သေချာပေါက်အောင်မြင်စေမယ့် နည်းလမ်းကောင်း (၄)မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
1293 Views

သေချာပေါက်အောင်မြင်စေမယ့် နည်းလမ်းကောင်း (၄)မျိုး

Knowledge | Posted by Zarni Kyaw

အောင်မြင်ဖို့ဆိုတာ ဆုံးဖြတ်ချက်ကောင်းကောင်း ချမှတ်နိုင်ဖို့က အရေးကြီးပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှသာလျှင် လုပ်သမျှက အကွက်တည့်နေမှာပါ။ အခုအဖော်ပြထားတဲ့ နည်းလမ်းတွေဟာ သင့်ရဲ့ မှားယွင်းနေတဲ့ အလေ့အထတချို့ကိုတော့ ချိုးဖဲ့ပစ်လိုက်ရတာမျိုး ရှိချင်တော့ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တဲ့ အောင်မြင်သူတစ်ယောက် ဖြစ်လာမှာတော့ မလွဲဧကန်ပါပဲ။

၁။ ဆုံးဖြတ်မှုစံ သတ်မှတ်ပါ

ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာမှာ အဓိကအကျဆုံးက ကိုယ်က ဘယ်နေရာမှာ အောင်မြင်လိုတာလဲဆိုတာ တိတိကျကျ သိနေဖို့ပဲ။ ကိုယ့်ရည်မှန်းချက်ကိုမှ ကိုယ်က သေသေချာချာ မသိဘူးဆိုရင် ကိုယ်ဆုံးဖြတ်လိုက်တာက ကိုယ့်သွားရာလမ်းနဲ့ ကိုက်မကိုက်၊ ညီမညီလည်း မသိနိုင်တော့ဘူး။ မျက်ကန်း ဆင်စမ်းပြီး ဆုံးဖြတ်သလိုဖြစ်နေပါလိမ့်မယ်။

၂။ အဆုံးမရှိတဲ့ သတင်းအချက်အလက်တွေ စုဆောင်းတာကို ရပ်ပစ်ပါ

တစ်ခုခုကို စဉ်းစားဆုံးဖြတ်တော့မယ်ဆိုရင် ရရှိလာတဲ့ သတင်း (သို့) အချက်အလက်တွေပေါ်မှာပဲ မူတည်ဆုံး အကဲဖြတ်ကြရတာများပါတယ်။ ဒါကြောင့် သတင်းအချက်အလက်တွေဟာ အမြဲတမ်းလိုအပ်နေတဲ့ အရာတွေပါ။ ဒါပေမဲ့ အောင်မြင်မှုကို ရယူချင်တယ်ဆိုရင် သတင်းအချက်အလက်တွေပဲ ရှာဖွေနေရုံနဲ့ မပြီးပါဘူး။ ပြုမူဆောင်ရွက်ဖို့ကလည်း လိုပါသေးတယ်။
ဒါကြောင့် အတောမတတ်နိုင်တဲ့ သတင်းအရင်းမြစ်တွေ ကို ရှာဖွေစုဆောင်းပြီး လေ့လာနေမယ်ဆိုရင် ရှာဖွေသူ တစ်ယောက်သာ ဖြစ်လာပါလိမ့်မယ်။

၃။ အန္တရာယ်နဲ့ ဆုလဒ်ကို အချိုးချ ချင့်တွက်ပါ

စဉ်းစားဆုံးဖြတ်ကြတဲ့အခါတိုင်းမှာ အကောင်းနဲ့ အဆိုးက ဒွန်တွဲပြီး ရှိနေကြစမြဲပါ။ အရာအားလုံးတော့ မမှန်နိုင်ပါဘူး။ ဒါကြောင့် စဉ်းစားဆုံးဖြတ်တဲ့အခါတိုင်းမှာ အဆိုးနဲ့အကောင်းကို သေချာ အချိုးချ နှိုင်းယှဉ် ချင့်တွက်ကြည့်ဖို့လိုပါတယ်။
ဥပမာ - ကိုယ့်ကို ရာထူးတိုးပေးလိုက်တယ်ဆိုပါစို့။ ဒါဟာ အကောင်းပေါ့။ ဒါပေမဲ့ တစ်ဖက်မှာကျတော့ ရာထူးတိုး လာတာနဲ့အမျှ အလုပ်တွေ၊ တာဝန်တွေလည်း ပိုလာလိမ့်မယ်ဆိုတာ ထည့်တွက်ကြည့်ပြီး တန်မတန် ချင့်ချိန်ကြည့်ဖို့ လိုပါတယ်။

၎။ plan ကို အရန်တစ်ခု ထားပါ

ကိုယ်က ဘယ်လောက်ပဲတော်နေပါစေ တစ်နေရာမဟုတ်တစ်နေရာမှာတော့ အမှား (သို့) အားနည်းချက်တချို့ ရှိနေနိုင်ပါတယ်။ ဒါကြောင့် စဉ်းစားဆုံးဖြတ်မှုတိုင်းမှာ backup plan တစ်ခု ရှိနေဖို့ လိုပါတယ်။

Credit: Lifehack

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service