ကုမ္ပဏီအက်ဥပဒေသစ် ထွက်ပါက စတော့အိတ်ချိန်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
5911 Views

ကုမ္ပဏီအက်ဥပဒေသစ် ထွက်ပါက စတော့အိတ်ချိန်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမည်

အသစ်ပြန်လည်ရေးဆွဲနေသော မြန်မာနိုင်ငံ ကုမ္ပဏီအက်ဥပဒေ ထွက်ရှိလာပါက ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) ထံမှ သိရသည်။

ယင်းဥပဒေတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ရာခိုင်နှုန်းတစ်ခုအထိ ခွင့်ပြုထားခြင်းကြောင့် လက်ရှိအချိန်တွင်လည်း စတော့အိတ်ချိန်းနှင့် ပတ်သက်သည့် ဥပဒေများတွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း SECM မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကုမ္ပဏီအက်ဥပဒေက ဒီနှစ်ထဲမှာ ထွက်လာမယ်ဆိုတော့ ရန်ကုန်စတော့ အိတ်ချိန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်နိုင်ဖို့ နည်းဥပဒေတွေ ပြင်ဆင်နေတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်စတော့ အိတ်ချိန်း၌ ရှယ်ယာ အရောင်းအဝယ် လုပ်ဆောင်လျက်ရှိသော ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများနှင့် အရောင်းအဝယ်များ ကျဆင်းလျက်ရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာပါက ဈေးကွက် အနည်းငယ် ပြန်တက်လာနိုင်ကြောင်း စတော့ဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

“အရင်းအနှီး ဈေးကွက်ဆိုတာ နိုင်ငံစီးပွားရေးနဲ့ တိုက်ရိုက် သက်ဆိုင်တာ။ အခုက နိုင်ငံစီးပွားရေး နှေးနေတော့ လူတွေ ကိုယ့်ဘာသာ လုံလောက်အောင် သုံးနေရတာ။ ဘယ်က အပိုပိုက်ဆံနဲ့ ဒီဈေးကွက်မှာ ရင်းနှီးမြှုပ်နှံနိုင်မှာလဲ”ဟု ၎င်းကပြောဆိုသည်။

လတ်တလောတွင် ရန်ကုန်စတော့ အိတ်ချိန်း၌ FMI ၊ မြန်မာသီလဝါ အထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ၊ မြန်မာနိုင်ငံ သားများဘဏ် (MCB) နှင့် ပထမပုဂ္ဂလိကဘဏ် (FPB) တို့က ရှယ်ယာ အရောင်းအဝယ် လုပ်ဆောင်လျက်ရှိသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

yatanar-mall
myat-ingyin

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service