ကမ္ဘာပေါ်က နည်းပညာအမြင့်မားဆုံးသော မြို့ကြီးများ - Property News in Myanmar from iMyanmarHouse.com
787 Views

ကမ္ဘာပေါ်က နည်းပညာအမြင့်မားဆုံးသော မြို့ကြီးများ

မြို့ကြီးတွေက အနာဂတ်သို့ သွားရာလမ်းကြောင်းတွေ ဖြစ်ပါတယ်။
လာမယ့် နှစ်ပေါင်း ၃၅ နှစ်လောက်အတွင်းမှာတော့ ကမ္ဘာ့လူဦးရေ
ရဲ့ သုံးပုံ နှစ်ပုံဟာ မြို့ပြဧရိယာတွေမှာ နေထိုင်နေကြလိမ့်မယ်ဆိုပြီး
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။

ဒါကြောင့်လည်း မြို့ကြီးတွေအနေနဲ့ နေထိုင်သူတွေကို နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာတွေနဲ့ အသစ်အသစ်တွေ အရာတွေ ဖန်တီးနိုင်မယ့်
အခွင့်အရေးတွေ ပေးနိုင်ရင် ပေးနိုင်သလောက် စည်ကားဝံ့ကြွား
လာနိုင်ဖို့ ရှိနေပါတယ်။အောက်ပါတို့ကတော့ ကမ္ဘာပေါ်မှာ နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာတွေ ထုတ်ဖော်ရရှိအသုံးပြုနေတဲ့ မြို့ကြီးတွေကို
ဖော်ပြပေးထားတာဖြစ်ပါတယ်။

၁.ဆန်ဖရန်စစ္စကို

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ရှိတဲ့ ဆန်ဖရန်စစ္စ
ကိုမြို့ကတော့ အဆင့်မြင့်နည်းပညာလုပ်ငန်းကြီးတွေစုဝေးရာအရပ် Silicon Valley တည်ရှိရာ မြို့ဖြစ်ပြီးတော့ ကြီးမားတဲ့ နည်းပညာ
လုပ်ငန်းကြီးတွေကနေစပြီး လုပ်ငန်းစုံ အခြေစိုက်တဲ့ ထိပ်တန်းနေရာ
တစ်ခု ဖြစ်နေတယ်ဆိုတာ ငြင်းလို့ရနိုင်မှာမဟုတ်ပါဘူး။

၂. နယူးယော့ခ်

အမေရိကန်ရဲ့ နယူးယော့ခ်မြို့ဟာလည်း နည်းပညာနဲ့ပတ်သက်လာရင်
ဟဲဗီးဝိတ်မြို့တစ်မြို့ ဖြစ်ပါတယ်။ စာရင်းဇယားတွေအရ ၂၀၁၃ တတိယ
သုံးလပတ်အတွင်းတုန်းကဆိုရင် ယင်းမြို့မှာ ရှိနေတဲ့ အဆင့်မြင့်နည်း
ပညာကုမ္ပဏီ ၇,၀၀၀ နီးပါးလောက်ကနေ အလုပ်အကိုင်ပေါင်း
၁၀၀,၀၀၀ ကျော်ကို ခန့်ထားပေးနိုင်လျက်ရှိတာကို တွေ့ရှိထားရပါတယ်။

၃. လန်ဒန်

ဗြိတိန်ရဲ့ လန်ဒန်ကတော့ ယင်းရဲ့ Crossrail ပရောဂျက်ကို စတင်
မိတ်ဆက်ပြီး ယမန်နှစ်ကတည်းက အများပြည်သူ သယ်ယူပို့ဆောင်
ရေးအိမ်မက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ၂၀၁၈ မတိုင်မီ မီးရထားလမ်း
သစ်ပေါင်း ၁၀ ခုက အသစ်စက်စက် မြေအောက်ဥမင်တွေနဲ့အတူ
ရှိရင်းစွဲဘူတာရုံ ၃၀ ကို ဆက်သွယ်ပို့ဆောင်ပေးသွားဖို့ ရှိနေပါတယ်။
ယင်းဟာ ဥရောပမှာလည်း အကြီးဆုံးဆောက်လုပ်ရေးပရောဂျက်ဖြစ်
ပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာပေါ်က ကျန်နိုင်ငံအားလုံးနီးပါးတိုင်း
ထက် ယင်းမြို့မှာ startups တွေနဲ့ ပရိုဂရမ်မာတွေ ပိုများနေတယ်လို့
သိရပါတယ်။

၎. လော့စ် အိန်ဂျလိစ်

ဒီမြို့မှာ ရှိတဲ့ အဆင့်မြင့်နည်းပညာဆိုင်ရာ အလုပ်အကိုင်အရေအတွက်
ဟာ အမေရိကန်ရဲ့ တစ်ခြားဒေသတွေထက် ပိုများနေပြီ ဖြစ်တယ်လို့
၂၀၁၄ ခုနှစ်က LA county စီးပွားရေးဖွံ့ဖြိုးမှုကော်ပိုရေးရှင်းက
ထုတ်ပြန်ခဲ့ပါတယ်။ မြို့ရဲ့ နည်းပညာလုပ်ငန်းဖွံ့ဖြိုးမှုအတွက် startup
တွေနဲ့ venture capital တွေက အဓိကနေရာကနေ ပါဝင်နေ
တယ်လို့လည်း သိရပါတယ်။

၅. ဆိုးလ်

ဆိုးလ်မြို့ကိုတော့ အနာဂတ်ရဲ့ မြို့အဖြစ် ခေါ်ဆိုခဲ့ကြပြီး ခေါ်လည်း
ခေါ်ထိုက်ခဲ့ပါတယ်။ ဆိုးလ်မြို့ဟာဆိုရင် ကမ္ဘာ့ကျန်မြို့ကြီးတွေထက်
ကျော်လွန်ပြီး နည်းပညာပစ္စည်း မူပိုင်ခွင့်တွေ ပိုတင်ထားခဲ့ပြီး ထူးခြားတဲ့
နည်းပညာတွေကိုလည်း ထုတ်ဖော်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

၆. တိုင်ပေ

စက်မှုလုပ်ငန်း ဒီဇိုင်းပိုင်းနဲ့ပတ်သက်လို့ ထိုင်ဝမ်ရဲ့ တိုင်ပေမြို့က
ဦးဆောင်သူမြို့ဖြစ်တယ်လို့ သိရပါတယ်။ လေ့လာချက်တွေအရ
လည်း ယင်းမြို့ဟာဆိုရင် ဆော့ဝဲ ပိုင်းထက်စာရင် ဟာ့ဝဲ ပိုင်းကို ပိုမို
အားစိုက်ဖန်တီးလုပ်ဆောင်နေလျက်ရှိတာကိုလည်း တွေ့ရတယ်လို့
သိရပါတယ်။ တစ်ချို့သော အိမ်သုံးရုံးသုံးကွန်ပြူတာထုတ်ကုမ္ပဏီ
တွေဖြစ်ကြတဲ့ Asus ၊ MSI ၊ Acer တို့ဟာလည်း တိုင်ပေအခြေစိုက်
တွေဖြစ်ကြပါတယ်။

၇. ဘော်စတွန်

ပြီးခဲ့တဲ့ နှစ်ကာလတွေတုန်းကဆိုရင်လည်း စိတ်လှုပ်ရှားစရာကောင်းတဲ့
နည်းပညာအများအပြား ဘော်စတွန်မြို့ကနေ ထွက်ရှိထားခဲ့ပြီး
ယင်းတို့ထဲကအများစုကတော့ ဇီဝနည်းပညာနဲ့ စက်ရုပ်နည်းပညာ
အပိုင်းတွေမှာဖြစ်ပါတယ်။

၈. စင်ကာပူ

စင်ကာပူမှာဆိုရင် နည်းပညာ ပရိုဂရမ်နဲ့ venture capitalists တွေ
ထွက်ရှိမှုအရေအတွက်များပြားနေလျက်ရှိပါတယ်။ ယင်း မြို့မှာဆိုရင်
အခြေခံအဆောက်အအုံသစ်တွေ၊ နည်းပညာမြင့် ဖန်တီးမှုတွေ
အမြဲမိတ်ဆက်ပေးနေလျက်ရှိပါတယ်။ ယခုအခါမှာလည်း ပုဂ္ဂလိက
ကားတွေထက်စာရင် အများပိုင်ရထားတွေအပေါ် ပိုမိုမှီခိုအားထားသွား
မယ့် ပို့ဆောင်ရေးစနစ်တစ်ခုကို ဖန်တီးတည်ဆောက်ဖို့ စီစဉ်နေလျက်
ရှိပါတယ်။

၉.တိုရွန်တို

Startup တွေ၊ တီထွင်ဆန်းသစ်မှု အခြေခံအဆောက်အအုံတွေနဲ့
အတူ ကနေဒါရဲ့ တိုရွန်တိုမြို့ဟာဆိုရင်လည်း နိုင်ငံရဲ့ အိုင်တီကုမ္ပဏီ
အားလုံးပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းလောက် အခြေစိုက်ရာနေရာဖြစ်ပါတယ်။
ယင်းမြို့ကလုပ်ငန်းတွေရဲ့ တစ်နှစ်တာဝင်ငွေပမာဏဟာ ပျမ်းမျှ ကန်ဒေါ်လာ ၅၂ ဘီလီယံ နဲ့ ညီမျှနေပါတယ်။

၁၀. ချီကာဂို

ချီကာဂိုမြို့ကတော့ အမေရိကန်မှာ နည်းပညာမြင့်အလုပ်အကိုင်တွေ ပေးနိုင်တဲ့ ထိပ်တန်းမြို့တစ်ခုအဖြစ် ရပ်တည်နေလျက်ရှိပြီး မြို့ပြစီမံကိန်းရေးဆွဲဖန်တီးမှုတွေကို လုပ်ဆောင်နေတဲ့ မြို့ဖြစ်ပါတယ်။ စွမ်းအင် သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်တဲ့ ပြသနာတွေကို ရှင်းနိုင်ဖို့ ရည်ရွယ်တဲ့ ပရောဂျက် CityWorks ကိုလည်းလုပ်ဆောင်နေလျက်ရှိပါတယ်။

Credit: SFJ Strategy First

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service