ဆုံးရှုံးသူတွေကို လေ့လာအောင်မြင်ခဲ့သူ - Property Knowledge in Myanmar from iMyanmarHouse.com
740 Views

ဆုံးရှုံးသူတွေကို လေ့လာအောင်မြင်ခဲ့သူ

Knowledge | Posted by Shwe Zin Win

“ဈေးကွက်ထဲတွင် လိုအပ်ချက်ကို ဖော်ထုတ်ပါ”

တိုနီ ဂွတ်ဝင်း (Tony Goodwin) သည် သူ့စီးပွားရေးကို သူ့နည်းသူ့ဟန်ဖြင့် အောင်မြင်စွာ တည်ဆောက်နိုင်သူတစ်ဦးဖြစ်သည်။ ဆုံးရှုံးနေသည့် လုပ်ငန်းများကိုပင် ပြန်လည် ထူထောင်နိုင်သူတစ်ဦး ဖြစ်သောကြောင့် ချီးကျူးထိုက်သူ တစ်ဦးလည်းဖြစ်သည်။

၂၀ဝ၁ ခုနှစ်မှ ၂၀ဝ၃ ခုနှစ်အကြားတွင် ကမ္ဘာ့စီးပွားပျက်ကပ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပြီး လုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းလုနီးပါး ဖြစ်နေချိန်၌ Antal International ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်နေသော ဂွတ်ဝင်းတစ်ယောက်လည်း ဆုံးရှုံးမှုပေါင်း များစွာကို ရင်ဆိုင်ခဲ့ရသည်။

“အခြေအနေတွေက အရမ်းကို ဆိုးသွားခဲ့တာ။ Aston Martin ကိုတောင် ရောင်းဖို့လုပ်ရတယ်။ အဲဒီအချိန်ကတော့ တကယ့်ကို သေရေးရှင်ရေး ဖြစ်ခဲ့ရတယ်”ဟု သူကဆိုသည်။

“ကျန်းမာရေးပါ ထိခိုက်လာတယ်။ ကိုယ်ထူထောင်ထားတဲ့ လုပ်ငန်းကြီးက ယိုင်တိယိုင်တိုင် ဖြစ်လာတယ်။ ပြိုလုတဲတဲ အခြေအနေကို ရင်ဆိုင်နေရတာ။ ကျွန်တော် အိပ်လို့လည်း မပျော်တော့ဘူး။ ယုံကြည်မှုတွေလည်း ပျောက်ဆုံးကုန်တယ်။ အဲဒီ ၂ နှစ်တာ ကာလကတော့ တကယ့်ကို လမ်းပျောက်နေခဲ့ရတဲ့ ကာလတွေပေါ့”
ဂွတ်ဝင်းသည် နိုင်ငံတကာတွင် ရုံးခန်းပေါင်း များစွာ ဖွင့်ထားသူဖြစ်သည်။ သူ့လုပ်ငန်းအတွက် ကာဇက်စတန်၊ အယ်လ်မာတီလိုနေရာမှာပင် ရုံးခန်းသွားဖွင့်ထားသူ ဖြစ်သည်။ သူ့လက်ထဲတွင် လက်ဆုပ်လက်ကိုင် အခိုင်အမာမရှိဘဲ သူက မည်သည့်ပရောဂျက်ကိုမှ နောက်ထပ် မလုပ်တတ်သူဖြစ်သဖြင့် သူ့လုပ်ငန်းများ လုပ်ဆောင်မည့် နေရာတိုင်းတွင် သူ့ရုံးတွေ ရှိနေသည်သာဖြစ်သည်။

အမေရိကန် ပြည်ထောင်စုတွင် စီးပွားပျက်ကပ်နှင့် ရင်ဆိုင်လာရသည်။ သူ့လုပ်ငန်းတွေ ယိုင်လာသည်။ ထိုစဉ်မှာပင် စက်တင်ဘာ ၁၁ ရက်နေ့ အဖြစ်ဆိုးကြီး ကျရောက်ခဲ့သည်။ သူ့လုပ်ငန်း ပိုဆိုးသွားသည်။

သူသည် အလွန်စမတ်ကျစွာ နေထိုင်တတ်သူတစ်ဦးဖြစ်သည်။ အောက်စ်ဖို့နှင့် ကင်းဘရစ်ခ်ျတက္ကသိုလ်လို ပညာတတ် အသိုင်းအဝိုင်းက ထွက်လာသူ တစ်ယောက်လည်း ဖြစ်သည်။ ဟန်ဂေရီတွင်မူ သူ့အလုပ်က လူစုသည့်အလုပ်သာသာဖြင့် စတင်ခဲ့ရသည်။ စီးပွားရေးလုပ်ငန်းများတွင် လိုအပ်သည့် လူသစ်များကို ရှာဖွေပေးခြင်းဖြင့် သူ့လုပ်ငန်းတွင် ယူရိုငွေတွေ တိုးလာစေရန် လုပ်ဆောင်နိုင်ခဲ့သူလည်း ဖြစ်သည်။

“စီးပွားရေးလုပ်ငန်းမှာ လူတွေကို ယုံကြည်ရမယ်တဲ့။ ဒါပေမဲ့ ဟန်ဂေရီမှာတော့ ကျွန်တော်က လူတွေကို ယုံကြည်ရဖို့ ကြောက်နေမိတယ်။ ဒါပေမဲ့ ကျွန်တော် လူတွေကို ယုံကြည်ခဲ့တယ်။ အများကြီးကိုတော့ မဟုတ်ဘူးပေါ့။ လုပ်ငန်းကလည်း ဖြည်းဖြည်းချင်း သွားနေရတာကိုး”

စီးပွားရေးလုပ်ငန်းကို စတင် လုပ်ဆောင်စတွင် အောင်မြင်ခဲ့သည်တော့မဟုတ်။ မနိုင်မနင်းတွေ ဖြစ်ခဲ့ရသည်။ သူက လုပ်ပိုင်ခွင့်တွေကို ခွဲဝေပေးသည့် လုပ်ငန်းခွဲများကို ထူထောင်ခွင့်ပြုသည်။ သူ့အပေါ်တွင် ပိနေသည့်ဝန်ထုပ်ဝန်ပိုးက လျော့သွားပြီး ကုမ္ပဏီကို တိုးချဲ့လာနိုင်ခဲ့သည်။ ယနေ့ဆိုလျှင် Antal International ကုမ္ပဏီကြီးသည် ဝန်ထမ်းပေါင်း ၇၅၀၊ ရုံးခန်းပေါင်း ၁၆၉ ရုံးနှင့် နိုင်ငံပေါင်း ၂၈ နိုင်ငံတွင် ဖွင့်နိုင်သည့် အနေအထားကိုပင် ရောက်ရှိလာခဲ့ပြီ။ သူက သူ့လက်ထဲတွင် ရုံးခန်း ၁၂ ခုကိုသာ တိုက်ရိုက်ကိုင်ထားပြီး ၃၅၀ ခန့်ကို ဝန်ထမ်းများနှင့် လွှဲအပ်ကာ အုပ်ချုပ်စီမံခိုင်းထားသည်။

“ယနေ့ခေတ်လူငယ်တွေက အသစ်အဆန်းလေးတွေဆိုရင် လုပ်ချင်ကြတယ်။ ဒါပေမဲ့ သူတို့ တီထွင်တယ်ဆိုတာ တစ်ပတ်လည်နေတာ။ အောင်မြင်ချင်ရင် ဈေးကွက်ရဲ့ လိုအပ်ချက်၊ လစ်ဟာချက်တွေကို သိရမယ်။ သူများတွေထက် ပိုကောင်းအောင် တီထွင် လုပ်ကိုင်နိုင်ရမယ်”ဟု သူက လူငယ်တွေကို လမ်းညွှန်ပေးခဲ့သည်။

ဂွတ်ဝင်းကို အောင်မြင်စေခဲ့သည့်အချက်မှာ PR (Public Relation) ဖြစ်သည်။ သူတစ်ကမ္ဘာလုံးတွင် ကုမ္ပဏီခွဲပေါင်းများစွာ ဖွင့်ထားနိုင်ခြင်းမှာလည်း PR ကောင်းသောကြောင့်ဖြစ်သည်။ သူ့လုပ်ငန်းကို ရုပ်မြင်သံကြား အစီအစဉ်များတွင် ဖော်ပြခြင်းခံရသည်။ အထူးသဖြင့် တရုတ်နှင့် ပိုလန်မီဒီယာများတွင် Antal ကုမ္ပဏီကို အလွန်လေးစားဖွယ် ကောင်းသည့် လုပ်ငန်းကြီးတစ်ခုအနေနှင့် ဂုဏ်ယူဦးစားပေး ဖော်ပြကြသည်။

“ကျွန်တော့်လုပ်ငန်းကနေ အကျိုးအမြတ်က စတာလင်ပေါင်သန်း ၃၀ လောက် ဖြစ်လာတယ်။ ဒါပေမဲ့ ကျွန်တော်ရလိုက်တဲ့ PR အတွေ့အကြုံတွေက စတာလင်ပေါင် သန်း ၃၀ဝ မကဘဲ”ဟု သူကဆိုသည်။

သူက သူ့လုပ်ငန်းကို Antal ဟု အမည်ပေးခဲ့ရပုံကိုလည်း ပြန်ပြောပြသည်။

“အရှေ့ဥရောပမှာ ဈေးကွက်ချဲ့မယ်လုပ်တော့ ကျွန်တော့်လုပ်ငန်းကို အမည်ပေးဖို့ လိုတယ်။ ကျွန်တော်က ဗြိတိသျှဆန်ဆန် အမည်ပေးရတာကို မကြိုက်ဘူး။ အထူးသဖြင့်တော့ မိုက်ကယ် ပိတ်ခ်ျတို့၊ အလက်ဇန်းဒါးမန်း ဆိုတာမျိုးတွေလို ဗြိတိန်နံ့သင်းနေတဲ့ နာမည်တွေကို သဘောမကျဘူး။ ယခင် ဟန်ဂေရီသမ္မတက အန်သိုနီဆိုတာကို ဟန်ဂေရီလေသံနဲ့ အန်တဲ (Antal) လို့ခေါ်တယ်။ အဲဒီအမည်လေးကို ကြိုက်ပြီး ယူလိုက်တာ”

တိုနီ ဂွတ်ဝင်းသည် စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင်များအကြောင်းနှင့်ပတ်သက်ပြီး စာအုပ်တစ်အုပ်လည်း ရေးသား ပြုစုခဲ့သေးသည်။ “How They Blew It”ဟု စာအုပ်အမည်ကို ပေးထားသည်။ သူက -

“ကျွန်တော်က အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီးတွေအကြောင်း ရေးထားတဲ့စာအုပ်တွေကို ဖတ်ပြီးတော့ နားမလည်ဘူးဆိုပြီး စာအုပ်ကို ချထားလိုက်တဲ့ လူငယ်တွေကို ပြောချင်ပါတယ်။ ကျွန်တော်လည်း အောင်မြင်သူတွေကို စိတ်မဝင်စားပါဘူး။ ကျွန်တော် စိတ်ဝင်စားတာက အောင်မြင်တဲ့သူတွေ ဘယ်လို ဆုံးရှုံးခဲ့တယ်ဆိုတာပါ။ သူတို့ဆုံးရှုံးနေရာက ဘယ်လိုပြန်ပြီး ထူထောင်နိုင်ခဲ့တယ်ဆိုတာပဲ ကျွန်တော် စိတ်ဝင်စားတယ်”ဟုလည်း ဆိုခဲ့သည်။

သူ့အလုပ်ကို သူက ရိုးစင်းစွာ လုပ်ဆောင်သူဖြစ်သည်။ စီးပွားရေးဘွဲ့ကို ဂုဏ်ထူးနှင့် အောင်မြင်ခဲ့သော်လည်း သူ လုပ်ကိုင်နေသည့် လုပ်ငန်းကို ရှင်းပြရာတွင် -

“ကျွန်တော့်အလုပ်က ရှင်းရှင်းလေးပါ။ ကျွန်တော်က တစ်ခုခုကိုဝယ်ဖို့ အမြဲ စိတ်ဝင်စားနေတာ။ ဈေးတစ်ခုခုနဲ့ သတ်မှတ်ဝယ်လိုက်မယ်။ ပြင်ဆင်မွမ်းမံလိုက်မယ်။ ဝန်ဆောင်မှုလေး ထည့်လိုက်မယ်။ ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းမယ်”

ဂွတ်ဝင်းသည် ရိုးစင်းစွာဖြင့် ဘဝကိုထူထောင် အောင်မြင်ခဲ့သူ တစ်ယောက်ဖြစ်သည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service