စလစ်မြေ၀ယ်မည်ဆိုပါက အမည်ပေါက်ဖြစ်ကြောင်း စိစစ်ရန်လို - Property Knowledge in Myanmar from iMyanmarHouse.com
2156 Views

စလစ်မြေ၀ယ်မည်ဆိုပါက အမည်ပေါက်ဖြစ်ကြောင်း စိစစ်ရန်လို

Knowledge | Posted by Shwe Zin Win

ရန်ကုန်မြို့စွန် မြို့နယ်များတွင် ဂရန်မရှိသေး သော ပါမစ်မြေများ၊ စလစ်မြေ များကို ၀ယ်ယူမည်ဆိုပါက စလစ်ဟောင်းများ၊ မိတ္တူကူးထားသော စလစ် များနှင့် စလစ် အမည်ပေါက်သူ မဟုတ်ဘဲ တစ်ဆင့်ခံရောင်းချခြင်းများ ရှိနေေ သာကြောင့် နစ်နာမှုမရှိစေရန် ပိုင်ဆိုင်မှုအထောက်အထား၊ စာရွက်စာတန်း များကို သေချာစိစစ်ဝယ်ယူသင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြော
သည်။


"မြို့စွန်မှာ စလစ်မြေ၀ယ်မယ်ဆိုရင် မြေ ရောင်းမယ့်သူနဲ့ သက်ဆိုင်ရာ မြေ စာရင်းရုံးမှာရှိတဲ့ ပါမစ်စာရွက်ထဲမှာပါတဲ့ နာမည်ပေါက် ဓာတ်ပုံနဲ့ ကိုက်ညီမှု ရှိ၊ မရှိ သေချာစိစစ်သင့် တယ်။ ပါမစ်စာရွက်ထဲမှာ ပါတဲ့သူနဲ့ ရောင်းတဲ့ သူ မတူရင် ဒီလိုမြေကွက်မျိုးကို မ၀ယ်သင့်ဘူး"ဟု ရွှေကံမြေ အိမ်ခြံမြေ ၀န်ေ ဆာင်မှု လုပ်ငန်းမှ ဦးခင်မောင်အေးက ပြောသည်။


စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦး ရန်အောင်က "စလစ်မြေတွေကို ၀ယ်မယ်ဆိုရင် မြို့ရွာနဲ့အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှာ သေချာအောင် အရင်စုံစမ်းသင့်တယ်။ စလစ်တစ်ခုတည်း ကို ကော်ပီပွားပြီးရောင်းနေတဲ့ စလစ်အတုတွေရှိ သလို ပါမစ်လျှောက်ပြီးသား
တွေကို ပြန်ရောင်း စားတဲ့ စလစ်တွေလည်း ရှိတယ်။ ပြန်သိမ်းတဲ့ မြေနဲ့မ တိုးအောင်လည်း ဂရုစိုက်ရမယ်"ဟု ပြောသည်။


ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်နှင့် မြို့စွန် နေရာများတွင် ယခင်က ကျူးေ ကျာ်နေခဲ့သူများ ကို စလစ်များထုတ်ပေးလျက်ရှိပြီး ထိုစလစ်မြေများကို ၀ယ်ယူ ရန် စိတ်ဝင်စားသူများသော ကြောင့် စလစ်မြေဈေးကွက် ကောင်းမွန်လျက် ရှိကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။ "ရန်ကုန်မှာ တိုက်ခန်းေ တွထက် မြေကွက် ဈေးကွက်က ပိုအမြတ်ရနိုင်ခြေများလို့ မြေကွက် ဆိုရင် ၀ယ်ချင်တဲ့သူများတယ်။

နေရာစည်ကားလာပြီဆိုရင် မြေဈေးတွေက ခန့်မှန်းထားလို့ မရနိုင်အောင်
ကို ဈေးတက်သွားတာ။ ရန်ကုန် မှာ ၀ယ်စရာမြေကွက်တွေက ရှားပါးလာ ပြီး မြေဈေးတွေက အရမ်းဈေးကြီးနေတော့ ဂရန် မြေကွက်ကို မ၀ယ်နိုင်သူေ တွက ဂရန်မြေတွေလို ဈေးမမြင့်သေးတဲ့ ပါမစ်မြေတွေ၊ စလစ်မြေတွေကို ၀ယ်ဖို့ စိတ်ဝင်စားလာကြတယ်"ဟု ဒဂုံ မြို့သစ်(အရှေ့ပိုင်း) မြို့နယ်မှ
အိမ်ခြံမြေ အကျိုးဆောင် ဦးအောင်ထွန်းကပြောသည်။

မြို့စွန်တွင် ဈေးကစားရန်မြေကွက်ဝယ်ယူသူ များသည် ဂရန်ရှိသော မြေ ကွက်များထက် စလစ်ရှိသောမြေကွက်များကိုဝယ်ယူရန် ပိုမိုစိတ်ဝင်စား ကြကြောင်း ဦးခင်မောင်အေးကပြောသည်။

"ဂရန်မြေနဲ့ စလစ်မြေက ဈေးအရမ်းကွာ တယ်။ မြေကွက်ဝယ်ထားမယ့် သူတွေက ဂရန် ရှိတဲ့ မြေကွက်ဝယ်ဖို့ထက် စလစ်ရှိတဲ့မြေကွက် ကိုဝယ်ပြီး ပါမစ်ရအောင်စောင့်တယ်။ ဆက် စောင့်နိုင်သေးတဲ့သူက ဂရန်ထိရအောင်ေ စာင့် ပြီး ဂရန်ရတာနဲ့ ပြန်ရောင်းကြတယ်"ဟု ၎င်းက ပြောသည်။


ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အစွန်းပိုင်းတွင် လွန်ခဲ့သော အနှစ် ၂၀ ခန့်က မြေကွက်များတွင် မိမိဆန္ဒအလျောက်ဝင်ရောက်နေထိုင်သူများကို စလစ်များထုတ်ပေးခဲ့ပြီး ပေ ၂၀ ပေ ၆၀ အကျယ်ရှိသော ထိုမြေကွက်များ ကို ပြန်လည်ဝယ်ယူရန် စိတ်ဝင်စားသူများလျက်ရှိကြောင်း ဦးအောင်ထွန်း
ကပြောသည်။


"မြေတစ်ကွက်ကို သိန်း ၄၀ ကျော်လောက် ပေါက်ဈေးရှိတယ်" ဟု ၎င်းက
ပြောသည်။ စိုင်းခွန်နောင်အိမ်ခြံမြေမှ အထွေထွေ မန်နေဂျာ ဦးရန်အောင်က "စလစ်မြေတွေက ပါမစ်မြေမဟုတ်သေးလို့ ခိုင်မာမှုတော့ မရှိ သေးဘူး။ ဒါပေမဲ့ စလစ်မြေကို အိုးအိမ်ဌာနမှာ စုံစမ်းပြီး မှန်ကန်တယ်ဆိုရင် ဒီမြေ ကွက်ဈေး တွေက သိန်း ၄၀ ဖြစ်ဖြစ် သိန်း ၆၀ ဖြစ်ဖြစ် ၀ယ်ကြမှာပဲ။ ဒီစ လစ်မြေတွေအတွက် အိုးအိမ်ဌာနမှာ ငွေသွင်းပြီး ပါမစ်ပြန်ထုတ်ပေးရင် ခိုင်မာသွားပြီပေါ့"ဟု ပြောသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံဆိပ်ကမ်း မြို့နယ်နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်များ တွင် ပါမစ်မြေအဖြစ်ချပေးသော မြေအနည်းစုသာ ရှိပြီး အများစုမှာ စလစ်မြေအဖြစ် စတင် ချပေးပြီးနောက်ပိုင်းတွင် ပါမစ် ထုတ်ပေးခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။ "ရန်ကုန်မြို့နယ်မှာ မြေနေရာ
လိုအပ်ချက်တွေများလို့ မြို့ကိုချဲ့တဲ့သဘောနဲ့ ဒဂုံမြို့သစ်လေးမြို့နယ်မှာ ရှိ တဲ့ မြေနေရာလွတ်တွေကို စလစ်မြေကတစ်ဆင့် ပါမစ်မြေ၊ ဂရန်မြေဆိုပြီး တရားဝင်မြေဖြစ်အောင် အဆင့်ဆင့်ချပေးနေတာဖြစ်တယ်။ နောက်ပိုင်းမှာ စလစ်မြေတွေ ရှားသွားမှာပါ"ဟု ဦးရန်အောင်ကပြောသည်။

စလစ်မြေနှင့် ပါမစ်မြေများမှာ ပိုင်ဆိုင်မှု အထောက်အထား ခိုင်မာပြီး နောက် ပိုင်း စည်ကားလာပါက မြေဈေးမှာ မခန့်မှန်းနိုင်အောင် အဆများစွာ မြင့် တက်သွားနိုင်ကြောင်း အိမ်ခြံ မြေအကျိုးဆောင်များက ပြောသည်။

"အခုမှ နေရာချပေးတဲ့ စလစ်တွေတောင် စတုရန်းပေ ၁,၂၀၀ ကို သိန်း ၄၀ လောက်ဈေး ပေါက်တယ်။ ဒါတောင် လမ်းမဘက်လား၊ အတွင်းဘက် လား မဲမနှိုက်ရ သေးဘူး။ ကျွန်တော့ စလစ်ကို သိန်း ၄၀ လာပေးတာ ကျွန်ေ တ်ာမရောင်းသေးဘူး။ မဲနှိုက်ပြီး လမ်းမဘက်ဆိုရင် ပိုတောင်ဈေးရဦးမှာ။ အချိန်နည်းနည်း ကြာလာလို့ ပိုစည်ကားလာရင် မြေဈေးတွေက ထပ်တက်ဦး မှာပဲ"ဟု ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် မြို့စွန်တွင်နေထိုင်သူ ဦးထွန်းခင် က ပြောသည်။ စလစ်မြေများဝယ်ယူ လျှင် သေချာမှုရှိစေရန် မြေကွက် အေ ကြာင်းကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနတွင် စိစစ်နိုင်ပြီး သေချာပါက ယုံကြည်စိတ်ချစွာ ၀ယ်ယူနိုင်ကြောင်း ရွှေကံမြေအိမ်ခြံမြေအကျိုးဆောင်မှ
ဦးခင်မောင်အေးက ပြောသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၏ လမ်းမတန်း ရှိမြေကွက်များမှာ ပြီးခဲ့ေ သာနှစ်နှင့်နှိုင်းယှဉ် ပါက ၃၀ မှ ၄၀ ရာခိုင်နှုန်းခန့်အထိ ဈေးတက်သွား ပြီး ရပ်ကွက်တွင်း၌ ထူးထူးခြားခြား ဈေးတက် ခြင်းမျိုးမဟုတ်ဘဲ ရန်ကုန်တစ်မြို့ နယ်လုံးတွင် အိမ်ခြံမြေဈေးမြင့်တက်သည့်အတွက် အနည်း ငယ်မျှဈေးမြင့် တက်သွားခြင်းဖြစ်သည်။

Credit : Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service