အောင်မြင်မှုအတွက် ခိုင်မာတဲ့ကိုယ်ပိုင်စည်းကမ်း တည်ဆောက်ဖို့ အကောင်းဆုံး နည်းလမ်း (၃)ခု - Property Knowledge in Myanmar from iMyanmarHouse.com
1285 Views

အောင်မြင်မှုအတွက် ခိုင်မာတဲ့ကိုယ်ပိုင်စည်းကမ်း တည်ဆောက်ဖို့ အကောင်းဆုံး နည်းလမ်း (၃)ခု

Knowledge | Posted by Shwe Zin Win

သင်သာ သင့်ဘဝကို မှန်မှန်ကန်ကန်ကြည့်တတ်မယ်ဆိုရင် သင့်ဘဝမှာရှိသင့်တဲ့ အချက်တွေဖြစ်တဲ့ အောင်မြင်မှု၊ ပျော်ရွှင်မှုနဲ့ ကျန်းမာရေးစတဲ့အချက်တွေ ဘာကြောင့် ရှိသင့်တာလဲ။

ဘာကြောင့် ဘဝမှာအရှိသင့်ဆုံးဖြစ်တဲ့ အောင်မြင်မှု၊ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာရေးစတဲ့ အချက်တွေမရှိရတာလဲဆိုရင် အဖြစ်နိုင်ဆုံးနဲ့ အရိုးရှင်းဆုံး အကြောင်းအရင်းကတော့ ကိုယ်ပိုင်စည်းကမ်း ကင်းမဲ့နေလို့ပဲ။ သင်လိုချင်တဲ့ အောင်မြင်မှုအဆင့်တွေကို စိတ်ကျေနပ်စရာကောင်းလောက်အောင် ဘာတွေလုပ်ဖို့လိုအပ်တယ်၊ မလိုအပ်ဘူးဆိုတာ အမှန်တကယ်မတွေးခဲ့လို့ပဲ။ သင်သာ အဲဒီအရာတွေမှာ တွေးခဲ့တယ်ဆိုရင် သင့်ဘဝရဲ့ နယ်ပယ်အားလုံးမှာ အောင်မြင်မှုရရှိဖို့ ဘာတွေရှိရမလဲဆို သင်သိပါသလား။

တကယ်တော့ ဒါတွေအားလုံးဟာ သိပ်ထူးခြားဆန်းကြယ်နေတဲ့ လျှို့ဝှက်ချက်တွေလည်း မဟုတ်ပါဘူး။ လူတိုင်းလိုလို သူတို့အလုပ်ငန်းတွေ ပိုကောင်းလာအောင် ဘာတွေကို ဘယ်လိုလုပ်ရမလဲဆို သိကြပြီးသားပါ။ ဘယ်အစာကတော့ဖြင့် စားလို့မဖြစ်ဘူး၊ ဘယ်အစာကတော့ဖြင့် စားလို့ရတယ် စသဖြင့် သိနေသလိုမျိုးပေါ့။ ဒါပေမဲ့ မသိသေးတဲ့သူတွေလည်း ရှိကောင်းရှိနေနိုင်ပါသေးတယ်။
တကယ်တော့ ဘဝရဲ့အောင်မြင်မှုဆိုတာက အဲဒီလုပ်ရမယ့်အရာတွေကို လုပ်နိုင်ဖို့ လမ်းဖွင့်ပေးနိုင်မယ့် ဘယ်တော့မှမပြောင်းလဲတဲ့ ကိုယ်ပိုင်စည်းစနစ်ရဲ့ ပြုမူလုပ်ဆောင်ချက်တွေပေါ်မှာ အခြေတည်ပြီး ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် အဲဒီခိုင်မာတဲ့ ကိုယ်ပိုင်းစည်းစနစ်တွေကို ဘယ်လိုတည်ဆောက်နိုင်ဖို့ အကောင်းဆုံး နည်းလမ်း (၆)မျိုးကို စုဆောင်း ဖော်ပြပေးလိုက်ပါတယ်။

၁။ ဖြစ်ဖို့၊ ရှိဖို့ဆိုတာ ကိုယ့်ပေါ်မှာပဲမူတည်တယ် (ဝီလျံ ဂျွန်ဆင်)

ဘဝရည်မှန်းချက်ဆိုတာ အရေးဆုံးထဲမပါသေးဘူး။ သင့်ရဲ့အောင်မြင်မှုလှေကားပေါ်ကို တခြားတစ်ယောက်က ကူတက်ပေးလို့မရဘူး။ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုတို့လည်း အဲဒီလိုပဲ။ ကိုယ်ပိုင်ရွေးချယ်မှုတွေနဲ့ ကိုယ့်လမ်းကိုယ် လျှောက်ပြီဆိုကတည်းက သင့်ဘဝအတွက် သင့်မှာ တာဝန်အပြည့်ရှိတယ်။ သင်ရွေးချယ်လိုက်တဲ့အရာက သင်လုပ်ရမယ့်အရာပဲ။ အချိန်ဘယ်လောက်ကန့်သတ်မလဲ ရွေးချယ်လို့ရတယ်။ ဒါပေမဲ့ ဆုံးဖြတ်ပြီးရင်တော့ လုပ်ရမယ်။ မဟုတ်ရင် ဘဝပျက်သွားမယ်။
ဘဝကို ပိုကောင်းစေချင်ရင်တော့ ဆုံးဖြတ်ချက်ကောင်းဖို့လိုတယ်။ သင့်ဘဝတစ်လျှောက်မှာ ပျော်ရွှင်စရာမကောင်းတဲ့၊ ဒါမှမဟုတ် အကျိုးရလဒ်ကောင်းမရှိတဲ့ အရာတွေအတွက် တခြားတစ်ယောက်ကို အပြစ်လွှဲချလို့ ရနိုင်ပေမဲ့ အဲဒါက အရာရာတိုင်းတော့ ပြောင်းလဲသွားအောင် လုပ်ဆောင်မပေးနိုင်ဘူး။ တကယ်တော့ သင့်ရွေးချယ်မှုတွေကပဲ ပြောလဲပစ်နိုင်တယ်။ ပြောင်းသွားချင်ရင် ရွေးချယ်မှုပြောင်းရမယ်။ ဘဝရဲ့ အရာအားလုံးအတွက် တာဝန်ယူရဲရမယ်။ သင်ကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်လို့ မရဘူးဆိုရင်တောင်မှ သင့်အနေနဲ့ ဘယ်လိုလုပ်နိုင်လဲဆိုတာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။

၂။ ရေရှည်စဉ်းစား

အနာဂတ်ကိုဖန်တီးကြတဲ့နေရာမှာ အကောင်းဆုံးနည်းလမ်းကတော့ သင့်ကိုယ်သင် ပြန်မေးဖို့ပဲ။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ရောက်နေပြီဆိုရင်တောင်မှ အကြမ်းဖျင်းအားဖြင့်တော့ နေ့စဉ် ကိုယ်ဘာလုပ်ရမလဲ၊ ဘယ်စာအုပ်မျိုး ဖတ်ရမလဲ၊ ဘယ်လိုအချိန်မျိုးတွေမှာ အလုပ်ခဏနားရမလဲနဲ့ ရုံးမှာ ဘယ်အချိန်အထိ နေမလဲစတာတွေကို တွေးပါ။
ဒီမေးခွန်းတွေရဲ့အဖြေကိုရတဲ့အချိန်ကျရင် သင်ပါလုပ်ရမလဲဆိုတာ မြင်လာလိမ့်မယ်။

၃။ သင့်ရဲ့ ရည်မှန်းချက်တွေကို နေ့စဉ်ပြန်ရေး

ကိုယ်ပိုင်စည်းကမ်းနည်းစနစ်တွေကို နေ့စဉ်တိုးချဲ့နေဖို့ဆိုတာ စိတ်ထဲမှာလည်း လုံးဝ ပြတ်ပြတ်သားသား စွဲကပ်ထားဖို့တော့ လိုအပ်တယ်။ ဘာကြောင့်လုပ်တာလဲ၊ ဘယ်ကိုလုပ်ရမလဲဆိုတာတွေ စိထဲမှာ နှလုံးသွင်းထားပြီး ခက်ခဲမယ်ဆိုရင်တောင် လုပ်ရမှာပဲ။ အားလုံးပြီးရင် အကြောင်းပြချက်မရှိဘဲ လုပ်နေဖို့မလိုဘူး။ သင့်မှာ သတ်မှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ချမှတ်ပြီးသွားရင် လုပ်ဖို့တန်တဲ့အရာတွေမှာ အဓိကထား အောင်မြင်အောင်လုပ်ရပါမယ်။

Credit: Lifehack

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service