ရန်ကုန် စတော့အိတ်ချိန်းမှ ပထမဆုံး အကြိမ်အဖြစ် သတင်း မီဒီယာများအတွက် စတော့ဈေးကွက်ဆိုင်ရာ အသိပညာဆွေးနွေးပွဲ ကျင်းပ - Property News in Myanmar from iMyanmarHouse.com
1265 Views

ရန်ကုန် စတော့အိတ်ချိန်းမှ ပထမဆုံး အကြိမ်အဖြစ် သတင်း မီဒီယာများအတွက် စတော့ဈေးကွက်ဆိုင်ရာ အသိပညာဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်စတော့ အိတ်ချိန်းမှ ပထမဆုံးအကြိမ်အဖြစ် သတင်းမီဒီယာများအတွက် စတော့ ဈေးကွက်ဆိုင်ရာအသိပညာဖြန့်ဝေ မှုကို ဇူလိုင် ၂၆ ရက်က ရန်ကုန်စတော့အိတ်ချိန်းသင်တန်းခန်းမ၌ နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို ရန်ကုန်စတော့အိတ်ချိန်း (Yangon Stock Exchange-YSX)အနေဖြင့် စတော့ ဈေးကွက်နှင့်ပတ်သက်သည့် အသိပညာများ ဖြန့်ဝေနိုင်ရန်နှင့် နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် အရင်းအနှီးဈေးကွက် အကြောင်း ပိုမိုသိရှိစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီး ကြပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးဌေးချွန်းက မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဥပဒေရေးရာနှင့် အဖွဲ့အစည်းဆိုင်ရာ အခြေခံအ ဆောက်အအုံများခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ဆက်လက်၍ YSX မှ အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက Overview of Capital Market ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးခဲ့သည်။ ''ဒီစတော့ဈေးကွက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ အသိပညာ တွေက အားလုံးအတွက်အသစ်တွေပါပဲ။

ဒါတွေကို မီဒီယာတွေအနေနဲ့လည်း ပြည်သူကိုသတင်းအချက်အလက်ပြန်ပေးနိုင်ဖို့နဲ့ ဒီစတော့နဲ့ပတ်သက်ပြီး ယုံကြည်မှုရစေဖို့အတွက် ကျွန်တော်တို့ ဒီလိုတွေ့ဆုံမျှဝေပေး တာဖြစ်ပါတယ်''ဟု ၎င်းကဆိုသည်။

ထို့နောက် Trading Procedure Of YSX ခေါင်းစဉ်ဖြင့် ဦးမင်းသူက ဆက်လက်ဆွေးနွေးရှင်း ပြခဲ့သည်။ Yangon Stock Exchange သည် မြန်မာ့စီးပွားရေးဘဏ်နှင့် Daiwa Institute Of Research Ltd.(DIR), Japan Exchange Group,Inc(JPX) တို့မှ မတည်ရင်း နှီးငွေများနှင့် တည်ထောင်ထားခြင်း ဖြစ်ကြောင်းသိရသည်။

ရန်ကုန်စတော့အိတ်ချိန်းကို ၂ဝ၁၅ ခုနှစ် ဇူလိုင် ၉ ရက်တွင် စတင်ဖွင့် လှစ်ခဲ့ပြီး FMI ကုမ္ပဏီသည် ၂ဝ၁၆ ခုနှစ် မတ် ၂၅ ရက်တွင် အစုရှယ်ယာ
ရောင်းဝယ်ခွင့် ကုတ်နံပတ် ဝဝဝဝ၁ ဖြင့် ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမဆုံးစာရင်းကုမ္ပဏီဖြစ်ကြောင်း သိရသည်။

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service