သီရိမင်္ဂလာဈေးဟောင်းကို ဖျက်သိမ်း သင့်၊ မသင့် တိုင်းအစိုးရအဖွဲ့ စစ်ဆေးမည် - Property News in Myanmar from iMyanmarHouse.com
1123 Views

သီရိမင်္ဂလာဈေးဟောင်းကို ဖျက်သိမ်း သင့်၊ မသင့် တိုင်းအစိုးရအဖွဲ့ စစ်ဆေးမည်

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်မှ သက်တမ်းနှစ် ၂၀ ကျော်ရှိ သီရိမင်္ဂလာဈေးဟောင်းနေရာကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားသောကြောင့် ဖျက်သိမ်းရမည့် အဆောက်အအုံ ဟုတ်၊ မဟုတ် တိုင်းအစိုးရအဖွဲ့က စစ်ဆေးမည်ဖြစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက ပြောကြားသည်။

လက်ရှိ အဆိုပါဈေးကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားသော်လည်း ဖျက်သိမ်းမည့် အစီအစဉ်ကို ခေတ္တရပ်ဆိုင်းထားပြီး သီရိမင်္ဂလာယာဉ် ရောင်းဝယ်ရေးစခန်းရှိ ယာဉ်များကို ဆက်လက် ရပ်နားခွင့်ပြုထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အခု သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဆီကို စာတင်ထားတယ်။ ဥက္ကဋ္ဌက တိုင်းအစိုးရအဖွဲ့နဲ့ ညှိနှိုင်းမယ်။ အစိုးရအဖွဲ့က လာစစ်ဆေးမယ်လို့ သိရတယ်။ ၂၁ ရက်နေ့ကျ အဖြေသိရမယ်”ဟု ဦးခင်ဝင်းကဆိုသည်။

ကြည့်မြင်တိုင်မြို့နယ်ရှိ အဆိုပါ ဈေးနေရာတွင် ဖွင့်လှစ်ထားသော ယာဉ်ရောင်းဝယ်ရေးစခန်းကို ဩဂုတ်လ ၁၇ ရက်က စတင် ပိတ်သိမ်းလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“သီရိမင်္ဂလာယာဉ် ရောင်းဝယ်ရေးစခန်းက အဆောက်အအုံကို အန္တရာယ်ရှိတယ်လို့ ကြေညာတဲ့အတွက် ဩဂုတ်လ ၁၇ ရက်မှာ ပိတ်သိမ်းကတည်းက ဌာနအနေနဲ့ ယာဉ်ရပ်နားခ တစ်နေ့ နှစ်ရာ မကောက်ခံတော့ဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရုံးချုပ်က တာဝန်ရှိသူတွေ ဆုံးဖြတ်မှာပါ”ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အခွန်ဌာနမှ အကြီးတန်းအရာရှိ တစ်ဦးကဆိုသည်။

ရန်ကုန်တိုင်းတွင် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်း၊ လှိုင် ယာဉ်ရောင်းဝယ်ရေးစခန်းနှင့် သံသုမာ ယာဉ်ရောင်းဝယ်ရေးစခန်း သုံးခုသာရှိပြီး လက်ရှိ သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်း၌ ယာဉ်စီးရေ ၇၀ဝ ကျော် ရပ်နားလျက်ရှိသည်။

သီရိမင်္ဂလာဈေးကို ၁၉၉၇ ခုနှစ်က ငါးထပ် အဆောက်အအုံဈေးအဖြစ် စတင် တည်ဆောက်ခဲ့ပြီး ၁၉၉၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး ယင်းဈေးသည် မြန်မာတစ်နိုင်ငံလုံးကို လက်ကားဖြန့် ရောင်းချနေသော ကုန်စိမ်းဈေးကြီးဖြစ်ခဲ့ကာ ရန်ကုန်စည်ပင်က (က) အဆင့် သတ်မှတ်ထားသည့်ဈေးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

၂၀၁၀ ခုနှစ်မှ စတင်ကာ သီရိမင်္ဂလာဈေး တစ်ခုလုံးကို လှိုင်မြို့နယ် ပိတောက်ချောင်းအနီး ဘုရင့်နောင်လမ်းပေါ်ရှိ ယခင်ရတနာဖွဲနု ဆီစက်ဝင်းအတွင်း ပြောင်းရွှေ့ခဲ့ပြီး ယင်းနှစ်တွင်ပင် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းကို ဈေးဟောင်းတွင်ပင် ဖွင့်လှစ်ခဲ့သည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service