မာရီဝါနာ (ဆေးခြောက်) ကုမ္ပဏီတစ်ခုက ကယ်လီဖိုးနီးယားရှိ မြို့တစ်မြို့လုံးကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
4392 Views

မာရီဝါနာ (ဆေးခြောက်) ကုမ္ပဏီတစ်ခုက ကယ်လီဖိုးနီးယားရှိ မြို့တစ်မြို့လုံးကို ဝယ်ယူ

အမေရိကန်ပြည်ထောင်စု၊ နီဗားဒါးပြည်နယ် မိုဂျာဗီသဲကန္တာရအစွန်း၊ နီဗားဒါးပြည်နယ်အစွန်းတွင် တည်ရှိသော နစ်ပ်တန်အမည်ရှိ မြို့ကလေးတစ်ခုကို American Green Inc., အမည်ရှိ ဆေးခြောက်ကုမ္ပဏီတစ်ခုက ဝယ်ယူလိုက်ကြောင်း စီအင်န်အင်န် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုတွင် မြို့အမျိုးမျိုးရှိကြသည်။
ကျောက်မီးသွေးတွင်းမြို့များ၊ ရွှေတူးဖော်သည့်မြို့များ၊ ငါးဖမ်းမြို့များ အစရှိသဖြင့် ရှိကြ၏။ယခုအခါ မကြာမီတွင် ဆေးခြောက်မြို့
တစ်မြို့ ပေါ်ထွန်းလာတော့မည် ဖြစ်သည်။

မြို့အဝင်တွင် “နစ်ပ်တန်မြို့မှ ကြိုဆိုပါ၏။ စိတ်ကြိုက် ဆေးချနိုင်မည့်နေရာ” ဟူသည့် ဆိုင်းဘုတ်ကို တွေ့နိုင်သည်။
နစ်ပ်တန်မြို့၏ အကျယ်အဝန်းမှာ ဧက ၁၂၀ ခန့်ရှိပြီး လက်ရှိနေထိုင်သည့်မြို့ခံဦးရေမှာ အနည်းငယ်မျှသာရှိသည်။
ယခုနှစ်ဇန်နဝါရီလကတည်းက နစ်ပ်တန်မြို့ကလေးကို အရောင်းဈေးကွက်တင်ထားခဲ့ခြင်းဖြစ်ပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ ၅ သန်းဖြစ်သည်။

နစ်ပ်တန်ကို ကာလတာရှည်ပိုင်ဆိုင်ထားသူမှာ ဂျရဲ ဖရီးမန်းဖြစ်ပြီး ၁၉၈၀ ပြည့်လွန်အလယ်ပိုင်းကာလများတွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ဖရီးမန်းသည် လော့စ်အိန်ဂျလိအခြေစိုက် ဘူမိဗေဒပညာရှင်တစ်ဦးဖြစ်ပြီး နစ်ပ်တန်မြို့ကလေးကို ၁၉၅၀ ပြည့်လွန်ကာလများကတည်းက စိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။

၁၉၈၄ ခုနှစ်တွင် နစ်ပ်တန်ကို ဝယ်ယူရန် ကမ်းလှမ်းခဲ့ရာ လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာကြီး၏ ဖော်ပြချက်အရ ကန်ဒေါ်လာ ၂၀၀၀၀၀ ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နစ်ပ်တန်မြို့ဝန်းကျင်တွင်ရုပ်ရှင်ဇာတ်ကားများမကြာခဏလာရောက်ရိုက်ကူးလေ့ရှိကြပြီး location fee ရရှိလေ့ရှိသည်။၁၉၉၉ ခုနှစ်တွင် Antonio Banderas၊ Woody Harrelson နှင့် Lucy Liu တို့ ပါဝင်သရုပ်ဆောင်ထားသော Play It to the Bone ကို နစ်ပ်တန်တွင် ရိုက်ကူးခဲ့သည်။

၁၉၉၇ ခုနှစ်တွင် ရုံတင်ပြသခဲ့သောBreakdownဇာတ်ကားရိုက်ကူးစဉ်ကလည်း Kurt Russell သည် လော့စ်အိန်ဂျလိမြို့၊ မာလီဘူးမှ နစ်ပ်တန်သို့ ရဟတ်ယာဉ်ဖြင့် နေ့စဉ်လာရောက်ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

ဝယ်ယူလိုက်သည့် American Green Inc., ကုမ္ပဏီသည် အရီဇိုးနားပြည်နယ်အခြေစိုက်ကုမ္ပဏီဖြစ်ပြီး ဆေးခြောက်အခြေပြုနည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်သည်။နစ်ပ်တန်မြို့၏ အစောပိုင်းကာလများတွင် စာသင်ကျောင်းတစ်ခု၊ စာတိုက်တစ်ခု၊ မဲဆန္ဒနယ်တစ်ခုနှင့် လုပ်ငန်းငယ်ကလေးများစွာ တည်ရှိခဲ့သည်။

အခန်း ငါးခန်းပါ ဟိုတယ်တစ်လုံးလည်း တည်ရှိခဲ့ပြီး ၁၉၁၀ ပြည့်နှစ်တွင် မက္ကဆီကန် တယ်ရီတိုရီယယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
နစ်ပ်တန်မြို့ကလေးသည် ယခင်က ရွှေတူးဖော်သည့် မြို့ကလေးတစ်မြို့ ဖြစ်ခဲ့သည်။

မြို့နေလူဦးရေမှာ ၃၀ မှ ၇၀ ကြား အမျိုးမျိုးပြောင်းလဲနေခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်းတွင် ၆ ဦးသာရှိသည့် အချိန်ကာလရှိခဲ့ဖူးသည်။
ယခုအခါ ကော်ဖီဆိုင်တစ်ခု၊ အခန်း ၅ ခန်းပါ ဟိုတယ်တစ်လုံးနှင့် နေအိမ်အနည်းငယ်သာ ရှိတော့သည်။လက်ရှိအားဖြင့်မူ အဆိုပါမြို့ကလေးတွင် နေထိုင်သူ ၂၀ ဦးခန့်ရှိသည်ဟု ဆိုသည်။

မြို့ပြများနှင့် မဝေးလွန်းဘဲ လာ့စ်ဗီးဂပ်သို့ တစ်နာရီခန့် ကားမောင်းလျှင် ရောက်ရှိနိုင်ပြီး လော့စ်အိန်ဂျလိနှင့်လည်း ၃ နာရီခရီးသာ ကွာဝေးသည်။
လွန်ခဲ့သောနှစ်အတွင်း ကယ်လီဖိုးနီးယားနှင့် နီဗားဒါးပြည်နယ်တို့တွင် ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့် ပေးခဲ့သော်လည်း ပြည်ထောင်စု ဥပဒေအရမူ ဆေးခြောက်သည် တရားမဝင်မူးယစ်ဆေးအဖြစ် သတ်မှတ်ထားဆဲ ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မာရီဝါနာ (ဆေးခြောက်) ကုမ္ပဏီတစ်ခုက ကယ်လီဖိုးနီးယားရှိ မြို့တစ်မြို့လုံးကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
မာရီဝါနာ (ဆေးခြောက်) ကုမ္ပဏီတစ်ခုက ကယ်လီဖိုးနီးယားရှိ မြို့တစ်မြို့လုံးကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
မာရီဝါနာ (ဆေးခြောက်) ကုမ္ပဏီတစ်ခုက ကယ်လီဖိုးနီးယားရှိ မြို့တစ်မြို့လုံးကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
မာရီဝါနာ (ဆေးခြောက်) ကုမ္ပဏီတစ်ခုက ကယ်လီဖိုးနီးယားရှိ မြို့တစ်မြို့လုံးကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service