အောင်မြင်သူတွေဟာ ဘာကြောင့် Backup Plan ကို အလေးထားကြတာလဲ - Property Knowledge in Myanmar from iMyanmarHouse.com
1692 Views

အောင်မြင်သူတွေဟာ ဘာကြောင့် Backup Plan ကို အလေးထားကြတာလဲ

Knowledge | Posted by Aye Myat Thu

အရေးပေါ်စီမံကိန်းဆိုတာဟာ သင့်အနေနဲ့ ကော်ဖီဆိုင်ထိုင်၊ မုန့်စားပြီး သူငယ်ချင်းတွေနဲ့ ဆွေးနွေးတိုင်ပင်ချင်တဲ့ အရာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ စီမံကိန်းတိုင်း အတွက်တော့ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သင့်အတွက်တော့ တစ်နေ့နေ့မှာ လိုအပ်လာနိုင်ပါတယ်။ စီးပွားရေးအတွပဲဖြစ်ဖြစ်၊ ပညာရေး ပရောဂျက်အတွက်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း မိသားစု အားလပ်ရက်အတွက်ပဲ ဖြစ်ဖြစ် လိုအပ်လာနိုင်ပါတယ်။
အရေးပေါ်စီမံကိန်းတွေ ချမှတ်ရေးဆွဲကြတဲ့အခါ အကြီးမားဆုံးပြဿနာက ဒီအထဲမှာ ဘာတွေပါဝင်ရမယ်ဆိုတာ မသိကြတာပဲ။ ဒါကြောင့် plan တစ်ခုကို ပြည့်ပြည့်စုံစုံ နားလည်ပြီး ရေးဆွဲနိုင်ဖို့အတွက် အောက်မှာ လမ်းညွှန်မှု တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

အရေးပေါ်စီမံကိန်း ဆိုတာဘာလဲ

အရေးပေါ် plan ဆိုတာက ကိုယ်မမျှော်လင့်ထားတာတွေ ဖြစ်လာ၊ ကြုံဆုံလာတဲ့အခါကျရင် အလွယ်တကူ ယူသုံးနိုင်တဲ့ လုပ်ဆောင်ချက်တွေစုစည်းပေးထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ backup plan (သို့) Plan B စသဖြင့်လည်း ယူဆလို့ရပါတယ်။ အခြေအနေတစ်ရပ်ရပ်ကြောင့် မူလ main plan (သို့) original plan က အလုပ်မဖြစ်တော့တဲ့အခါမျိုးမှာ လိုက်နာဆောင်ရွက်လို့ ရနိုင်မယ့် ညွှန်ကြားချက်တွေ ပါဝင်ပါတယ်။
အရေးပေါ်စီမံကိန်း (contingency plan) ဆိုတာ အနာဂတ်မှာ ရင်ဆိုင်ကြုံတွေ့လာနိုင်တဲ့ အခက်အခဲပြဿနာတွေနဲ့ ချိန်ထိုးပြီး ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်တစ်ရပ်ဆိုလည်း မမှားပါဘူး။

အရေးပေါ်စီမံကိန်းတစ်ခု ရှိမထားဘူးဆိုရင် ဘာတွေဖြစ်နိုင်မလဲ

အကယ်၍ သင့်ရဲ့ Plan A က မမျှော်လင့်ဘဲ မှားယွင်းမှုတစ်ခုခုများ ဖြစ်သွားခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ကိစ္စတချို့ကြောင့် လက်ရှိအစီအစဉ်ကို ပြောင်းလဲပစ်ဖို့ လိုလာပြီဆိုရင် Backup Plan ရှိမထားတဲ့အတွက် အခွင့်အရေးက တော်လေးကို နည်းသွားပါလိမ့်မယ်။

အရေးပေါ်စီမံကိန်းတွေ ရေးဆွဲကြတဲ့အခါ ဘယ်အရာကို အဓိက ရှောင်ရှားရမလဲ

အရေးပေါ်စီမံကိန်းတစ်ခု ရေးဆွဲကြပြီဆိုရင် သာမန်တာဝန်လေးတစ်ခုလို မသတ်မှတ်ထားပါနဲ့။ ပြည့်ပြည့်စုံစုံနဲ့ အလွယ်တကူ ဆောင်ရွက်နိုင်တဲ့ စီမံကိန်းဖြစ်သင့်ပါတယ်။ လိုအပ်မယ့်အချက်တွေကို ဂရုတစိုက်နဲ့ စဉ်စားဆုံးဖြတ်ပြီးမှ ထည့်သွင်းသင့်ပါတယ်။ တစ်နည်းအားဖြင့်၊ အသုံးမဝင်၊ အထောက်အကူ မဖြစ်စေတဲ့အရာတွေကို ချန်လှပ်ထားရပါမယ်။

အရေးပေါ်စီမံကိန်းရေးဆွဲထားခြင်းက ဘာတွေအကျိုးအမြတ်ဖြစ်စေသလဲ

အချုပ်အားဖြင့် ပြောရရင်တော့၊ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အခက်အခဲပြဿနာတွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက် ဖြေရှင်းနိုင်မယ်။ ပြီးတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ပြန်လည်ပြုပြင်ကြတဲ့အခါ အချိန်နဲ့ ကုန်ကျစရိတ်လည်း သက်သာလာပါလိမ့်မယ်။

Credit: Lifehack

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service