နာမည်မကြီးဘဲနဲ့ လည်း အောင်မြင်နိုင်ပါတယ် - Property Knowledge in Myanmar from iMyanmarHouse.com
1468 Views

နာမည်မကြီးဘဲနဲ့ လည်း အောင်မြင်နိုင်ပါတယ်

Knowledge | Posted by Aye Myat Thu

အလကားနီးနီးရတဲ့ အီးမေးလ်တွေကနေ ဖောက်သည်နဲ့ ချိတ်ဆက်နိုင်သလို ရေရှည် လုပ်ငန်း တည်တံ့ခိုင်မာဖို့ ဆို ကိုယ့်ဝက်ဘ်ဆိုက်၊ ကိုယ့်ဘလော့ဂ်ကို ပုံရိပ်ကောင်းအောင် တည်ဆောက်သွားသင့်ပါတယ်။

ဒီနေ့ လို ဆိုရှယ်နက်ဝါ့ခ်ခေတ်မှာ လူတော်တော်များများဟာ ကိုယ့်ကို လူသိများဖို့ ကြိုးစားလာနေပါတယ်။ ဒီထဲမှာ အနုပညာရှင်တွေလောက်တင် မဟုတ်တော့ဘဲ startup တည်ထောင်ထားသူတွေ ၊ စွန့် ဦးတီထွင်လုပ်ငန်းရှင်တွေပါ ပါလာပါတယ်။ ဒီတော့ ကိုယ့်အလုပ်တစ်ခု အောင်မြင်ဖို့ အတွက် လူပြောသူပြော များဖို့ က အဓိက ကျသလားဆိုတာကို ဒီဆောင်းပါးမှာ သုံးသပ်ပြသထားပါတယ်။

(၁) ပွဲမဆူတဲ့ မားကတ်တင်း လုပ်ပါ

ထုတ်ကုန်တစ်ချို့ ဟာ စကတည်းက လူသိများအောင် ထုတ်ထားတာ မဟုတ်ပါဘူး။ ဆိုပါစို့ အမျိုးသားသုံး skincare ထုတ် နေတဲ့ Brickell Men ရဲ့ ထုတ်ကုန်တွေမှာဆိုရင် ပွဲဆူအောင် သိပ်ပြီး ပြလုံးမထုတ်ပါဘူး။ အကြောင်းကတော့ ဒီထုတ်ကုန်တွေ ကို သုံးမယ့် ဖောက်သည်တွေက အမျိုးသားတွေ ဖြစ်ပြီး လူမှုကွန်ရက်ပေါ်မှာ Brickell ရဲ့ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ် ထားကြောင်း ယောင်္ကျားတွေက ကြွားလုံးထုတ်မှာ မဟုတ်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
အောင်မြင်ဖို့ အတွက် နည်းလမ်းကောင်းတစ်ခုက ဘယ်သူမှ ထိတွေ့ မထားသေးတဲ့ ဈေးကွက်အသစ် ရှာနိုင်ဖို့ ပါပဲ။ Brickell ဆိုရင် သဘာဝပစ္စည်းသုံးထားတဲ့ brand ဆိုတဲ့ နာမည်နဲ့ ထုတ်ထားတယ်ဆိုတဲ့ အချက်ကို အဓိကထားပြီး ဖောက်သည် အလိုက် ဈေးကွက်ရှာသွားတာ ဖြစ်ပါတယ်။ ဒီတော့ မလိုဘဲနဲ့ ဈေးကွက်မှာ ပွဲဆူအောင် မလုပ်ဘဲ အောင်မြင်မှု ယူနိုင်ခဲ့ပါ တယ်။

(၂) လူမှုကွန်ရက်ပေါ်မှာပဲ အာရုံမစိုက်ပါနဲ့ 

e-commerce စီးပွားရေးသစ်တွေဟာ အလုပ်ကြီးပွားဖို့ နောက်လိုက် followers တွေ တက်လာဖို့ လူပြောများတဲ့ trending ဖြစ်လာဖို့ ကြိုးပမ်းလာပါတယ်။ ဒီလိုလုပ်တိုင်း အောင်မြင်တာတော့ မဟုတ်ပါဘူး။
ဆိုရှယ်နက်ခ်ဝါ့မှာ ကိုယ့်အလုပ်ကို လုံးလုံးလျားလျားကြီး ပစ်တင်လိုက်တာ မှားပါတယ်။ ဘယ် brand မဆို ဆိုရှယ်နက်ဝါ့ခ် ကို သုံးပြီး ကိုယ့် brand ရဲ့ ဟန်နဲ့ နာမည်သိက္ခာ တည်ဆောက်နိုင်ပါတယ်။ သို့ သော်လည်း ဆိုရှယ်ပေါ် လူသိအောင် လုပ်ဖို့ သက်သက်နဲ့ အချိန်ကုန် ငွေကုန် မခံသင့်ပါဘူး။ အလုပ်တစ်ခုဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူသိများဖို့ ပဲ အာရုံစိုက် နေရင် တကယ့် ဈေးကွက်မှာ တစ်ခြား brand တွေကို ယှဉ်နိုင်ဖို့ မလွယ်တော့ပါဘူး။
တကယ့်အလုပ်အကိုင်ကြီးတွေက email subscriber တွေ ချိတ်ပြီး ဖောက်သည်နဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး မားကတ်တင်း ဆင်းပါတ်ယ။ ဒါမျိုးနဲ့ အလုပ်ကို ချဲ့ ထွင်သင့်ပါတယ်။

(၃) ဘလော့ဂ်၊ ဝက်ဘ်ဆိုက်တွေပေါ်မှာ ရောင်းအားတက်အောင် လုပ်ပါ

နည်းပညာအားကောင်းနေတယ်ဆိုပေမဲ့ ဒီနေ့ လုပ်ငန်းရှင်တွေတော်တော်များများဟာ စီးပွားရေး ဘလော့ဂ်တွေ သိပ် မသုံးပါဘူး။ တကယ်က ဒီလို လုပ်ငန်း ဘလော့ဂ်တွေကနေမှ ကိုယ့်ဆီကို အဆက်အသွယ်တွေ များလာအောင် အမြဲ ကြိုးစားနေရမှာပါ။ ဒီဘလော့ဂ်တွေကိုလည်း လာလည်သူတိုင်း စိတ်ဝင်စားစေမယ့် content တွေ ဆောင်းပါးတွေ ထည့်ထားဖို့ လိုပါတယ်။

(၄) ကိုယ့် brand ကို လူပြောမများရင် စိတ်မပူပါနဲ့ 

မားကတ်တင်းဗျူဟာတွေထဲမှာ လူတွေ စိတ်ထဲ စွဲအောင် ၊ ပါးစပ်မှာ မချတမ်းပြောအောင် လုပ်တဲ့ နည်းတွေ ပါရှိပါတယ်။ ဒီနည်းနဲ့ ကုမ္ပဏီရောင်းအား တက်အောင် လုပ်ကြပါတယ်။ ဒါကလည်း နေရာတိုင်းမှာ မမှန်ပါဘူး။တကယ်လို့ ကိုယ့် brand ကို ဒီလိုမျိုး အကြီးအကျယ် မားကတ်တင်းမဆင်းနိုင်ရင် စိတ်မပူပါနဲ့ ။ နေရာတိုင်းမှာ ဒီလိုမျိုး ဖောက်စရာ မလိုပါဘူး။ အလကားနီးနီးရတဲ့ အီးမေးလ်တွေကနေ ဖောက်သည်နဲ့ ချိတ်ဆက်နိုင်သလို ရေရှည် လုပ်ငန်း တည်တံ့ခိုင်မာဖို့ ဆို ကိုယ့်ဝက်ဘ်ဆိုက် ၊ ကိုယ့်ဘလော့ဂ်ကို ပုံရိပ်ကောင်းအောင် တည်ဆောက်သွားသင့်ပါတယ်။

Credit: Duwun

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service