အမွေစီမံမှု စာချုပ် - Property Knowledge in Myanmar from iMyanmarHouse.com
4523 Views

အမွေစီမံမှု စာချုပ်

Knowledge | Posted by Hnin Ei Khin

တစ်လောက ကျွန်မမိတ်ဆွေတစ်ယောက် သေတမ်းစာ ရေးဖို့ ကျွန်မကို လာတိုင်ပင်ပါတယ်။ ကျွန်မမိတ်ဆွေဟာ ဗုဒ္ဓဘာသာကိုးကွယ် သူတစ်ဦး ဖြစ် ပြီး ကလေး(၅)ယောက် အဖေလည်း ဖြစ်ပါတယ်။ သူမွေးထားတဲ့ သား / သ မီး (၅) ယောက်အနက် အကြီးဆုံး သား (၃) ယောက်မှာ မိဘများနှင့် ခွဲနေေ သာ အိမ်ထောင်သည်များ ဖြစ်ကြပြီး အငယ် (၂)ယောက်မှာ အိမ်ထောင် မ ရှိသူ အရွယ်မရောက်သေးသော သမီး လေးများ ဖြစ်ကြပါတယ်။

ကျွန်မမိတ်ဆွေဟာ သူကွယ်လွန်ပြီးနောက်ပိုင်း ၎င်းရှာဖွေထားသော ပစ္စည်း ဥစ္စာများကို သားသမီး (၅) ယောက်လုံးကို မျှမျှတတ ခွဲပေးချင်တဲ့ ဆန္ဒရှိတဲ့ အ တွက် သေတမ်းစာရေးချင်ကြောင်း ကျွန်မကို လာတိုင်ပင်ပါတယ်။ ထို့ကြောင့် ကျွန်မတို့ ဗုဒ္ဓဘာသာမှာ သေတမ်းစာရေးသားတယ်ဆိုတဲ့ အလေ့အထ မရှိေ ကြာင်းနှင့် အစ္စလာမ် ၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သူများသာ သေ တမ်းစာ ရေးသားနိုင်ကြောင်း မိတ်ဆွေကို ရှင်းပြခဲ့ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေဟာ တစ်ခြားဘာသာဝင်များကဲ့သို့ မဟုတ်ဘဲ မိဘများေ သဆုံးခဲ့ပါက ကျန်သားသမီးများက ကျန်ရစ်ခဲ့သော အမွေပစ္စည်းကို ညီတူညီ မျှ ခွဲဝေယူနိုင်သည့် အခွင့်အရေး ရှိပြီး အမွေပစ္စည်းနှင့် ပတ်သက်၍ အမွေ ဆက်ခံခွင့်ကို ဥပဒေနှင့်အညီ ပြဋ္ဌာန်းထားပါတယ်။ ဗုဒ္ဓဘာသာမှာ သားကြီး သြရသ ဟာဖခင် သေဆုံးချိန်မှာ အရွယ်ရောက်သူ ဖြစ်ပါက မိခင်ထံမှာ အေ မွကို ဦးစွာ တောင်းခံပိုင်ခွင့် ရရှိထားပြီး၊ ထို့အတူ သမီးကြီး သြရသမှာ လည်း ဖခင်သေဆုံးချိန်၌ အရွယ်ရောက်သူဖြစ်ပါက ဖခင်ထံမှ အမွေကို ဦးစွာေ တာင်းခံပိုင်ခွင့် ရရှိထားပါတယ်။ သြရသ သားသမီးများ ဟာမိခင်(သို့မဟုတ်) ဖခင် ဖြစ်သူ သေဆုံးချိန်၌ အရွယ်မရောက်သေးပါက ထိုအခွင့်အရေးကို ရရှိ မည် မဟုတ်ဘဲ အခြားသားသမီးများကဲ့သို့ မိဘနှစ်ပါးလုံး သေဆုံးပြီးချိန်၌သာ အမွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

ကျွန်မ မိတ်ဆွေခမျာ သူသေဆုံးပြီးနောက်ပိုင်း ကျန်ရစ်ခဲ့မည့် အရွယ်မေ ရာက်သေးသူ သမီးနှစ်ယောက် နှင့် အိမ်ထောင်သည် သား (၃) ယောက်တို့ ၏ အမွေပစ္စည်း ခွဲယူမည့်အရေးကို စိတ်မအေးနိုင် ဖြစ်နေရှာပါတယ်။ အဲဒါေ ကြာင့် ကျွန်မမှ မိတ်ဆွေကို အကြံဥာဏ်တစ်ခု ပေးခဲ့ပါတယ်။ အဲဒါကေ တာ့ သေတမ်းစာ ရေးသားခြင်း မပြုနိုင်သည့် ဗုဒ္ဓဘာသာဝင်များအတွက် မိသားစုတွင်း အမွေစီမံ စာချုပ် ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်များအနေနှင့် သားသမီး (၁) ယောက်တည်းအား အမွေများ စုပုံပေး၍ မရသောကြောင့် ယင်းအမွေစီမံမှုစာချုပ်တွင် ပစ္စည်းအားလုံးကို လက်ရှိအသက်ရှင်လျက် ရှိသော ဖခင်အတွက် ဝေစု (၁) ပုံထားပြီး ကျန် သားသမီး(၅)ယောက် အတွက်(၅)ပုံ၊ စုစုပေါင်း (၆)ပုံကို ရှင်းရှင်းလင်းလင်း ခွဲဝေရေးသားရပါမယ်။ ထိုအမွေပစ္စည်းများကို ဖခင်က သားသမီးများကို လက်ရောက်ပေးအပ်နိုင်သကဲ့သို့ ထိန်းသိမ်းထားချင်သော ဆန္ဒရှိပါကလည်း ထိန်းသိမ်းထားနိုင်ပါသေးတယ်။

ဖခင် ကွယ်လွန်ပြီးနောက် ကျန်ရစ်ခဲ့သော ဖခင်၏ ဝေစု (၁)ပုံကို သားသမီး များက အညီအမျှ ခွဲဝေယူနိုင်ပါတယ်။ မိသားစုအမွေစီမံမှုစာချုပ်ကို တံဆိပ်ေ ခါင်းခွန် ၆၀၀ ကျပ် ထမ်းဆောင်ရမည်ဖြစ်ပြီး ယင်းအမွေစီမံမှုစာချုပ်ထဲ၌ ပါ ၀င်သူအားလုံး လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး သက်သေ (၂) ယောက် ပါ ၀င်ရမည် ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Credit: MPN

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service