မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့် တင်နိုင်ရန်နှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ နီးနီးကပ်ကပ် လုပ်ကိုင်နိုင်စေရန် ကမ္ဘာ့ဘဏ်က ဆောင်ရွက်နေ - Property News in Myanmar from iMyanmarHouse.com
1004 Views

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့် တင်နိုင်ရန်နှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ နီးနီးကပ်ကပ် လုပ်ကိုင်နိုင်စေရန် ကမ္ဘာ့ဘဏ်က ဆောင်ရွက်နေ

မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာများအတွက် သုံးနို င်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်နှင့် ဆင်းရဲနွမ်းပါးမှုကို တိုက် ဖျက်ရန်၊ တိုးတက်မှု၏ အသီးအပွင့်များအား လူတိုင်းမျှဝေခံစားနိုင်ရန်အတွက် ကမ္ဘာ့ဘဏ်၏ လုပ်ငန်းစဉ်များကို မြှင့်တင်ရန်၊ စီးပွားရေးပြုပြင်ပြောင်း လဲမှု များကို ပိုမိုရင်းနှီးစွာဆွေးနွေးလုပ်ကိုင်ရန် ကမ္ဘာ့ဘဏ်မှ ဆောင်ရွက် လျက်ရှိ ပြီး ယင်းအတွက် သုံးနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးအသစ်တစ်ဦးအား စတင် ခန့်အပ်ခဲ့ကြောင်း ဇူလိုင် ၃ ရက်က ကမ္ဘာ့ဘဏ်ရုံးချုပ် ဝါရှင်တန်ဒီစီမှ သ တင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းလျက်ရှိပြီး ဒေသ တွင်းနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် ချိတ်ဆက်မှုများ ပိုမိုပြုလုပ်လျက်ရှိ သည့် သမိုင်းဝင်သည့် အပြောင်းအလဲကာလတွင် ကမ္ဘာ့ဘဏ်အနေဖြင့် ညွှန် ကားရေးမှူးအဆင့် ရှိသည့် ဌာနေကိုယ်စားလှယ်တစ်ဦးအား ရန်ကုန်မြို့တွင် အခြေစိုက်ကာ ပထမဦးဆုံးအကြိမ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ဖြစ်ပြီး ပူးေ ပါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်သွားရန် ရည်ရွယ်ထားကြောင်း ယင်း သ တင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“ကျွန်မအနေနဲ့ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရတဲ့ အတွက် အင်မတန်ဂုဏ် ယူ ဝမ်းမြောက်မိပါတယ်။ ဒီတိုင်းပြည်တွေရဲ့ ထူးခြားတဲ့သမိုင်းကြောင်းနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက် မှုတွေကို ပိုမိုနားလည်လာအောင် ကြိုးပမ်းဆောင် ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ လတ်တလောမှာ ဒီသုံးနိုင်ငံက အရှေ့အာ ရှ ဒေသရဲ့ စီးပွားရေးတိုးတက်မှုနှုန်းအရ အမြန်ဆန်ဆုံး တိုင်းပြည်တွေထဲမှာ ပါဝင်နေပါတယ်။ တစ်နိုင်ငံချင်းစီအလိုက် သဘော တူညီထားတဲ့ပူးပေါင်းေ ဆာင်ရွက်မှု လုပ်ငန်းအစီအစဉ်တွေအရ ဆင်းရဲနွမ်းပါးသူတွေရဲ့ ဘဝတွေကို အပြောင်းအလဲဖြစ်စေဖို့အတွက် လူတိုင်းပါဝင်နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုေ ဖ်ာဆောင် နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားဖို့ ရည်မှန်းထားပါတယ်''ဟု မစ္စ ဂိုး လ်စတိန်းက ပြောကြားသည်။

မစ္စ အယ်လင်ဂိုးလ်စတိန်းသည် အုပ်ချုပ်မှုနှင့် ရလဒ်စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်း ကျင်သူ တစ်ဦးဖြစ်ပြီး မကြာခင်က ဗီယင်နာမြို့တွင် အခြေစိုက်ကာ ဥရောပ တိုက်ရှိ ဘော်လကန် အနောက်ခြမ်းဒေသနှင့် အာရှတိုက်အလယ်ပိုင်း ဒေသ ဆိုင်ရာညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အဆိုပါ တာဝန်မ တိုင်ခင်က ၄င်းသည် ဒါကာမြို့တွင် အခြေစိုက်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နီပေါနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

အာဖရိက၊ တောင်အာရှ၊ ဥရောပနှင့် အာရှတိုက် အလယ်ပိုင်းဒေသများ ရှိ ဒေသအသီးသီးတွင် ကမ္ဘာ့ဘဏ်၏ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်အသီးသီး ကို ထမ်းဆောင်ခဲ့ပြီး ယခုအခါ လုပ်သက်စုစုပေါင်း နှစ် ၃ဝ ကျော် ရှိခဲ့ပြီဖြစ် သည်။ ၄င်းသည် ပရင့်စတန်တက္ကသိုလ်မှ နိုင်ငံတကာ ဘောဂဗေဒနှင့် ဖွံြ့ ဖိုးရေးလေ့လာမှုဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ကို လည်းကောင်း၊ ဂျွန်ဟော့ ကင်း တက္ကသိုလ်မှ နိုင်ငံတကာ ကျန်းမာရေးနှင့် လူဦးရေဘာသာရပ်ဖြင့် မ ဟာဝိဇ္ဇာဘွဲ့ကို လည်းကောင်း ရရှိခဲ့သည်။

မစ္စ ဂိုးလ်စတိန်းသည် ရန်ကုန်မြို့တွင် အခြေစိုက်ကာ တာဝန်များကို ထမ်းေ ဆာင် လျက်ရှိပြီး သုံးနိုင်ငံရှိ အစိုးရတာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် သက်ဆိုင်သူ အဖွဲ့အစည်းအသီးသီးအားလုံးနှင့် မကြာမီတွင် တွေ့ဆုံသွား မည်ဖြစ်သည်။ အဆိုပါ သုံးနိုင်ငံတွင် ကမ္ဘာ့ဘဏ်အနေဖြင့် ၂ဝ၁၇ ခုနှစ် ဇွန် လကုန်အထိ ဖွံ့ဖြိုးရေးစီမံကိန်းပေါင်း ၄၃ ခုအား ပံ့ပိုးလျက်ရှိပြီး ငွေေ ကြး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ ရှိသည်။

ထိုစီမံကိန်းလုပ်ငန်းများအပြင် ကျန်းမာရေး၊ အာဟာရပြည့်ဝစွာ ရရှိရေး၊ ပ ညာရေး၊ လမ်း၊ လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်းများကို တိုးမြှင့်ဆောင် ရွက် ခြင်းဖြင့် လူသားအရင်းအမြစ်များကို ပျိုးထောင်ရန်၊ စီးပွားရေးတိုးတက် မှုနှုန်းကို ထိန်းသိမ်းထားနိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များ မှ ပြန်လည် ထူထောင်နိုင်ရေး စသည့်ကဏ္ဍအသီးသီးတွင် သုတေသနလုပ်ငန်းများ၊ ပ ညာရပ်ဆိုင်ရာ လေ့လာမှုများဖြင့် လည်း ပံ့ပိုးကူညီလျက်ရှိသည်။လက်ရှိ ဖွံ့ဖြိုးရေးစီမံကိန်းများ ကမ္ဘောဒီးယားနိုင်ငံ- စီမံကိန်း ၁၂ ခု၊ တန်ဖိုး အမေရိ ကန်ဒေါ်လာ ၂၄၃ သန်း(Trust Funds များအပါအဝင်)လာအိုနိုင်ငံ - စီမံ ကိန်း ၁၈ ခု၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၇ သန်း(Trust Funds များ အပါ အဝင်)မြန်မာနိုင်ငံ - စီမံကိန်း ၁၃ ခု၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ဝ၈ဝ သန်း(Trust Funds များအပါအဝင်) ကူညီပံ့ပိုးမှုများစွာကို ပြုလုပ်ပေးလျက် ရှိသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service