မြေလွတ် ၊ မြေလပ် ၊ မြေရိုင်းဧက တစ်သန်းသုံးသိန်းကျော် ပြန်သိမ်းမည် - Property News in Myanmar from iMyanmarHouse.com
1643 Views

မြေလွတ် ၊ မြေလပ် ၊ မြေရိုင်းဧက တစ်သန်းသုံးသိန်းကျော် ပြန်သိမ်းမည်

တစ်နိုင်ငံလုံးက ခွင့်ပြုထားတဲ့ မြေလွတ် ၊ မြေလပ် ၊ မြေရိုင်း စုစုပေါင်း ဧက နှစ်သန်းသုံးသိန်းကျော်ထဲက အကောင်အထည်မဖော်တဲ့ ဧက တစ် သန်း သုံးသိန်းကျော်ကို ပြန်ရုပ်သိမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ် ။

အကောင်အထည်မဖော်တဲ့မြေတွေကို ပြန်ရုပ်သိမ်းဖို့ သက်ဆိုင်ရာ တိုင်းဒေ သကြီးအစိုးရအဖွဲ့အောက်က တိုင်းဒေသကြီး/ပြည်နယ် မြေလွတ် ၊ မြေလပ် စီမံခန့်ခွဲရေးအဖွဲ့ကို ညွန်ကြားထားတယ်လို့ သိရပါတယ် ။

စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်က ‘ခွင့်ပြု ထားတဲ့ ဧရိယာတွေထဲက တစ်သန်းသုံးသိန်းကျော်ဟာ အကောင်အထည်ေ ဖာ် ထားမှုမရှိတာကို စစ်ဆေးချက်အရ တွေ့ရပါတယ်’ လို့ ပြောပါတယ် ။

၂၀၁၂ မြေလွတ် ၊ မြေလပ် ၊ မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ ၊ နည်းဥပဒေတွေ မပြဌာန်းမီကာလအတွင်းက မြေလွတ် ၊ မြေလပ်နဲ့ မြေရိုင်းစီမံခန့်ခွဲရေး ဗဟို အဖွဲ့က ပုဂ္ဂလိက ကုမ္ပဏီ ၄၉၂၂ ၊ ဧက ၂၂ သိန်းကျော် လုပ်ကိုင်ခွင့်ပြု ခဲ့ တယ် ။

ဥပဒေပြဌာန်းပြီးနောက်ပိုင်း ပုဂ္ဂလိက ကုမ္ပဏီအဖွဲ့အစည်း ၄၅၉ ဦးကို ဧက စုစုပေါင်း ၉၀,၀၀၀ ကျော်ကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ယနေ့အထိ ပုဂ္ဂလိက ကုမ္ပ ဏီအဖွဲ့အစည်း ၅၃၈၁ ဦးကို ဧက ၂၃ သိန်းကျော်ခွင့်ပြုထားကြောင်း ဒုဝန် ကြီးက ဆက်ပြောပါတယ် ။

အာမခံမပေး ၊ နှစ်စဉ်ကြေးလည်းမပေးဘဲ မြေလွတ် ၊ မြေရိုင်းတွေပေါ် မှာ မြေကြီးတူးဖော်ရောင်းချတာတွေ ၊ မြေကြီးပေါ်က အပင်တွေကို သစ် ထုတ်လုပ်နေတာတွေ ၊ မီးသွေးဖုတ်နေတာတွေ ရှိပါတယ်။ ဒါကြောင့် သည်မြေလွတ် ၊ မြေရိုင်းတွေကို လက်ဝါးကြီးအုပ်ရယူထားခြင်းမရှိဘဲ မှန်မှန် ကန်ကန် ဖော်ထုတ်ပြီးတော့ နိုင်ငံတော်ဘဏ္ဍာငွေ အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပါတယ်လို့သာပေါင်းမဲဆန္ဒနယ်က ဦးသိန်းထွန်းက ပြောပါတယ် ။

၂၀၁၂ မြေလွတ် ၊ မြေလပ် ၊ မြေရိုင်း စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၉ အရ လုပ် ပိုင်ခွင့် ၊ အသုံးပြုခွင့်ပေးတဲ့အခါ အာမခံကြေးတွေသွင်းပြီးမှ ခွင့်ပြုမိန့်ထုတ်ေ ပးရမယ်လို့ ပြဌာန်းထားပါတယ် ။ ဒါ့အပြင် မြေလွတ် ၊ မြေလပ် ၊ မြေရိုင်းတွေ လုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့်နဲ့ ပတ်သက်ပြီး သက်မှတ်ကင်းလွတ်ခွင့် ကာလ ပြီး ဆုံးပြီးနောက်ပိုင်း ကောက်ခံရရှိလာမယ့် မြေခွန်တွေကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ၂၀၁၂ မြေလွတ် ၊မြေလပ် ၊ မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေပါ ပြဌာန်း ချက်တွေနဲ့အညီမြန်မာ့စီးပွားရေးဘဏ်ကို ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ် ကစပြီးကောက်ခံပေးရေး ဆောင်ရွက်မှာဖြစ်တယ်လို့ ဒုဝန်ကြီးဦးလှကျော် က ပြောပါတယ် ။

မြေလွတ် ၊ မြေလပ် ၊ မြေရိုင်းအသုံးပြုခွင့်ရရှိထားတဲ့ မြေတွေ အတွက် မြေ ခွန်ကို လုပ်ငန်းအမျိုးအစား သတ်မှတ်ထားတဲ့ မြေခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးတဲ့နေ့ကစပြီး တစ်နှစ်တစ်ကြိမ်ပေးသွင်းဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ် ။

အဲသည်မြေတွေဟာ စိုက်ပျိုးရေးလုပ်ငန်းတွေက နှစ်ရှည်ပင် စိုက်ပျိုြးေ မဖြစ်ရင် တစ်ဧကကို ကျပ် ၃၀၀၀ ၊ ဥယျာဉ်ခြံစိုက်ပျိုးမြေအတွက် တစ်ဧက ကျပ် ၂၀၀ ကျော် ၊ ရာသီ သီးနှံ၊ စက်မှုကုန်ကြမ်း ရာသီ သီးနှံ စိုက်ပျိုးမြေတစ် ဧကကို ကျပ် ၁၀,၀၀၀ ပေးသွင်းရမှာ ဖြစ်ပါတယ် ။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service