ဘဏ်မှ ပုဂ္ဂိုလ်တစ်ဦး၊ စီးပွားရေးလုပ်ငန်းတစ်ခု တို့ကို ချေးငွေ ထုတ်ချေးရာမှာ မတည်ငွေရင်းရဲ့ ၂၀ ရာခိုင်နှုန်းထက် ထုတ်မချေးရန် သတ်မှတ် - Property News in Myanmar from iMyanmarHouse.com
1547 Views

ဘဏ်မှ ပုဂ္ဂိုလ်တစ်ဦး၊ စီးပွားရေးလုပ်ငန်းတစ်ခု တို့ကို ချေးငွေ ထုတ်ချေးရာမှာ မတည်ငွေရင်းရဲ့ ၂၀ ရာခိုင်နှုန်းထက် ထုတ်မချေးရန် သတ်မှတ်

ဘဏ်မှ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် စီးပွားရေးလုပ်ငန်းအုပ်စုတစ်ခုခု
သို့မဟုတ် ဆက်နွယ်တဲ့ မိတ်ဖက် အဖွဲ့အစည်းတစ်ခုခု သို့
ချေးငွေထုတ်ချေးရာမှာ မတည်ငွေရင်းရဲ့ ၂၀ ရာခိုင်နှုန်းထက်
ပို ပြီး ထုတ်ချေးခြင်း မပြုဖို့ ဗဟိုဘဏ်က သတ်မှတ်ထုတ်ပြန်
လိုက်ပါတယ်။

မြန်မာနိုင်ငံ ဗဟိုဘဏ်က ငွေရေးကြေးရေးအဖွဲ့အစည်းများ
ဥပဒေအရ ဇူလိုင် ၇ ရက်စွဲနဲ့ ကြွေးမြီများ ဆိုင်ရာစည်းမျဉ်းကို
သတ်မှတ်ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။

ပမာဏကြီးမားသော ကြွေးမြီမှာ ဘဏ်ရဲ့ အဓိက
မတည်ငွေရင်းရဲ့ ၁၀ ရာခိုင်နှုန်းနဲ့ အထက် ကျော်လွန်ပြီး
ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် မိတ်ဖက်အဖွဲ့အစည်း တို့သို့
ထုတ်ချေးတဲ့ ချေးငွေကို ဆိုလိုပြီး ပမာဏကြီးမားသော
ကြွေးမြီအချိုးကို ဘဏ်မှ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် စီးပွားရေး
လုပ်ငန်းအုပ်စုတစ်ခုခု သို့မဟုတ် ဆက်နွယ်တဲ့ မိတ်ဖက်အဖွဲ့
အစည်းတစ်ခုခု သို့ မတည်ငွေရင်းရဲ့ ၂၀ ရာခိုင်နှုန်းအထက်
ထုတ်ချေးခြင်းမပြုဖို့ သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။

ဘဏ်တစ်ခုမှာ မတည်ငွေရင်းရဲ့ ၂၀ ရာခိုင်နှုန်းအထက်
ကျော်လွန်ပြီး လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်း
တစ်ရပ်သို့ ထုတ်ချေးထားတဲ့ ကြွေးမြီရှိပါက ယခုစည်းမျဉ်း
ထုတ်ပြန်လိုက်တဲ့ ရက်မှ ရက် ၉၀ အတွင်း ဗဟိုဘဏ်သို့
တင်ပြရမယ်လို့ ဆိုပါတယ်။

ဘဏ်တွေအကြား ချေးငွေထုတ်ချေးရာမှာ ပမာဏကြီးမားသော
ကြွေးမြီဆိုင်ရာကန့်သတ်ချက် လိုက်နာရမှာ ဖြစ်ပါတယ်။
အာမခံအပြည့်အ၀ရှိတဲ့ ချေးငွေများအတွက် ကန့်သတ်ချက်
မရှိဆောင်ရွက်နိုင်ပြီး အာမခံမရှိတဲ့ ချေးငွေများအတွက်
ဘဏ်ရဲ့ မတည်ငွေရင်း ရဲ့ ၁၀၀ ရာခိုင်နှုန်းအထိသာ
ကန့်သတ်ဆောင်ရွက်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဘဏ်အားလုံးမှာ ပမာဏကြီးမားသော ကြွေးမြီဆိုင်ရာ
သတင်းအချက်အလက်တွေကို သုံးလတစ်ကြိမ် ဗဟိုဘဏ်၊
ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေး ဌာနသို့ တင်ပြရမယ်လို့
သတ်မှတ်ထားပါတယ်။

ဘဏ်ရဲ့ ပမာဏကြီးမားတဲ့ ကြွေးမြီအားလုံးစုစုပေါင်းမှာ
မတည်ငွေရင်းရဲ့ ၈ ဆထက် ကျော်လွန်ခြင်းမရှိရဘူးလို့
ကြွေးမြီများ ဆိုင်ရာစည်းမျဉ်းမှာ သတ်မှတ်ထားပါတယ်။

Credit: SFJ Strategy First

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service