုံးအနေအထားနဲ့ ကုန်ဆုံးစေခြင်းဟာ အိုင်ဒီယာတွေလည်း ပိုထွက်လာစေနိုင်ပါတယ်။

(၅) အိပ်ချိန်ကို ၇-နာရီလောက်အထိ ယူခြင်း

အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး အသစ်ရှာဖွေတွေ့ရှိထားချက်အရဆိုရင် ကျွန်တော်တို့တွေ မွေးကတည်းက စွဲလာကြတဲ့ ၈-နာရီ အိပ်စက်ခြင်းဆိုတာထက် ၇-နာရီအိပ်စက်ခြင်းက ပိုထိရောက်ပြီး၊ ပိုကောင်းတယ်လို့ အကြံပြုပေးထားပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ကိန်းဂဏန်းတွေက အရေးမကြီးပါဘူး။
တစ်နေ့တာကို ဖြတ်သန်းနိုင်ဖို့ ဦးနှောက်နဲ့ မှတ်ဉာဏ်တို့ရဲ့ လုပ်ဆောင်ချက်တွေအတွက် လုံလောက်တဲ့ အိပ်စက်ခြင်းမျိုး ဖြစ်ဖို့ပဲ အရေးကြီးပါတယ်။
ဒါ့ကြောင့် အိပ်ချိန်ကို ဘယ်လောက်ထားမလဲဆိုတာ သေချာဆန်းစစ်တွေးတောထားဖို့ လိုပါတယ်။ ဒါမှသာ အိပ်ရာထပြီး အလုပ် သွားတဲ့အခါ အဆင်ပြေပါလိမ့်မယ်။ များသောအားဖြင့်တော့ ၇-နာရီအိပ်စက်ခြင်းဟာ အလုပ်မှာ အောင်မြင်အောင် ဆောင်ရွက်နိုင် တယ်လို့ အကြံပြုထားကြပါတယ်။

Credit: Duwun

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service