ဒဂုံဆိပ်ကမ်းက ၀န်ထမ်းအိမ်ရာ သုံးနှစ်အတွင်း အကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
1248 Views

ဒဂုံဆိပ်ကမ်းက ၀န်ထမ်းအိမ်ရာ သုံးနှစ်အတွင်း အကောင်အထည်ဖော်မည်

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် (၇၃) ရပ်ကွက် ရွှေလီလမ်းနဲ့ မြနန္ဒာလမ်းေ ထာင့်မှာ အကောင်အထည်ဖော် တည်ဆောက်မယ့် နိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံကိန်းကို သုံးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

'အဓိက ရည်ရွယ်ချက်ကတော့ တစ်ဘ၀လုံးနိုင်ငံ့တာဝန်၊ တိုင်းပြည်တာဝန် ထမ်းဆောင်ခဲ့ပြီး အနားယူတဲ့အချိန်မှာ သူတို့အတွက်နေစရာပေါ့။ အဲဒီနေ ရာကိုလဲ နေပျော်တဲ့နေရာမျိုးဖြစ်အောင်ဖန်တီးပေးဖို့ ကြိုးစားလုပ်ဆောင်နေ တာဖြစ်တယ်။ ဒီစီမံကိန်းကို သုံးနှစ်လျာထားချက်အနေနဲ့ ကြိုးစားနေပါတယ်။ သုံးနှစ်အတွင်းပင်စင်ယူပြီးရန်ကုန်မှာ နေမယ့် နိုင်ငံဝန်ထမ်းက ၁၀,၀၀၀ ခန့် ရှိပါတယ်။ အဲဒီအခြေအနေကို ရည်မှန်းပြီး ဆောက်လုပ်တာဖြစ်မယ်' လို့ ရန် ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

နိုင်ငံဝန်ထမ်းအိမ်ရာ စီမံကိန်းကို ပြည်ထောင်စုအစိုးရက ချမှတ်တဲ့ မူဝါဒနဲ့ အ ညီ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်လမ်းညွှန် ဦးဆောင်ပြီးေ တာ့ အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားတဲ့အများပိုင် ကုမ္ပဏီ Yangon Metro Politan Development Public ကုမ္ပဏီက စီမံကိန်းတည်ဆောက်ရေးကို အကောင် အထည်ဖော်တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြေဧက ၁၈.၅၃ ဧကရှိတဲ့ မြေပေါ်မှာ အကောင်အထည်ဖော် တည်ဆောက် မှာဖြစ်ပြီး စတုရန်းပေ ၃၀၀၊ ၆၀၀၊ ၉၀၀၊ ၁၂၀၀ ရှိတဲ့ အိမ်ခန်းပေါင်း ၄၀၀၀ နီးပါးပါဝင်တဲ့ လေးခန်းတွဲခြောက်ထပ်၊ ရှစ်ခန်းတွဲခြောက်ထပ်၊ ၁၂ ခန်းတွဲြေ ခာက်ထပ် အဆောက်အအုံတွေ ဆောက်လုပ်မယ်လို့ သိရပြီး ဈေးဆိုင်ခန်းေ တွ၊ ကျောင်းတွေ၊ ရုံးခန်းတွေပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

'တစ်စတုရန်းပေကို ကျပ် ၂၅,၀၀၀ မကျော်လွန်အောင် ကြိုးစားပြီး ဆောင် ရွက်နေပါတယ်။ ပစ္စည်းဈေးနှုန်း အတက်အကျပေါ် မူတည်ပြီး ဈေးနှုန်း အြေ ပာင်းအလဲ ရှိနိုင်တယ်။ စတုရန်းပေ ၃၀၀ ကို သိန်း ၁၀၀ အောက်၊ ၆၅ သိန်း၊ သိန်း ၇၀ လောက်ရှိနိုင်ပါတယ်။ စတုရန်းပေ ၆၀၀ ကို ၁၃၅ သိန်းလောက်ြ ဖစ်နိုင်မယ်။ ဈေးနှုန်းက တိတိကျကျပြောလို့မရသေးပါဘူး။ ပြီးစီးမှ တွက်ချက် ပြီးပြောလို့ရနိုင်မှာ ဖြစ်တယ်၊ အနိမ့်ဆုံးကိုတော့ စဉ်းစားထားပါတယ်။' လို့ Yangon Metropolitan Development Public ကုမ္ပဏီ ဒုတိယဥက္ကဌ ဦးသာဌေးကပြောပါတယ်။

အငြိမ်းစားဝန်ထမ်းတွေအတွက် ဆောက်လုပ်နေတဲ့ အိမ်ရာတွေကို ၀ယ်ယူ ခွင့် ရသူ အငြိမ်းစားဝန်ထမ်းတွေအနေနဲ့ အိမ်ရာတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို လက်ငင်းပေးချေရမှာဖြစ်ပြီး ကျန်ငွေကို ဘဏ်ချေးငွေနဲ့ ၁၅ နှစ်အရစ်ကျနဲ့ေ ပးဆပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

သုံးနှစ်စီမံကိန်းဖြစ်ပေမဲ့ တိုင်းဒေသကြီးအစိုးရက အဆောက်အအုံဒီဇီုင်း၊ အခန်းအရေအတွက်ပြပြီးတာနဲ့ အမြန်ဆုံးတည်ဆောက်မှာပါ။ ၂၀၁၇-၂၀၁၈ မှာပင်စင်ယူမယ့်သူတွေ ၂၀၁၈ အကုန်မှာ ပင်စင်ယူမယ့်သူတွေရှိပါတယ်။ အဲသည်ပင်စင်စားတွေရဲ့ လိုအပ်ချက်တွေကို အချိန်မီ ဆောင်ရွက်ပေး မှာဖြစ်တယ်လို့သိရပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service