သီးခြား စာချုပ် - Property Knowledge in Myanmar from iMyanmarHouse.com
4476 Views

သီးခြား စာချုပ်

Knowledge | Posted by Aye Myat Thu

ဆရာရှင့်။ ကျွန်မတို့ မြောက်ဒဂုံမှာ ဂရန် ကျပြီးသား မြေကွက်တွေ အရောင်း အဝယ် လုပ်တိုင်း ငွေပြေစာချုပ် ချုပ်တဲ့အခါမှာ ပြီးပြီး ပြတ်ပြတ် မရှိကြပါဘူး။ သီးခြား စာချုပ်တစ်စောင်နဲ့ ကျန်ငွေကို စာချုပ်ချုပ်ကြပါတယ် ။ အဲဒါ ဘာပြုလို့ ပါလဲ ဆရာ။ ကျွန်မနာမည် မသူဇာပါ ။

ဒီလို ကိစ္စမျိုးတွေက အမြဲ ရှိနေမှာပါ ။ ဂရန် ကျပြီးသား မြေကွက်နဲ့ အေ ဆာက်အအုံ ဒါမှမဟုတ် ဂရန်ကျပြီးသား မြေကွက်ကို ရောင်းကြဝယ်ကြတယ် ဆိုရင် အများစုက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာပါ ပြီးပြတ်တဲ့အထိ စာချုပ် ချုပ်ကြလေ့ ရှိပါတယ်။

အဲဒီလို စာချုပ်စာတမ်းရုံးကို သွားဖို့ဆိုတာက အရောင်းအဝယ် စာချုပ် ပီပြီ ပင်ပြင် ချုပ်ဆိုကြရပါတယ်။ အဲဒီအခါမျိုးမှာ အကြောင်းကြောင်းကြောင့် ငွေ ချန်ကြရတဲ့ ကိစ္စတွေ ရှိလာတတ်ပါတယ် ။ အဲဒီအကြောင်းတွေကို ဆရာ ဆက်ရှင်းပြပါမယ်။

အဲဒီလို ငွေကျန်လို့ ၊ ငွေချန်လို့ အရပ်စာချုပ် ပီပီပြင်ပြင် မပြီးပြတ်ဘူးဆိုရင် စာချုပ်စာတမ်ရုံးကို သွားရဖို့ မဖြစ်နိုင်သေးပါဘူး ။ ဒါကြောင့် ကျန်တဲ့ ငွေကို သီးခြား စာချုပ်တစ်စောင်နဲ့ သက်သေ ခိုင်ခိုင်လုံလုံ လက်မှတ် ပြည့်စုံစွာနဲ့ ချုပ်ဆိုကြရတယ်ပေါ့ ။ ငွေချန်ကြရတဲ့ အကြောင်းတွေက .........

(၁) စရန် ပေးပြီး အချိန်ကျလို့ ငွေပြေပေးချေကြရမယ့်အခါမှာ မမျှော်လင့်တဲ့ အကြောင်းတွေကြောင့် ငွေအနည်းအပါး လိုနေတတ်ပါတယ် ။ ဥပမာ - သိန်း ၅၀၀၀ နဲ့ဝယ်တဲ့ မြေကွက်ကို အပြီးငွေချေတဲ့အခါ ငွေက သိန်း ၄၆၀၀ ပဲ ဖန် တီးလို့ရတယ်။ ငွေသိန်း ၄၀၀ လောက် လိုနေတယ် ဆိုပါစို့ ။ ခရီးတွေက ထွက်ကြတော့မယ် ။

စာချုပ်စာတမ်းရုံးကိုလည်း ရက်ချိန်း စီစဉ်ထားပြီး အခက်အခဲ တကယ် ကြုံ လာတဲ့အခါမျိုးမှာ ငွေပြေစာချုပ်ကြီးကို အဆင်ပြေအောင် ချုပ်ပေးပြီး အမှန် တကယ် ကျန်တဲ့ ကျပ်သိန်း ၄၀၀ ကို သီးခြားစာချုပ်နဲ့ ချုပ်ကြရပါတယ် ။ အဲဒီ လို ကျန်ငွေပေါ်မှာ ထိုက်သင့်တဲ့ အတိုးငွေကိုလည်း အိမ်ပိုင်ရှင်က တောင်း ခံခွင့် ရှိတယ်လို့ ဥပဒေမှာ ခွင့်ပြုထားတာလည်း ရှိပါတယ်။

(၂) တစ်ခါတစ်ရံမှာတော့ ငွေပြေ စာချုပ်ကြီး ချုပ်ခါနီးတဲ့အထိ အကြောင်း တစ်ခုခုကြောင့် ရောင်းသူဘက်က လိုအပ်နေတာမျိုး ရှိနေတတ်ပါတယ် ။ ဥပ မာ-အရောင်းအဝယ် ပြောကြဆိုကြတဲ့ ဈေးထဲမှာ အဝီစိတွင်း တူးပြီးသားပါ မယ် ၊ B.C.C လည်း ကျတဲ့အထိ တာဝန်ယူပါတယ် စသည်ဖြင့် ကတိနဲ့ေ ရာင်းခဲ့ကြပြီး မမျှော်လင့်ဘဲ ကြန့်ကြာသွားလို့ အဝီစိတွင်းကလည်း မပြီးသေး ၊B.C.C ကလည်း ကျမလာ။ အဲဒီလို ဖြစ်တတ်ပါတယ်။ ဒါဆိုရင် ငွေပြေ စာ ချုပ်ကြီး နောက်ရွှေ့ရမယ် ဆိုရင် အခက်အခဲတွေ ရှိကုန်ကြမှာမို့။ ကဲ ..ရှိေ စတော့ ၊ ငွေပြေစာချုပ်ကြီးတော့ ချုပ်ပေးလိုက်မယ် ၊ စာချုပ်စာတမ်း မှတ်ပုံ တင်ရုံးကိုသာ ဖြောင့်ဖြောင့်သွားကြပါ ၊ ကျန်နေတဲ့ ကိစ္စလေးတွေအတွက်ေ တာ့ သီးခြား စာချုပ်တစ်စောင်နဲ့ ငွေချန်စာချုပ်သာ ချုပ်ပါတော့ ဆိုပြီး ဖြေ ရှင်းရတဲ့ အခါမျိုးလည်း ရှိတတ်ပါတယ် ။

(၃) တချို့ရောင်းတဲ့ ပုဂ္ဂိုလ်တွေကျတော့လည်း မိမိတာဝန် ဖြစ်တဲ့ စာချုပ်စာ တမ်း မှတ်ပုံတင်ရုံးကို လိုက်ဆောင်ရွက်ပေးဖို့ မအားတာရယ် ၊ မလုပ်ချင်တာ ၊ပျင်းတာမျိုးလေးတွေလည်း ရှိတတ်ကြပါတယ် ။ ဒီလိုကိစ္စတွေကျတော့လည်း မလွှဲမရှောင်သာတဲ့ အနေနဲ့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကို လိုက်ပါဆောင် ရွက်တဲ့ နေ့မှာ ကျန်ငွေ ဘယ်လောက် ထပ်ပေးပါ့မယ် ဆိုပြီး သီးခြားစာချုပ် နဲ့ ငွေချန်ကြရပါတယ်။

အဲဒီလို အကြောင်းတွေကြောင့် မသူဇာ မေးတဲ့ သီးခြားစာချုပ်နဲ့ ငွေချန်ကြရ တယ် ဆိုတဲ့ ကိစ္စလေးတွေ ပေါ်လာတာပါ။ ဒါတွေက ဖြစ်တတ်တဲ့ သဘောေ တွမို့ သည်းခံဆောင်ရွက်ကြရတာပါ။ အကျိုးဆောင်များ အတွက်တော့ ပွဲခ ရပြီးတဲ့ အချိန်လောက်မှာ ဖြစ်တတ်တဲ့ ကိစ္စတွေမို့ တချို့က စိတ်ဝင်စားကြ မယ် မဟုတ်ပါဘူး ၊ ခုလို စိတ်ဝင်တစားမေးတဲ့ မသူဇာကို ကိုယ့်လုပ်ငန်း ကိုယ်လေးစားတတ်တဲ့သူ တစ်ယောက်လို့ ချီးကျုးလိုက်ပါတယ် ။

Credit: Winningland

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service