"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့ - Property Knowledge in Myanmar from iMyanmarHouse.com
1598 Views

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့

Knowledge | Posted by Zarni Kyaw

ယနေ့ခေတ်တွင် အိမ်ခြံမြေအရောင်းအ၀ယ်လုပ်ငန်းများကို စီးပွားရေးလုပ် ငန်းကြီး တစ်ခုသဖွယ် လူအများအပြားက၀င်ရောက်လုပ်ကိုင်းကာ ရင်းနှီြး မှုပ်နှံလာကြသည်ကိုတွေ့ရသည်။

မြေအကြောင်း နားလည်သူများ ကောင်းစာနေသည့်ခေတ်

သို့သော် အခြေအနေအချိန်အခါမေး၍ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများ ကို စီးပွားဖြစ်လုပ်ကိုင်နေကြသော်လည်း "မသိသူကျော်သွား၊ သိသူဖော်စား" ဆိုသကဲ့သို့ အိမ်ခြံမြေတွင် မြေအမျိုးအစားအမျိုးမျိုးရှိသည်ကို သိသူများက တရားဝင်သာည့်မြေ၊ တရားမ၀င်သည့်မြေ၊ အဖိုးတန်သည့်မြေ၊ အဖိုးနည်း သည့်မြေ စသည်ဖြင့် သိကျွမ်းနားလည်ကြသူများက အကျိုးအမြတ်များရရှိ ကာ ကောင်းစာနေကြသည်ကို တွေ့ရသည်။

မသိမဖြစ် အိမ်ခြံမြေ (၁၀) မျိုးရှိ

သို့သော် မြေအမျိုးမျိုးအကြောင်း သိကျွမ်းနားလည်မှုနည်းသူများကမူ သူများ နည်းတူ ရောင်းဝယ်ကြသော်လည်း အကျိုးအမြတ်ရရှိမှု နည်းပါးကာ "အရိုး အရင်းကိုက်" ရသည့်အခြေအနေဖြင့်သာ တင်းတိမ်နေရသည်။ ထိုသို့မဖြစ် ကြစေရန် လူတိုင်းလူတိုင်းမြေအမျိုးအစား တို့ကိုသိသင့်သိထိုက်ကြပေ သည်။ လေ့လာသင့်လေ့လာနိုင်ကြပေသည်။

ထို့ကြောင့်အိမ်ခြံမြေအကြောင်းလေ့လာနေသူများအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုနှင့် စီမံကိန်းနှင့်မြေ စီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေများတွင် ပါရှိသည့် မြေ (၁၀) မျိုးအကြောင်း ရှာဖွေတင်ပြလိုက်ပါသည်။

မြို့ပြအိုးအိမ်ဖွံ့ဖြိုးမှု စီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးဆိုင်ရာ သိစရာများ

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည် ၂၀၁၃ ခုနှစ်၊ ရန် ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၈၅၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်း ထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အောက်ပါလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ဤလုပ်ထုံးလုပ်နည်းများတွင် ပါရှိသော စကားရပ်များသည် ၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာေ်ရး ဥပဒေ "မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှု စီမံ ကိန်းနှင့်မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေများ" တွင် ပါရှိသည်ကို လေ့ လာတွေ့ရှိရသည်။

မြေပိုင်မြေ

မြေပိုင်မြေဆိုသည်မှာ မြိုကတော်နယ်နိမိတ်အတွင်း စနစ်တကျမြို့ကွက်ဖော် ထုတ်ကာရောင်းချခဲ့၍ ၀ယ်ယူပိုင်ဆိုင်ခဲ့ပြီးမြေပိုင်ရှင်အခွင့်အရေး အဆင့်အ တန်းရှိသည့် မြေကိုဆိုင်သည်။

ဘိုးဘွားပိုင်မြေ

ဘိုးဘွားပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် "ဓါးမဦးချ" ပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိကာ "မစိုက်ပျိုးသည့်မြေ" ကိုဆိုလိုသည်။

ဂရန်ရှိမြေပိုင်မြေ

ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုလိုသည်။

လိုင်စင်မြေ

လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများ အပိုဒ် - ၃၀၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကိုဆိုလိုသည်။

ပါမစ်မြေ

ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အ ညီ "လူနေအိမ်" သိုမဟုတ် "အဆောက်အအုံဆောက်လုပ်နေထိုင် ခွင့်" ပြုထားသော မြေကိုဆိုလိုသည်။

မြေငှားဂရန်မြေ

မြေငှားဂရန်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီကစည်းကမ်း ချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြားသတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားသည့်မြေကိုဆိုလိုသည်။

စကွာတာမြေ

"စကွာတာမြေ" ဆိုသည်မှာ မြေငှားစာချုပ်မရယူခဲ့၍ လည်းကောင်း၊ မြေငှား စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍ လည်းေ ကာင်း မြေငှားစာချုပ်ပါစည်းကမ်းချက်တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း "မြေအဆင့်အတန်းနိမ့်ချသတ်မှတ်သောမြေကို" ဆိုလိုသည်။

ကျူးလွန်ခြင်းမြေ

"ကျူးလွန်ခြင်းမြေ" ဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်း "ပြေစာဖြင့်ကောက်ခံသည့်မြေ" မျိုးကိုဆိုလို သည်။

ကျူးကျော်မြေ

ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ၀င်ရောက်နေထိုင် လျှက်ရှိသော မြေကိုဆိုလိုသည်။

မြို့ကွက်မြေပုံ

မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံအင်ဂျင်နီယာပိုင်းဆိုင်ရာများဖြင့် စနစ်တ ကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက်ဖော်ထုတ်ထားသည့် အခြေခံမြေပုံကိုဆိုလိုသည်။

မြို့မြေစာရင်း

မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများအက်ဥပဒေ၊ နည်းဥပဒေများ၊ နောက်ဆက်တွဲ ၁ - အခန်း (၂) အပိုဒ် ၇ အရမြို့ကွက်ြေ မပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့်စာရင်းကိုဆိုလိုသည်။

ယခုဖော်ပြခဲ့သော မြေများမှာ အိမ်ခြံမြေနှင့် ပတ်သက်သော မြေများဖြစ်ပါ သည်။

ယင်းသို့မြေအမျိုးမျိုးအကြောင်းတင်ပြပြီးနောက် သာသနာမြေ (၄) မျိုးအြေ ကာင်းလည်း ရှင်းပြလိုပါသေးသည်။

အခွန်လွတ်သာသနာ့မြေ

အခွန်လွတ်သာသနာ့မြေဆိုသည်မှာ မူလကနဦး မြေပိုင်မြေ သို့မဟုတ် ဘိုးဘပိုင်မြေကို ဥပဒေနှင့်အညီရရှိသော ပုဂ္ဂိုလ်က ဘာသာ သာသနာအကျိုး သုံးစွဲနိုင်ရန်အတွက် လျှောက်ထားသဖြင့် တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြု ထုတ်ပေးသောမြေကိုဆိုသည်။

အခွန်လွတ်သာသနာ့မြေဂရန်

အခွန်လွတ်သာသနာ့မြေဂရန်ဆိုသည်မှာ သာသနာရေး၊ သာသနာမူအလိုငှာ တည်ဆဲဥပဒေနှင့်အညီ "မြေယာပိုင်ပတ္တာစာချုပ်" ဖြင့် သတ်မှတ်ထုတ်ပေး သည့် လက်မှတ်ကိုဆိုသည်။ (၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်တော်နည်းဥပဒေများ နည်းဥပဒေ ၃၂၊ ၃၃၊ ၃၆ နှင့် ၁၈၉၈ ခုနှစ်) အောက်မြန်မာနိုင်ငံမြို့နှင့် ရွာမြေနည်းဥပဒေများ၊ နည်းဥပဒေ ၅၀၊ ၅၁ နှင့် ၅၄)

အခွန်လွတ်ဗဒ္ဓသိမ်မြေ

" အခွန်လွတ်ဗဒ္ဓသိမ်မြေ " ဆိုသည်မှာ သာသနာမြေအတွင်း ဘာသာ၊ သာသနာမြေကိစ္စအတွက် အသုံးပြုရန်အလိုငှာ လူပုဂ္ဂိုလ်ကသာလျှောက် ထားခွင့်ရှိသည့် မြေကိုဆိုသည်။

အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်

" အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်" ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ "၀ိသုံ ဂါမသိမ်" အဖြစ်အသုံးပြုရန် အသီးအခြားမြေပေးအမိန့်ဖြင့် သတ်မှတ် ထုတ်ပေးလိုက်သည့် လက်မှတ်ကိုဆိုသည်။ (အောက်မြန်မာနိုင်ငံမြေခွန်ကောက်နည်းဥပဒေများ၊ နည်းဥပဒေ ၃၄ နှင့် အောက်မြန်မာနိုင်ငံမြို့နှင့်ရွာမြေ နည်းဥပဒေများ နည်းဥပဒေ-၅၂)

ဤသို့ဆိုလျှင် သာသနာ့မြေ (၄) မျိုးတွင် ဘာသာ၊ သာသနာအကျိုးအတွက် သုံးစွဲနိုင်သောမြေ၊ မြေယာအပိုင်ပတ္တာ စာချုပ်ဖြင့် ထုတ်ပေးသည့်လက်မှတ်၊ လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့်ရှိသောမြေနှင့် "၀ိသုံဂါမသိမ်" အသုံးပြုရန် အတွက် မြေပေးအမိန့် ဖြင့် ထုတ်ပေးလိုက်သည့် လက်မှတ်တို့လည်း ပါဝင် သည်ကို သိရှိကြပြီဟုဖြစ်ပါသည်။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service