ကွန်ဒိုတစ်လုံး၏ လေးပုံတစ်ပုံကို နိုင်ငံခြားသား တစ်ဦးတည်းက ဝယ်ယူနိုင်မည် - Property News in Myanmar from iMyanmarHouse.com
3442 Views

ကွန်ဒိုတစ်လုံး၏ လေးပုံတစ်ပုံကို နိုင်ငံခြားသား တစ်ဦးတည်းက ဝယ်ယူနိုင်မည်

မကြာခင် ထုတ်ပြန်မည့် ကွန်ဒိုနည်းဥပဒေတွင် နိုင်ငံခြားသားများအနေဖြင့် ကွန်ဒိုတစ်ခုလုံး၏ စုစုပေါင်း အခန်း ၄ဝ ရာခိုင်နှုန်းထိ ဝယ်ယူခွင့်ပြုပေး မည်ဖြစ်ပြီး တစ်ဦးတစ်ယောက်တည်းက ဝယ်ယူလိုလျှင် အများဆုံး ၂၅ ရာ ခိုင်နှုန်း အထိ ဝယ်ယူခွင့်ရမည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာ ဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးနွေမှူးက ပြောသည်။

မြန်မာနိုင်ငံမှ နာမည်ပျက်စာရင်းသွင်းခံထား ရသူများမှာမူ ဝယ်ယူခွင့်ရမည် မဟုတ်ပေ။

လက်ရှိအိမ်ခြံမြေဈေးကွက်သည် အရောင်းအဝယ် အေးစက်နေရာ ယင်းအ တွက် မျှော်လင့်ချက်တစ်ခု ဖြစ်သော နိုင်ငံခြားသားများကိုပါ အခန်းဝယ် ခွင့် ပေးမည့် ကွန်ဒိုဥပဒေကို အများက စောင့်မျှော် နေခဲ့ကြသည်။ သို့သော် ဥပဒေ၏ နောက်ဆက်တွဲဖြစ်သည့် နည်းဥပဒေ မထွက်သေးသဖြင့် အသေး စိတ် လုပ်ထုံးလုပ်နည်းများ အသက်မဝင် သေးသဖြင့် ဈေးကွက် မသွက်လာေ သးဘဲ နည်းဥပဒေကို ဆက်စောင့်နေခဲ့ကြရသည်။

သို့ရာတွင် နည်းဥပဒေမှာလည်း မကြာခင် ထွက်ရှိတော့မည်ဟု တာဝန်ရှိသူ များက ဆိုထားပြီး ယင်းနည်းဥပဒေတွင် ပါဝင်လာမည့် ပြဋ္ဌာန်းချက် များအား ဦးနွေမှူးက မြန်မာတိုင်း(မ်)ကို ပြောကြားခြင်းဖြစ်သည်။

ကွန်ဒိုဥပဒေတွင် အခန်းဝယ်ယူသူတိုင်းသည် မိမိဝယ်ထားသည့် အခန်းပမာ ဏအတိုင်း မြေရာကိုလည်း ခွဲဝေပိုင်ဆိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားရာ နိုင် ငံခြားသားများကလည်း မြေရာ ပိုင်ဆိုင်ခွင့်ရှိမည့်သဘော ဖြစ်နေသည်။

သို့ဖြစ်၍ ယင်းအချက်ကိုမူ နည်းဥပဒေဖြင့် ထပ်မံကန့်သတ်သည့် အနေဖြင့် နိုင်ငံခြားသားသည် အဆောက်အအုံ၏ သက်တမ်းကာလအတွင်း သာ ပိုင်ဆိုင်ခွင့်ရှိရမည်ဟူသည့် အချက်ကို ထပ်မံဖြည့်သွင်းရန် ရှေ့နေ ချုပ်ရုံးက အကြံပြုလာသဖြင့် ညှိနေရသေးကြောင်း ဦးနွေမှူးက ဆိုသည်။

ကွန်ဒိုဆောက်သူသည် အုတ်မြစ်ချလုပ်ငန်း ၃ဝ ရာခိုင်နှုန်းပြီးစီးမှ မှတ်ပုံတင် အရာရှိထံသို့လာရောက် အသိပေးရမည်ဖြစ်ကာ ထိုသို့အသိပေးပြီးမှသာ အ ခန်းများကို ကြိုပွိုင့်စနစ်ဖြင့် စတင်ရောင်းချနိုင်မည်ဖြစ်သည်။ ကြိုတင်ရောင်း ချရငွေကိုလည်း ဘဏ်တွင် အပ်နှံကာ အဆောက်အအုံ တည်ဆောက်မှု အ တွက်သာ ထုတ်ယူသုံးစွဲရမည်ဖြစ်ပြီး ပြင်ပတွင် သုံးစွဲခွင့်မရှိကြောင်း ၄င်းက ဆိုသည်။

''တချို့က အခန်းတစ်ခန်းတည်းကို သုံးယောက်လောက် လိုက်ရောင်းထား တာမျိုး ရှိတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ဝယ်ယူသူဘက်က အလိမ်အညာ ခံရတာမျိုး မဖြစ်အောင် ထည့်သွင်းရေးဆွဲထားတာဖြစ်ပါတယ်''ဟု ဦးနွေမှူး က ပြောသည်။

ကွန်ဒိုနည်းဥပဒေထွက်ရှိလာပါက ပိုင်ဆိုင်မှုများ သေချာခိုင်မာလာမည်ဖြစ်ပြီး ရရှိရမည့် အကျိုးခံစားခွင့်များကိုလည်း ဝယ်ယူသူများဘက်မှ သေချာပိုင်းခြား သိမြင်လာမည်ဖြစ်ကြောင်း၊ လက်ရှိ အေးစက်နေသော အိမ်ရာအရောင်းဈေး ကွက်လည်း သွက်လာမည်ဟု ဦးနွေမှူးက ခန့်မှန်းသည်။

ထို့ပြင် နည်းဥပဒေတွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့် ဈေး က စားခြင်း မပြုလုပ်စေရန် အဆောက်အအုံ၏ ၇၅ ရာခိုင်နှုန်းကို မဖြစ်မနေေ ရာင်းကိုရောင်းရမည်ဟူသည့်အချက်ကို ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

အာရှမြေဆောက်လုပ်ရေးလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးရန်အောင်ကမူ ကွန်ဒိုနည်းဥပဒေတွင် ကွန်ဒိုတိုက်ခန်းများအတွက်သာမက အခြားအထပ်မြင့် အဆောက်အအုံများအတွက်ပါ ထည့်သွင်းရေးဆွဲစေလိုကြောင်း၊ ဘိုးဘွား စဉ် ဆက် အမွေဆက်ခံခွင့်ရရှိစေရန်၊ မြေပိုင်ခွင့်ရရှိစေရန်၊ ခိုင်မာမှုနှင့် ပိုင်ဆိုင် မှုအတွက် အာမခံချက်အခိုင်အမာရှိစေရန်၊ ဘဏ်နှင့်ချိတ်ဆက်ပြီး အရစ်ကျ ဝယ်ယူခွင့်ရရှိစေရန် စသည့်အချက်များ ပါဝင်လာရန် မျှော်လင့်ေ ကြာင်း ပြောသည်။

ကွန်ဒိုဥပဒေတွင် ပါရှိသည့် နိုင်ငံခြားသား ဝယ်ယူခွင့်ပေးမည့်အချက်သည် အိမ်ခြံမြေဈေးကွက်ကို ပြန်လည် ဦးမော့လာစေနိုင်မည်ဟု မျှော်လင့်ေ ကြာင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဒုဥက္ကဠ ဦးစိုင်းခွန်နောင်က ပြောသည်။

နိုင်ငံခြားသားများအတွက် ငှားရမ်းနေထိုင် ခြင်းသည် ဈေးနှုန်း အတက် အ ကျ မြန်လွန်းသည့် အတွက် အဆင်မပြေမှုများရှိကြောင်း၊ အခန်းဝယ်ယူ ခွင့်ြ ပုလိုက်ပါက ကွန်ဒိုဈေးကွက်ကိုအထောက်အကူပြုနိုင်ကြောင်း၊ ကွန်ဒိုဥပဒေ တွင် ပါဝင်သည့် အရည်အသွေးကန့်သတ်ချက်များကြောင့် အဆောက်အအုံ များ ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်းလည်း ၄င်းက ဆိုသည်။

''ဥပဒေကို လေ့လာရသလောက် တော်တော်ပြည့်စုံပြီး လက်ခံလို့ရတဲ့ အ ချက်တွေပဲ ဖြစ်ပါတယ်။ နည်းဥပဒေကိုတော့ မြန်မြန်ထွက်လာဖို့ပဲ မျှော်လင့် ပါတယ်''ဟု ၄င်းက ဆက်ပြောသည်။

ကွန်ဒိုတစ်လုံးသည် အနည်းဆုံးမြေဧရိယာ စတုရန်း ပေ ၂ဝ,ဝဝဝ နှင့်အ ထက်ရှိရမည်ဖြစ်ပြီး ခြောက်လွှာနှင့်အထက်ရှိရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်း ထားသည်။

နည်းဥပဒေထွက်ပြီးပါက ဥပဒေနှင့်ကိုက်ညီသော အဆောက်အအုံမှန်သမျှ သတ်မှတ်ချက်အတိုင်း အကျိုးခံစားခွင့် ရမည်ဖြစ်ကာ နည်းဥပဒေမထွက်မီေ ဆာက်ထားသော အဆောက်အအုံများလည်း စံနှင့်ညီလျှင် အကျိုးခံစားခွင့် ရမည်ဖြစ်သည်။

Credit: Myanmar Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service