တရုတ်ပြည်၏ အချမ်းသာဆုံးသူဌေးကြီး ဝမ်ကျန်းလင်ပိုင် ကမ္ဘာလှည့်ခရီးသွားမြို့တော် ၁၃ ခုနှင့် ဟိုတယ် ၇၆ လုံး၏ ရှယ်ယာ ၉၁ ရာခိုင်နှုန်းကို အကြွေးဆပ်ရန်အတွက် ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
1501 Views

တရုတ်ပြည်၏ အချမ်းသာဆုံးသူဌေးကြီး ဝမ်ကျန်းလင်ပိုင် ကမ္ဘာလှည့်ခရီးသွားမြို့တော် ၁၃ ခုနှင့် ဟိုတယ် ၇၆ လုံး၏ ရှယ်ယာ ၉၁ ရာခိုင်နှုန်းကို အကြွေးဆပ်ရန်အတွက် ရောင်းချလိုက်ပြီ

တရုတ်ပြည်၏ အချမ်းသာဆုံးသူဌေးကြီး ဝမ်ကျန်းလင်ပိုင် Dalian Wanda ကုမ္ပဏီသည် ၎င်းတို့ပိုင် ကမ္ဘာလှည့်ခရီးသွားမြို့တော် အပန်းဖြေဥယျာဉ် ၁၃ ခုနှင့် ဟိုတယ် ၇၆ လုံး၏ ရှယ်ယာ ၉၁ ရာခိုင်နှုန်းကို အကြွေးဆပ်ရန်အတွက် Sunac ကုမ္ပဏီသို့ ရောင်းချလိုက်ပြီဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Dalian Wanda သည် တရုတ်နိုင်ငံ၏ အကြီးမားဆုံးဆောက်လုပ်ရေးကုမ္ပဏီကြီးဖြစ်ပြီး ယခုအရောင်းအဝယ်သည် တရုတ်နိုင်ငံ အိမ်ခြံမြေလောကတွင် အကြီးမားဆုံးအရောင်းအဝယ်အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။

ပေကျင်းအခြေစိုက် Dalian Wanda ၏ ဥက္ကဌဖြစ်သူ ဝမ်ကျန်းလင်က ပြောကြားရာတွင် ယခုအရောင်းအဝယ်မှ ရရှိလာသည့်ငွေများကို ဘဏ်ချေးငွေများ ပြန်လည်ပေးဆပ်ရာတွင် အသုံးပြုသွားမည်ဟု Caixin သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

Dalian Wanda သည် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အကြွေးပမာဏ ယွမ်ငွေ ၂၂၂ ဘီလီယံအထိ ရှိနေခဲ့ကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သော နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြသည်။

Dalian Wanda နှင့် Sunac China ကုမ္ပဏီတို့၏ ပူးတွဲထုတ်ပြန်ချက်အရ ယခုအရောင်းအဝယ်ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

ယခုအရောင်းအဝယ်တွင် Dalian Wanda ကုမ္ပဏီပိုင် ယဉ်ကျေးမှုခရီးသွားမြို့တော်စီမံကိန်း ၁၃ ခုပါဝင်ရာ စီရွှမ်ဘန်နာ Wanda Cultural Tourism City၊ နန်ချန် Wanda Cultural Tourism City၊ ဟီဖိုင် Wanda Cultural Tourism City၊ ဟာဘင် Wanda Cultural Tourism City၊ ဝူဇီ Wanda Cultural Tourism City၊ ကျင်ဒေါင် Wanda Cultural Tourism City၊ ကွမ်ကျိုး Wanda Cultural Tourism City၊ ချန်ဒူး Wanda Cultural Tourism City ၊ ချုံကင်း Wanda Cultural Tourism City၊ ကွီလင်း Wanda Cultural Tourism City၊ ဂျီနန် Wanda Cultural Tourism City၊ ကွန်မင်း Wanda Cultural Tourism City နှင့် ဟိုင်ကူ Wanda Cultural Tourism City တို့အပြင် ဟိုတယ် ၇၆ လုံးလည်း ပါဝင်သည်။

ကုမ္ပဏီ နှစ်ခုအကြား သဘောတူညီထားချက်များတွင် Tourism City projects ၁၃ ခု၏ ရှယ်ယာ ၉၁ ရာခိုင်နှုန်းကို ယွမ်ငွေ ၂၉ ဒသမ ၅၇၅ ဘီလီယံဖြင့် အရောင်းအဝယ်လုပ်ရန်၊ ယင်းစီမံကိန်းများ၏ ကြွေးမြီများကို Sunac China က တာဝန်ယူရန်၊ ဟိုတယ် ၇၆ လုံးကို ယွမ်ငွေ ၃၃ ဒသမ ၅၉၅ ဘီလီယံဖြင့် အရောင်းအဝယ်လုပ်ရန်၊ ဇူလိုင်လ ၃၁ ရက်မတိုင်မီ အသေးစိတ်အချက်အလက်များကို သဘောတူညှိနှိုင်းလက်မှတ်ရေးထိုးကြရန်၊ ရှယ်ယာလွှဲပြောင်းမှုများကို ဖြစ်နိုင်သမျှ စောလျှင်စွာလွှဲပြောင်းပေးသွားရန်၊ စီမံကိန်း၏ အမည်နာမ မပြောင်းလဲဘဲ “Wanda Cultural Tourism City” ဟူသည့်အမည်ဖြင့်သာ ဆက်လက်လုပ်ငန်း အကောင်အထည်ဖော်ရန် ဟူသောအချက်များ ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်၏ အချမ်းသာဆုံးသူဌေးကြီး ဝမ်ကျန်းလင်ပိုင် ကမ္ဘာလှည့်ခရီးသွားမြို့တော် ၁၃ ခုနှင့် ဟိုတယ် ၇၆ လုံး၏ ရှယ်ယာ ၉၁ ရာခိုင်နှုန်းကို အကြွေးဆပ်ရန်အတွက် ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service