ရွှေဗဟိုဈေးကွက်ကို မရမ်းကုန်းမြို့နယ်အတွင်းတွင် ဖော်ဆောင်သွားရန် မြေနေရာသတ် မှတ်ပေးထားဟုဆို - Property News in Myanmar from iMyanmarHouse.com
891 Views

ရွှေဗဟိုဈေးကွက်ကို မရမ်းကုန်းမြို့နယ်အတွင်းတွင် ဖော်ဆောင်သွားရန် မြေနေရာသတ် မှတ်ပေးထားဟုဆို

ရွှေဗဟိုဈေးကွက် (Myanmar Gold Center Market MGCM) ကို ရန် ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အတွင်းရှိ ခြောက်မိုင် နှင့်ခုနစ်မိုင် ဝန်းကျင် တွင်ဖော်ဆောင်သွားရန် နိုင်ငံတော်မှ မြေနေရာ သတ်မှတ် ပေးလိုက်ပြီဖြစ်ေ ကြာင်း ရွှေဗဟိုဈေးကွက်ဖော်ဆောင်ရေးကော်မတီမှ သိရသည်။

လက်ရှိတွင် ရွှေဗဟိုဈေးကွက်အတွက် နေရာသတ်မှတ်ထားပြီးဖြစ်ကာ စီမံ ကိန်းကာလကို သုံးနှစ်ကြာမြင့်နိုင်မည်ဟုခန့်မှန်းထားပြီး စီမံကိန်းစတင်မည့် ကာလ၊ ဈေးကွက်ဖော်ဆောင်မည့်နေရာအတိအကျနှင့် ရွှေဗဟိုဈေးကွက် နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ယခု သြဂုတ်လကုန် တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ သတင်းအချက်အလက်များ ထုတ်ပြန် ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရွှေဗဟိုဈေးကွက်တွင် ဘဏ်များ၊ အာမခံအဖွဲ့အစည်းများ၊ ငွေကြေး အဖွဲ့အစည်းများပါဝင်မည်ဖြစ်ပြီးရွှေလုပ်ငန်းရှင်များနှင့် ပြည်သူများ အနြေ ဖင့် ရွှေဗဟိုဈေးကွက်တွင် အာမခံနှင့် အတူ လွယ်ကူစွာ ရောင်းဝယ်နိုင် မည်ဖြစ်ကာ ရွှေဗဟိုဈေးကွက်တွင် ဝင်ရောက်အရောင်း အဝယ်ပြုလုပ်လို သူများအနေဖြင့် မိမိတို့အ ရောင်းအဝယ်ပြုလုပ်လိုသည့် ငွေပမာဏကို Deposit တင်ရမည့်စနစ် ပါဝင်မည်ဖြစ် သောကြောင့် အရောင်းအဝယ်ြ ပုလုပ်နေစဉ် အတွင်း ငွေကြေးလိမ်လည်မှုနှင့် ရောင်းမှား ဝယ်မှားဆိုင်ရာ ကိစ္စများကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ရွှေဗဟိုဈေးကွက် ဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဟန်က "ဒီဟာ က စီးပွားရေးဈေးကွက်တစ်ခု ဖြစ်တာကြောင့် အစအဆုံး One Stop Services ဖြစ်ရမှာ ဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီမှာ ဘဏ်တွေရော၊ အာမခံ ကိုယ်စားလှယ်ရုံးတွေရော ပါဝင်မှာ ဖြစ်တဲ့အတွက်ကြောင့် နေရာကို ကျယ် ကျယ် ယူရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် စီမံကိန်း ကာလကလည်း အနည်းဆုံး သုံးနှစ်လောက် ကြာမြင့်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲ့ဒါကြောင့် လောေ လာဆယ်မှာတော့ ခြောက် မိုင်နဲ့ ခုနစ်မိုင်ဝန်းကျင်မှာ ကျွန်တော်တို့ စတင်ြ ပီးတော့ ဖွင့်သွားပြီးတော့မှ ကျွန်တော် တို့ရော င်းဝယ်မှုတွေအားလုံးကို ပြည် သူလူ ထုနဲ့ စတင်ပြီးတော့ မိတ်ဆက်ပေးတာတို့၊ Awareness ပေးတာတို့ကို လုပ်ပေးသွားဖို့ စီစဉ်ထားပါတယ်""ဟု သြဂုတ် ၁၇ ရက်က ဒီမိုကရေစီတူေ ဒးသို့ ပြောသည်။

ရွှေဗဟိုဈေးကွက် တည်ထောင်ပြီးပါ က ရွှေနှင့်စိန်ကို ပြည်ပနိုင်ငံများနှင့် အိတ်စပို့ အင်ပို့ ပြုလုပ်နိုင်မည်ဖြစ်ပြီး ဈေးကွက်အတွင်း တရားမဝင် ရောင်း ဝယ်ဖောက်ကားခြင်းများ လျော့နည်းသွားစေမည်ဖြစ်ကာ ဒေါ်လာဈေး နှင့်ရွှေဈေး တည်ငြိမ်လာစေရန်အတွက် ထိန်း သိမ်းသွားနိုင်မည်ဖြစ်ကြောင်း သိရ သည်။

"အဲ့ဒီဈေးကွက်ကို ဖော်ဆောင်နိုင်ခဲ့ ရင် ကျွန်တော်တို့နိုင်ငံရဲ့ ငွေကြေးေ ဈးကွက် တည်ငြိမ်သွားမယ်""ဟု ဦးခင်မောင်ဟန်က ဆက်လက်ပြောသည်။
ရွှေဗဟိုဈေးကွက် ပေါ်ပေါက်လာပါက ရွှေနှင့်စိန်ကို ပြည်ပနိုင်ငံများသို့ တရားဝင် အိတ်စပို့အင်ပို့လုပ်ခွင့် ရရှိမည်ဖြစ်သည့် အတွက်ကြောင့် နိုင်ငံေ တ်ာအစိုးရဘက်မှ လည်းအခွန်ငွေများ ပိုမိုရရှိလာနိုင်မည် ဖြစ် ကြောင်း လည်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။

မြသင်္ဂီရွှေဆိုင်မှ ဦးကိုလေးက "ရွှေဗဟို ဈေးကွက်သာ ပြီးသွားခဲ့ရင် ပြည် တွင်းက ရွှေလိုအပ်ချက်ရှိတဲ့ အခါမှာလည်း ပြည်ပနိုင်ငံတွေကနေ တရား ဝင်တင်သွင်းလာနိုင် မယ်။ အဲ့ဒီအခါ နိုင်ငံတော်ဘက်ကလည်း အခွန်ငွေ တိုးပြီး ရလာနိုင်တယ်"ဟု ဒီမိုက ရေစီတူဒေးသို့ ပြောသည်။ရွှေဗဟိုေ ဈးကွက်ဖော်ဆောင်ရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန် မာနိုင်ငံတော် ဗဟိုဘဏ်၊မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းနှင့်မြန်မာ့ေ ရွှဖွံ့ဖြိုးရေး အများပိုင် ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါရွှေဗဟိုဈေးကွက် နေရာကို အမှတ် (၃) လမ်းမကြီးနှင့် ခရေပင် လမ်း ထောင့်တွင် သတ်မှတ်ပေးထားသော်လည်း ထိုနေရာတွင် အကောင် အထည်ဖော်ရန် နှစ် ချီကြာမြင့်နိုင်ခြင်းနှင့် လုံခြုံရေးကိစ္စတို့ကြောင့် ယာယီ

အနေဖြင့် မြန်မြန်ဆန်ဆန်အကောင် အထည်ဖော်နိုင်မည့် ခြောက်မိုင်နှင့် ခုနစ် မိုင်ဝန်းကျင်အကြားရှိ နေရာတစ်နေရာကို ပေးထားရာ အဆိုပါနေရာ သည် IBC ( International Business Center) ဖြစ်ဖွယ်ရှိ ကြောင်း သိရ သည်။

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

myat-ingyin
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service