ကိုယ်ပိုင်ဘဝခရီးလမ်းတစ်ခု တည်ဆောက်နိုင်ဖို့ အကြံပြုချက် (၅) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
1388 Views

ကိုယ်ပိုင်ဘဝခရီးလမ်းတစ်ခု တည်ဆောက်နိုင်ဖို့ အကြံပြုချက် (၅) မျိုး

Knowledge | Posted by Zarni Kyaw

စစ်မှန်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ချင်ရင် သူများတွေနောက်
လိုက်နေလို့မဖြစ်ဘူး။ ကိုယ်ပိုင်လမ်းထွင်နိုင်ရမယ်။ အဲဒီလမ်းနဲ့ပဲ
ကိုယ့်ဘဝကို ပုံဖော်လျှောက်လှမ်းနိုင်ရမယ်။ရှိကြတယ်။

ကျွန်တော်တို့အားလုံးရဲ့ ရင်ထဲမှာ ကိုယ်တကယ်ချစ်မြတ်နိုးတဲ့ ဘဝတစ်ခုမှာ ရှင်သန်နေထိုင်ချင်တဲ့ စိတ်ဆန္ဒတစ်ခုတော့ ရှိကြစမြဲပါ။ ဒါပေမဲ့
လက်တွေ့မှာက ဘဝရဲ့ ကိုယ်ပိုင်လမ်းကြောင်း ထွင်းဖောက်နိုင်ဖို့က
သိပ်တော့ မလွယ်ကူပါဘူး။

လူတော်တော်များများကတော့ တိကျသေချာမှုရှိတဲ့ လမ်းတစ်မျိုးကိုပဲ လိုက်ရမယ်ဆိုပြီး မှားယွင်းလက်ခံထား ကြတယ်။ ဒါကြောင့် ကျောင်းကောင်းကောင်းမှာ တက်ရမယ်။ အလုပ်ကောင်းကောင်းလေး ရှာရမယ်။ ပြီးရင် နေသားတကျ ဖြစ်လာပြီဆိုရင် တစ်အိုးတစ်အိမ်ထူထောင်ပြီး ဘဝကို သက်သောင့်သက်သာလေး နေထိုင်မယ် စတဲ့ သူများတွေနည်းတူ လမ်းမှားကြီးကို အရိုးစွဲပြီး လိုက်လျှောက်လှမ်းနေကြတယ်။

ဒါပေမဲ့ ဒါက ဘဝရဲ့ ရပ်တည်မှုအစစ်အမှန်မဟုတ်ပါဘူး။ ကိုယ့်ဘဝကို ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာအောင် ဖန်တီးယူ နိုင်ပါတယ်။ အဲဒီလို ဖန်တီးယူတဲ့အခါမှာ သူများတွေနဲ့လည်း လုံးဝကွဲချင်ကွဲထွက်နေလိမ့်မယ်။ အခုဖော်ပြထားတဲ့ အကြံပြုချက် (၅) မျိုးက ကျွန်တော်တို့တွေရဲ့ ဘဝခရီးလမ်းထွင်းဖောက်တဲ့နေရာမှာ အထောက်အကူ အများကြီး ဖြစ်စေပါတယ်။

၁။ ပင်ကိုယ်စိတ်အခံကို နားလည်ပါ

ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့ရဲ့ ဗီဇစိတ်လို့ခေါ်တဲ့ ပင်ကိုယ်အသိစိတ်ဟာ ဘယ်ကို လျှောက်လှမ်း ရမယ်ဆိုတာ ဦးဆောင်လမ်းညွှန်ပေးနိုင်တယ်။ ဒါကြောင့် သင့်ရဲ့ စိတ်အခံကို သိနိုင်အောင်ကြိုးစားရှာဖွေပါ။ ပြီးရင် ဘဝမှာ ဘယ်အရာတွေကိုတော့ဖြင့် အမှန်တကယ်အလိုချင်ဆုံးဖြစ်ပြီး ဘယ်အရာတွေကိုတော့ဖြင့် မလိုချင်ဘူး၊ မလိုအပ်ဘူးစသဖြင့် ပိုင်းခြားပါ။

၂။ လမ်းသစ်ထွင်းပါ

ကိုယ့်ကိုယ်ကိုယ် ဆန်းသစ်ခွင့်ပေးရမယ်။ အခွင့်အလမ်းတွေကို ဖော်ဆောင်ရယူရမယ်။ ပြီးရင် သူများတွေ မလုပ်ချင်တဲ့အရာတွေ၊ မလုပ်နိုင်တဲ့အရာတွေမှာ ကိုယ်က လုပ်နိုင်အောင် ကြိုးစားရမယ်။

၃။ ကြောက်စိတ်ကို ဂရုမစိုက်နဲ့

ကြောက်စိတ်ဆိုတာ လူတို့ရဲ့ ခံစားမှုသဘာဝတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး တစ်ကြိမ်တစ်ခါလောက် တော့ ကြောက်စိတ်ဝင်တတ်ကြသူချည်းပါပဲ။ တချို့လူတွေကတော့ သူများထက်ကို ပိုကြောက်တတ်တဲ့ပုံပဲ။ တကယ်လည်း သူတို့ရင်ထဲကနေ နက်နက်ရှိုင်းရှိုင်းကို ခံစားပြီး ကြောက်တတ်ကြတယ်။
ဒါကြောင့် ကိုယ်ပိုင်ဘဝခရီးလမ်းတစ်ခု ဖန်တီးဖော်ဆောင်တဲ့အခါမှာလည်း ကြောက်စိတ်တော့ နည်းနည်း ဖြစ်ဖြစ် ဝင်မိမှာပါပဲ။ ဒါက အရေးမကြီးပါဘူး။ ကိုယ့်ရဲ့ အိပ်မက်ကမ္ဘာထဲမှာ ရှင်သန်နေထိုင်နိုင်ဖို့ရာအတွက် သတ္တိအရှိဆုံးလူ၊ တစ်နည်းအားဖြင့် အရဲရင့်ဆုံးလူသားတစ်ယောက် ဖြစ်ရမယ်လို့ ဘယ်သူမှ မဆိုထားခဲ့ပါဘူး။ လိုလည်း မလိုအပ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကြောက်စိတ်ကို ကိုယ်တိုင် ရင်ဆိုင်တိုက်ထုတ်ပြီး ရှေ့ကို ဆက်လျှောက်နိုင်ရမယ်။

၎။ လမ်းကြောင်းကြည့်ထားပါ

ကိုယ်ပိုင် ဘဝလမ်းကြောင်းတစ်ခုကို စတင်ရှာဖွေတော့မယ်ဆိုရင် အရင်ဆုံး လမ်းကြောင်းတွေကြည့်ထားဖို့လို တယ်။ ဘာဖြစ်လို့လဲဆိုရင် မတော်တဆ ကျဆုံးသွားခဲ့မယ် (သို့) ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရမယ်ဆိုရင် ပြန်ပြီး ရုန်းကန်လှုပ်ရှားနိုင်ဖို့ လိုပါတယ်။ အဲဒီလိုမှ ကြည့်မထားဘူး၊ ဖန်မထားဘူးဆိုရင်တော့ ဘဝကို ပုံဖော်ရတာ အရမ်းခက်သွားပါလိမ့်မယ်။

၅။ အရှုံးမပေးနဲ့

တကယ်ကို သင့်အနေနဲ့ ကမ္ဘာပေါ်မှာ ကိုယ်ပိုင်လမ်းထွင်ပြီး ရပ်တည်နိုင်ချင်တယ်ဆိုရင် စိတ်ထဲမှာ အမြဲတမ်း စွဲမှတ်ထားရမယ့် အချက်တစ်ချက်က ဘယ်တော့မှ အရှုံးမပေးဖို့ပဲ။ ဘယ်လောက်ပဲ ခက်ခက်ခဲဖြစ်နေပါစေ၊ ဘယ်လောက်ပဲ ကြမ်းတမ်းခက်ထန်မှုတွေနဲ့ ရင်ဆိုင်နေရပါစေ ဘယ်တော့မှ အရှုံးမပေးပါနဲ့။

Credit: Lifehack

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service