နိုင်ငံခြား ငွေလဲနှုန်းနှင့် ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းကြောင့် ပြည်တွင်း ရွှေဈေး တစ်ကျော့ပြန် ခေါင်းထောင် လာနိုင် - Property News in Myanmar from iMyanmarHouse.com
566 Views

နိုင်ငံခြား ငွေလဲနှုန်းနှင့် ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းကြောင့် ပြည်တွင်း ရွှေဈေး တစ်ကျော့ပြန် ခေါင်းထောင် လာနိုင်

ရက်ပိုင်းအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ကမ္ဘာ့ရွှေဈေးပြန်လည်မြင့်တက်လာခဲ့ခြင်းများကြောင့် ပြည်တွင်းရွှေဈေး ပြန်လည်မြင့်တက်လာနိုင်ကြောင်း ရွှေလုပ်ငန်းရှင်အချို့ကသုံးသပ်သည်။

''ရွှေဈေးကပြီးခဲ့တဲ့တစ်ပတ်က ထက်စာရင်ပြန်တက်လာတယ်။ အဓိက အကြောင်းရင်းကတော့ ကမ္ဘာ့ရွှေ ဈေးနဲ့ဗဟိုဘဏ်ရဲ့အမေရိကန်ဒေါ် လာငွေလဲနှုန်းမြင့်တက်လာတာ ကြောင့်ပါ'' ဟု ဦးထုံရွှေဆိုင်မှ ဦး ကျော်ဝင်းက ဇူလိုင် ၁၇ ရက်တွင် အတည်ပြုပြောသည်။

ဇူလိုင်လပထမအပတ်မှစတင်ကာ ကမ္ဘာ့ရွှေဈေးဆက်တိုက်ကျဆင်းလာခြင်းကြောင့် ပြည်တွင်းရွှေဈေး နှုန်းလည်း လိုက်ပါကျဆင်းခဲ့ပြီး ပြီးခဲ့သည့် မေလနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ရွှေတစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းအောက်သို့ ကျဆင်းခဲ့ကာ ပြီးခဲ့သည့် ဇူလိုင် ၁ဝ ရက်က ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၈၉ဝဝဝဝ သာရှိခဲ့ရာမှ ယခုရက်ပိုင်းအတွင်းဗဟိုဘဏ်၏ ဒေါ်လာငွေလဲနှုန်းနှင့် ကမ္ဘာ့ရွှေဈေးတို့ ပြန်လည်မြင့်တက်လာခဲ့ခြင်း ကြောင့် ဇူလိုင် ၁၇ ရက်၌ ပြည်တွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၈၉၆ဝဝဝ သို့ ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေးမှာ ပြီးခဲ့သည့် ဇူလိုင် ၁ဝ ရက်က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၁၁ အထိကျဆင်းခဲ့ပြီး ယခု ဇူလိုင် ၁၇ ရက်တွင် အမေရိကန်ဒေါ်လာ ၁၂၃၂ အထိ ပြန်လည်မြင့်တက်လာခဲ့ခြင်း ကြောင့် တစ်ပတ်အတွင်းတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၁ အထိ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ ပြီးခဲ့သည့် ဇူလိုင် ၁ဝ ရက်အထိ အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၁၃၆၂ ဖြင့်တည်ငြိမ်နေခဲ့ရာမှ ဇူလိုင် ၁၁ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင်ကျပ် ၁၃၆၄ သို့ မြင့်တက်ခဲ့ပြီး ယခု ဇူလိုင် ၁၇ ရက်တွင်အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁၃၆၆ အထိ ဆက်လက်မြင့်တက်လာခဲ့ကြောင်း သိရသည်။

သို့သော် ယင်းကဲ့သို့ ကမ္ဘာ့ရွှေ ဈေးနှင့် ဒေါ်လာငွေကြေးအလှုပ် အခတ်များကြောင့် ပြည်တွင်းရွှေဈေး အပြောင်းအလဲများဖြစ်နေခဲ့သော် လည်း တိတ်စိန်ရွှေဆိုင်မှ ကိုဇော် အောင်ကမူ''အရောင်းအဝယ်ကတော့ အေးနေတုန်းပဲ။ ရွှေဈေးအတက် အကျကလည်း အရောင်းအဝယ် ပေါ်မှာသက်ရောက်မှုမရှိဘူးလို့ ပြောလို့ရတယ်''ဟု ဇူလိုင် ၁၇ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service