ထိုင်းတွင် တော်ဝင်မိသားစုပိုင်ဆိုင်မှုများကို ဘုရင်မင်းမြတ်ကအပြည့်အဝထိန်းချုပ်နိုင်ရန်အတွက် တော်ဝင်အိမ်ခြံမြေဥပဒေကို ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
1333 Views

ထိုင်းတွင် တော်ဝင်မိသားစုပိုင်ဆိုင်မှုများကို ဘုရင်မင်းမြတ်ကအပြည့်အဝထိန်းချုပ်နိုင်ရန်အတွက် တော်ဝင်အိမ်ခြံမြေဥပဒေကို ပြင်ဆင်

ထိုင်းနိုင်ငံတွင် ဒေါ်လာ ဘီလျံပေါင်းများစွာ တန်ကြေးရှိသော တော်ဝင်မိသားစုပိုင်ဆိုင်မှုများကို စီမံခန့်ခွဲသည့် အေဂျင်စီအား ဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်အား အပြည့်အဝထိန်းချုပ်ခွင့် တရားဝင်ပေးနိုင်ရန်အတွက် တော်ဝင်အိမ်ခြံမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေတစ်ရပ် ပြဌာန်းလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယခုပြင်ဆင်အတည်ပြုလိုက်သော Crown Property Act အမည်ရှိ အက်ဥပဒေသည် ၁၉၃၆ ခုနှစ်ခန့်က ပြဌာန်းခဲ့သော ဥပဒေ ၃ ခုကို အစားထိုးမည်ဖြစ်သည်။

နှစ်ပေါင်းများစွာအတွင်း တော်ဝင်မိသားစု၏ အိမ်ခြံမြေဥပဒေကို ပထမဆုံးပြုပြင်ခြင်းလည်း ဖြစ်ကာ ၆၉ တာကာလအတွင်း ပထမဆုံးအကြိမ် ပြင်ဆင်ခြင်းဖြစ်သည်။

ယခုခြေလှမ်းမှာ ဘုရင်းမင်းမြတ်ကို အခွင့်အာဏာများစွာပေးလိုက်သည့် နောက်ဆုံးပြောင်းလဲမှုလည်းဖြစ်သည်။
ဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်သည် ထိုင်းနိုင်ငံကို ဆယ်စုနှစ် ၇ ခုကြာ အုပ်စိုးခဲ့သည့် ခမည်းတော် ဘုရင်ဘူမိဘော အဗ္ဗဒူယာဒက် လွန်ခဲ့သော အောက်တိုဘာလအတွင်း နတ်ရွာစံသွားပြီးနောက် ထီးနန်းအရိုက်အရာ ဆက်ခံခဲ့သည်။

ထိုင်းတော်ဝင်မိသားစု၏ ပိုင်ဆိုင်မှုများကို စီမံကွပ်ကဲသည့် Crown Property Bureau မည်မျှပိုင်ဆိုင်မှုများရှိသည်ကို ထုတ်ဖော်ကြေညာခြင်းထားခြင်းမျိုး မရှိချေ။သို့ရာတွင် မကြာသေးမီက ခန့်မှန်းချက်များအရ အိမ်ခြံမြေနှင့် အခြားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံထားမှု အရပ်ရပ်မှာ ကန်ဒေါ်လာ ၃၀ ဘီလီယံမှ ၆၀ ဘီလီယံအကြား ရှိနိုင်ကြောင်း ခန့်မှန်းကြသည်။
ဖော့ဘ်မဂ္ဂဇင်းကြီးက ဖော်ပြခဲ့ဖူးသည်မှာ နတ်ရွာစံသွားသော ထိုင်းဘုရင်ဘူမိဘောသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး တော်ဝင်မျိုးနွှယ်ဖြစ်ကြောင်း ဖော်ပြခဲ့ဖူးသည်။

ဖော့ဘ်မဂ္ဂဇင်းကြီး၏ ဖော်ပြချက်ကို ဝါရှင်တန်ရှိ ထိုင်းသံရုံးက ကန့်ကွက်ခဲ့ပြီး Crown Property Bureau က စီမံလျက်ရှိသည့် ပိုင်ဆိုင်မှုများမှာ ဘုရင်၏ ပိုင်ဆိုင်မှုများမဟုတ်ဘဲ တိုင်းပြည်၏ ပိုင်ဆိုင်မှုသာဖြစ်ကြောင်း ဖြေရှင်းခဲ့ဖူးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ထိုင်းတွင် တော်ဝင်မိသားစုပိုင်ဆိုင်မှုများကို ဘုရင်မင်းမြတ်ကအပြည့်အဝထိန်းချုပ်နိုင်ရန်အတွက် တော်ဝင်အိမ်ခြံမြေဥပဒေကို ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
ထိုင်းတွင် တော်ဝင်မိသားစုပိုင်ဆိုင်မှုများကို ဘုရင်မင်းမြတ်ကအပြည့်အဝထိန်းချုပ်နိုင်ရန်အတွက် တော်ဝင်အိမ်ခြံမြေဥပဒေကို ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
ထိုင်းတွင် တော်ဝင်မိသားစုပိုင်ဆိုင်မှုများကို ဘုရင်မင်းမြတ်ကအပြည့်အဝထိန်းချုပ်နိုင်ရန်အတွက် တော်ဝင်အိမ်ခြံမြေဥပဒေကို ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ

Upcoming Property Events

mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service