သုညနဲ့ စတင်ခဲ့ကြသူများ - Property Knowledge in Myanmar from iMyanmarHouse.com
1395 Views

သုညနဲ့ စတင်ခဲ့ကြသူများ

Knowledge | Posted by Zarni Kyaw

အောင်မြင်မှုဆိုတာ အလွယ်တကူရရှိနိုင်တဲ့ အရာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချို့ပုဂ္ဂိုဟ်တွေကတော့ ပုံမှန်ထက်ပိုပြီး ခက်ခဲကြမ်းတမ်းမှုတွေ ကို ဖြတ်ကျော်ပြီး ထိပ်ဆုံးထိရောက်အောင် တက်လှမ်းနိုင်ခဲ့ကြပါတယ်။ ဒီ အကြောင်းအရာတွေကို သိထားမယ်ဆိုရင် အောက်ဆုံးရောက်နေသည့် တိုင်အောင် အမြင့်ဆုံးအောင်မြင်မှုကို လှမ်းယူနိုင်ဖို့အတွက် မဖြစ်နိုင်ဘူးဆို တာနဲ့ နောက်ကျသွားပြီဆိုတာ မရှိတဲ့အကြောင်း နားလည်လာမှာပါ။ ဒါ့ေ ကြာင့် ဘာမှမရှိတဲ့ သုညဘ၀ကနေ အားကစား၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ မီဒီယာ စတဲ့ နယ်ပယ်အသီးသီးမှာ ထိပ်ဆုံးအောင်မြင်မှုတွေ ရရှိလာသူတွေ ရဲ့အကြောင်းကို ဖော်ပြလိုက်ပါတယ်။

၇။ Howard Schultz
ဘရွတ်ကလင်းမြို့က ဆင်းရဲသားမိသားစုမှာ မွေးဖွားလာခဲ့တဲ့ Howard Schultz ဟာ ငယ်စဉ်အခါက ထူးချွန်တဲ့ အားကစားသမားတစ်ယောက်ဖြစ် ပါတယ်။ ကောလိပ်ကျောင်းကို အားကစားထူးချွန် ပညာသင်စရိတ်နဲ့ တက်ေ ရာက်ခဲ့ပြီး ဘွဲ့ရပြီးတဲ့နောက်မှာ Xerox ကုမ္ပဏီမှာ အရောင်းဝန်ထမ်း လုပ်ခဲ့ ပါတယ်။ အဲ့ဒီနောက်မှာ ဆွီဒင် ကော်ဖီလုပ်ငန်းတစ်ခုဖြစ်တဲ့ Hammarplast မှာ အထွေထွေမန်နေဂျာအဖြစ်လုပ်ခဲ့ပြီး ဆီယက်တဲလ်မြို့အခြေစိုက် ကော် ဖီစေ့အရောင်းဆိုင်တစ်ခုဖြစ်တဲ့ Starbucks နဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ ဒီနောက်မှာတော Starbucks ကုမ္ပဏီမှာ ဆက်လုပ်ဖြစ်ပြီး ကမ္ဘာ့ကသိတဲ့ Starbucks ကော်ဖီလုပ်ငန်းကြီးကို တည်ထောင်လာနိုင်ခဲ့ပါတယ်။

၆။ Dr. Dre
လွန်ခဲ့တဲ့ ရာစုနှစ်အတွင်းမှာ Rap ဂီတဟာ မြေအောက် အပျော်တမ်း လှုပ် ရှားမှုတွေကန ကမ္ဘာနဲ့ချီတဲ့ ရေစီးကြောင်း တစ်ခုဖြစ်လာခဲ့ပါတယ်။ Rap ဂီတနဲ့ ပတ်သက်လာရင် Dr. Dre လို့ လူသိများကြတဲ့ Andre Youngေ လာက် လွှမ်းမိုးနိုင်သူ အနည်းစုပဲရှိပါတယ်။ Dr. Dre ဟာ Rap လောကမှာ သြဇာတိက္ကမကြီးမားလှတဲ့ N.W.A Rap Group ရဲ့ တည်ထောင်သူ အဖွဲ့ ၀င်ဖြစ်သလို့ တစ်ဦးချင်းလုပ်ရှားမှုတွေလည်း ရှိပါတယ်။ သူရဲ့အထူးချွန်ဆုံး အပိုင်းကတော့ Mixing Board နောက်မှာပဲဖြစ်ပါတယ်။ Dr. Dre ဟာ အေ အာင်မြင်ဆုံး Rapper လို့ ချီးကျူးဂုဏ်ပြုခံရတဲ့ Eminem ကို မြေတောင်ြေ မှာက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ အနုပညာရှင်၊ ထုတ်လုပ်သူ စတာတွေ အပြင် Dr. Dre ဟာ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်ပါ တယ်။ Aftermath Records အမည်ရ အသံသွင်းလုပ်ငန်းတစ်ခုကို တည်ေ ထာင်ထားသလို Beats အမှတ်တံဆိပ်နဲ့ Headphones တွေကိုလည်း ထုတ် လုပ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဒီ Headphones မူပိုင်ခွင့်ကို Apple ကုမ္ပဏီက ဒေါ်လာ (၃)ဘီလီယံနဲ့ ၀ယ်ယူခဲ့တဲ့အတွက် Dr. Dre ဟာ အချမ်း သာဆုံး Rapper တစ်ယောက်လည်း ဖြစ်လာခဲ့ပါတယ်။

၅။ Alan Rickman
Alan Rickman ဟာ အခုချိန်မှာ ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ လေးစား ဂုဏ်ယူဖွယ် နာမည်တစ်ခုဖြစ်နေပေမယ့် သူ့ဘ၀ရဲ့အစပိုင်း ဆယ်စုနှစ် သုံးခုလောက်က ရုပ်ရှင်ရိုက်ကွင်းနားတောင် မရောက်ဖူးခဲ့ပါဘူး။ ငယ်စဉ် အခါက ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက်အနေနဲ့ အလုပ်လုပ်ခဲ့ပြီး အသက်(၂၆ )နှစ် အရွယ်မှာ တစ်သက်မှာတစ်ခါပဲ ရှင်သန်ရတယ်ဆိုတာကို တွေးမိခဲ့ ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းစပ်လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းကို ပစ် ထားခဲ့ပြီး သရုပ်ဆောင်လောကကို ၀င်ရောက်ခဲ့ပါတယ်။ အစပိုင်းမှာ အ၀တ် အစားဆင်ယင်ပေးသူအဖြစ်နဲ့ လုပ်ကိုင်စားသောက်ရပြီး သရုပ်ဆောင် စွမ်း ရည်ကို လက်ခံလာနိုင်အောင် ကြိုးစားခဲ့ရပါတယ်။ သူ့ကို လူသိများအောင်ြ မင်စေခဲ့တာကတော့ Die Hard ဇာတ်ကားမှာ မင်းသားကြီး Bruce Willis ရဲ့ ဆန့်ကျင်ဘက် ဗီလိန် Hans Bruber အဖြစ်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါ တယ်။ အဲ့ဒီနောက်မှာတော့ နာမည်ကျော် ဗီလိန်ဇာတ်ဆောင်တစ်ေ ယာက်ဖြစ်လာပြီး Harry Potter စီးရီးတွေထဲက Severus Snape အဖြစ်နဲ့ လည်း သရုပ်ဆောင်ခဲ့ပါသေးတယ်။ Alan Rickman သရုပ်ဆောင်အဖြစ်နဲ့ ပထမဆုံး စတင်သရုပ်ဆောင်ရချိန်မှာ သူ့အသက် (၄၆)နှစ် ရှိနေပြီဖြစ် ပါတယ်။

၎။ Barack Obama
အမေရိကန်သမ္မတ Barack Obama ကလည်း မယုံနိုင်လောက်စရာေ အာင်မြင်မှုကို ရယူနိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ Obama ကို အသက်(၁၈)နှစ် အရွယ် တက္ကသိုလ်ကျောင်းသူ မိခင်နဲ့ သူမထက် (၆)နှစ်ကြီးတဲ ကင်ညာနိုင် ငံသားဖခင်တို့က ဟာဝိုင်အီမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူရဲ့ ဘ၀က ပုံမှန် အတိုင်းပဲ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ကိုလံဘီယာတက္ကသိုလ်ကနေ ဘွဲ့ ရပြီးတဲ့နောက်မှာ Chicago က လူမှုအဖွဲ့အစည်းတစ်ခုမှာ နှစ် အနည်းငယ် ကြာအောင် အလုပ်လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Harvard ဥပဒေေ ကျာင်းကို တက်ရောက်ခဲ့ပြီး Harvard ဥပဒေပြန်လည်စိစစ်ရေးအဖွဲ့ရဲ့ အယ် ဒီတာဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဥက္ကဌအထိ ဖြစ်လာခဲ့ပါတယ်။ ဥပဒေနဲ့ (၁၂)နှစ်ကြာအောင် အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီးနောက်မှာတော့ အမေရိ ကန်ဆီးနိတ်လွှတ်တော်မှာ ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ အေ မရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံ သား လူမည်းသမ္မတဖြစ်လာခဲ့ပါတယ်။

၃။ Harlan Sanders
Harlan Sanders ဆိုတဲ့ နာမည်ကို သတိမရရင်တောင်မှ KFC ဆိုရင် သိပြီးသားဖြစ်မှာပါ။ Harlan Sanders ဟာ သူ့ဘ၀တစ်လျှောက်လုံးမှာ အလုပ်ပေါင်းစုံကို လုပ်ခဲ့ဖူးပြီး ကံကြမ္မာက မျက်နှာသာပေးခြင်းမခံခဲ့ရဖူး သူ ဖြစ်ပါတယ်။ သူဟာ ရှေ့နေတစ်ယောက်အဖြစ်ကနေ အလုပ်ပြုတ်ခဲ့ဖူးသ လို သူပိုင်ဆိုင်တဲ့ စားသောက်ဆိုင်နဲ့ မော်တယ်တို့လည်း မီးလောင်းပျက်စီး သွားခဲ့ဖူးပါတယ်။ ဒီအရာတွေကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပေမယ့် ဒုတိယ ကမ္ဘာစစ်ကြောင့် စီးပွားရေးအဆင်မပြေဖြစ်ခဲ့ရပြန်ပါတယ်။ နောက်ဆုံး မှာတော့ Harlan Sanders ဟာ KFC ကြက်ကြော်လုပ်ငန်းစုကြီးကို (၁၉၅၂) ခုနှစ်မှာ တည်ထောင်နိုင်ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။

၂။ Oprah Winfrey
ဒီကမ္ဘာမှာ Oprah Winfrey လောက် အမေရိကန်အိပ်မက် မက်ဖူးတဲ့သူ ရှိမှာမဟုတ်လောက်ပါဘူး။ ဆယ်ကျော်သက်အရွယ် Single Mother တစ်ေ ယာက်ရဲ့ သမီးဖြစ်သူ Oprah ဟာ လိမ္မာထက်မြက်ပြီး ရည်မှန်းချက်ကြီး သူဖြစ်ပါတယ်။ သူမရဲ့ ပါရမီနဲ့ အရည်အချင်းက စကားပြောအစီအစဉ်တွေ အတွက် အဆင်ပြေအောင်မြင်ခဲ့ပါတယ်။ အခုဆိုရင် ၂၁ ရာစုရဲ့ ကမ္ဘာ့သြ ဇာတိက္ကမအကြီးဆုံး ပုဂ္ဂိုဟ်စာရင်းမှာ ပါဝင်ခဲ့ပြီး အော်စကာဆန်ကာ တင် မင်းသမီး၊ ဘီလျံနာနဲ့ အမေရိကန်မှာ အရက်ရောဆုံး ပရဟိတသမှားတစ်ေ ယာက်လည်း ဖြစ်နေပါပြီ။

၁။ J.K. Rowling
Harry Potter စာအုပ်တွေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ ကမ္ဘာတစ်ဝှမ်းကျော် ကြားအောင်မြင်လာတဲ့အတွက် ဒီစာအုပ်တွေရဲ့ စာရေးဆရာမ J.K Rowling ရဲ့ အောင်မြင်မှုကို မှန်းဆကြည့်နိုင်မှာပါ။ ဒါပေမယ့် J.K. Rowling ဟာ သူမရဲ့ပထမဆုံး စာအုပ်ကို ထုတ်ဝေပေးမယ့် စာအုပ်တိုက်ကို တွေ့ဖို့ အချိန်တစ်နှစ်လောက် ကြာခဲ့ပါတယ်။ စာအုပ်တိုက်ပေါင်းများစွာ သူမရဲ့စာမူ ကို ငြင်းပယ်ခံနေချိန်တစ်လျှောက်လုံးမှာ ဘ၀ကို ဆင်းဆင်းရဲရဲနဲ့ ဖြတ်သန်း ခဲ့ရပါတယ်။ အခုဆိုရင်တော့ သူမစာအုပ်တွေရဲ့ အောင်မြင်မှုနဲ့အတူ ဗြိတိန် မှာ အချမ်းသာဆုံး ပုဂ္ဂိုဟ်တစ်ဦးဖြစ်လာတဲ့အပြင် စာရေးခြင်းကနေ ဒေါ်လာ ဘီလီယံချီရရှိတဲ့ ဘီလျံနာတစ်ယောက်လည်း ဖြစ်နေပါပြီ။

Credit: Gentleman

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service