ရန်ကုန်စတော့အိတ်ချိန်းတွင် သြဂုတ်အတွင်း ကျပ်နှစ်ဘီလီယံကျော်ဖိုး အရောင်းအဝယ်ဖြစ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
677 Views

ရန်ကုန်စတော့အိတ်ချိန်းတွင် သြဂုတ်အတွင်း ကျပ်နှစ်ဘီလီယံကျော်ဖိုး အရောင်းအဝယ်ဖြစ်ခဲ့

ရန်ကုန်စတော့အိတ်ချိန်း တွင် ဩဂုတ်အတွင်းက အစုရှယ် ယာ ကျပ် ၂ ဒသ မ ၃ ဘီလီယံဖိုး အရောင်းအဝယ်ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်ထက်တစ်ဘီလီယံ ပိုခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းက စက်တင်ဘာ ၄ ရက်တွင် သတင်း ထုတ်ပြန်သည်။

အဆိုပါ ပမာဏသည် လွန် ခဲ့သည့် ငါးလအတွင်း အများဆုံး အရောင်းအဝယ်ြ ဖစ်ခဲ့သည့် ပမာ ဏဖြစ်ပြီး အထူးသဖြင့် သီလဝါ အများပိုင် ကုမ္ပဏီ (MTSH) နှင့် ပထမပုဂ္ဂလိကဘဏ်တို့၏ ရှယ် ယာများ ရောင်းအားနှစ်ဆ ခန့် မြင့်တက်ခြင်းကြောင့်ဖြစ်သည်။

MTSH ကုမ္ပဏီသည် ဇူလိုင် အတွင်း ကျပ်သန်း ၄၀၀ ခန့်အရောင်းအဝယ်ြ ဖစ်ပြီး ဩဂုတ် တွင် ကျပ်သန်း ၇၂၀ ကျော်ရှိလာ သည်။ ပထမပုဂ္ဂလိက ဘဏ်သည် ဇူလိုင်အတွင်း သန်း ၄၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ဩဂုတ်တွင် ကျပ် သန်း ၈၁၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့သည်။

‘‘အခုက အလားအလာ ကောင်းတယ်လို့ပြောတဲ့ကုမ္ပဏီ တစ်ခုတည်းတက် တာ မဟုတ် ဘူး။ ဒါကြောင့် ရှယ်ယာဈေးကွက် အလားအလာကောင်းတယ် လို့ ပြောရမယ်။ နောက်ပြီး ရှယ်ယာ တွေလည်း အတက်အကျရှိလာပြီး အသက်ဝင်လာတော့ ရှယ် ယာဈေးကွက် ပြန်လှုပ်တာလို့ ပြောရမယ်’’ဟု စီးပွားရေးပညာ ရှင်ဦးလှမောင်က ပြောသည်။

ရန်ကုန် စတော့အိတ်ချိန်း တွင် အများပိုင်ကုမ္ပဏီလေးခု၏ အစုရှယ်ယာများ သည် ဇူလိုင်အ တွင်း ကျပ် ၁ ဒသမ ၃ ဘီလီယံဖိုး အရောင်းအဝယ် ဖြစ်သော် လည်း ဩဂုတ်တွင် ၂ ဒသမ ၃ ဘီလီယံအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဧပြီအတွင်း ရှယ်ယာစုစု ပေါင်း ၁ ဒသမ ၂ ဘီလီယံဖိုး ရောင်းချနိုင်ပြီး မေ၊ ဇွန်နှင့် ဇူလိုင်လတို့တွင် ဆက်တိုက်ကျဆင်း လာသည်။

ရှယ်ယာ အရောင်းအဝယ် မြင့်တက်လာခြင်းသည် အစိုးရ ဘက်က အများပိုင် ကုမ္ပဏီ ၅၅ ခုကို ရှယ်ယာရောင်းချခွင့်ပေးမည် ဟု ကြေညာခြင်း၊ လူထုက ရှယ်ယာဈေးကွက်ကို စိတ်ဝင်စားလာ ခြင်း တို့ကြောင့်ဖြစ်ကြောင်း FMI ကုမ္ပဏီရှယ်ယာပိုင်ရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် အများပိုင် ကုမ္ပဏီ လေးခုက ရှယ်ယာများ ရောင်းချနေပြီး အများ ပိုင်ကုမ္ပဏီ များ ထပ်မံစာရင်းဝင်လာမည်ဆို သောကြောင့် ရှယ်ယာဝယ်ယူ ရန် စိတ်ဝင်စားမှု မြင့်တက်လာခြင်း ဖြစ်ကြောင်း MTSH ရှယ်ယာပိုင်ရှင် တစ်ဦးက ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၆ မတ်လတွင် စတင်ဖွင့်လှစ် ခဲ့ပြီး ၂၀၁၆ တွင် ရှယ်ယာစုစု ပေါင်း ကျပ် ဘီလီယံ ၇၀ ကျော် ဖိုး အရောင်းအဝယ်ဖြစ်ခဲ့ သည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service