ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကွမ်းခြံကုန်းတွင် လေဆိပ်သစ် တစ်ခု တည်ဆောက်ရန်မျှော်မှန်းထားဟု ဝန်ကြီးချုပ်ပြော - Property News in Myanmar from iMyanmarHouse.com
1550 Views

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကွမ်းခြံကုန်းတွင် လေဆိပ်သစ် တစ်ခု တည်ဆောက်ရန်မျှော်မှန်းထားဟု ဝန်ကြီးချုပ်ပြော

ရန်ကုန်တိုင်း ဒေသကြီးတွင် လေဆိပ်သစ်တစ်ခု တည်ဆောက်နိုင်ရန် မျှော်မှန်းထား ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။ဇူလိုင် ၂ ရက်ကSky Star ဟိုတယ်တွင်ပြုလုပ်သည့် ""မြန်မာ နိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်း(MLCA)၊ အသင်းသားစုံ ညီအထူးအစည်းအဝေး""သို့ တက် ရောက်အမှာစကားပြောကြားစဉ် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

""ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကြီး ကိုလည်း ဒီထက်ပိုပြီးကောင်းမွန်လာ အောင် ပြုပြင်မှုတွေဆောင်ရွက်နေ သလို လေဆိပ်သစ်တစ်ခုကိုလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တည်ဆောက်နိုင်ဖို့အတွက် ကျွန် တော်တို့မျှော်မှန်းထားပါတယ်""ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
အဆိုပါလေဆိပ်ကို ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ကော့မှူး၊ ကွမ်းခြံကုန်းဘက်တွင်တည်ဆောက် နိုင်ရန်မျှော်မှန်းထားပြီး လေယာဉ် ကွင်းတည်ဆောက်ရေးဆိုင်ရာ လေ့လာဆန်းစစ်မှုများပြုလုပ်ရေးအတွက်အမေရိကန်နိုင်ငံ၏အကူအညီကို
လည်း ရယူသွားရန် မျှော်မှန်းထားကြောင်း ၄င်းကဆက်လက်ပြောသည်။
ယခင်ရှိပြီးသား ဟံသာဝတီ လေဆိပ်စီမံကိန်းမှာ ဆက်လက်တည် ရှိနေမည်ဖြစ်ကြောင်း သိရသည်။

""တစ်ချိန်တုန်းမှာ ဟံသာဝတီ လေယာဉ်ကွင်းတည်ဆောက်မယ်ဆို တဲ့ စီမံကိန်းရှိခဲ့ပါတယ်။ အခုလည်း အဲဒီစီမံကိန်းဟာရှိနေပါတယ်။ သို့ သော် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကနေ မိုင် ၄၀ ကျော်လောက်ဝေးတဲ့ လေယာဉ်ကွင်းတစ်ခုကို ရန်ကုန်အ နေနဲ့တည်ဆောက်သင့်သလားဆို တဲ့အခြေအနေတစ်ခုကို ကျွန်တော်တို့ ပြန်လည်လေ့လာဆန်းစစ်နေပါ တယ်။ ရန်ကုန်မြို့ဟာ တဖြည်းဖြည်း ပင်လယ်ပြင်ဘက်ကိုရွေ့ သွားသင့်ပါတယ်။ နိုင်ငံတကာမှာကြည့် မယ်ဆိုရင် ပင်လယ်ဟာ အကောင်း ဆုံးအသုံးချနိုင်တဲ့နေရာဖြစ်ပါတယ်""ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

ယင်းအပြင် လက်ရှိအချိန်၌ ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း စတင်ရန်ပြင်ဆင်နေပြီဖြစ်ပြီး ဒလ ဘက်အခြမ်းတွင်လည်း အထူးစီးပွား ရေးဇုန်တစ်ခုတည်ဆောက်နိုင်ရေး ကိုလည်း လေ့လာဆန်းစစ်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

""ဒီဆောက်လုပ်ရေးပြင်ဆင်မှု တွေဟာ တစ်ချိန်မှာ ဒလဘက်ရဲ့ဖွံ့ ဖြိုးတိုးတက်မှုတွေကို အများကြီး အထောက်အကူဖြစ်စေမှာဖြစ်ပါ တယ်။ ဒလမြို့ရဲ့တစ်ဖက်ကမ်းကို အထူးစီးပွားရေးဇုန်တည်ဆောက် နိုင်ဖို့အတွက် ကျွန်တော်တို့အကြို လေ့လာဆန်းစစ်မှုတွေကို ပြုလုပ်နေ ပြီဖြစ်ပါတယ်။ တကယ်လို့ ရန်ကုန် မြစ်ရဲ့တစ်ဖက်ကမ်း ဒလဘက်အခြမ်း မှာ ရန်ကုန်အထူးစီးပွားရေးဇုန်ကို တည်ဆောက်နိုင်မယ်ဆိုရင် ကျွန်တော် တို့ပြည်ထောင်စုလွှတ်တော်ကိုတင် ပြဖို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုတင်ပြတယ်ဆိုတဲ့ ရည်ရွယ်ချက် ကတော့ အထူးစီးပွားရေးဇုန်ကို ပြည် ထောင်စုလွှတ်တော်ကိုပဲတင်ပြရမှာ ဖြစ်ပါတယ်။ တကယ်လို့သာ အထူး စီးပွားရေးဇုန်ကြီးတည်ဆောက်နိုင် မယ်ဆိုရင် သီလဝါတစ်ဖက်ကမ်းရဲ့ တစ်ဖက်မှာ ရန်ကုန်အထူးစီးပွားရေး ဇုန်ကြီးပေါ်ထွန်းလာဖို့ရှိပါတယ်""ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

ယင်းအပြင် ရန်ကုန်၏အနောက် ဘက်ကမ်းတွင် မြို့သစ်စီမံကိန်း တစ်ခုတည်ဆောက်နိုင်ရေးအတွက် လည်း တိုင်းဒေသကြီးအစိုးရမှကြိုး ပမ်းလျက်ရှိကြောင်း ရန်ကုန်မြစ်ဝ တွင် ဆိပ်ကမ်းတစ်ခုတည်ဆောက် သွားနိုင်ရန်လည်း မျှော်မှန်းထား ကြောင်း ၄င်းကဆက်လက်ပြောသည်။

ယင်းအပြင် လက်ရှိရန်ကုန်မြို့ တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများကို မိုးရာသီကုန်ဆုံးချိန်တွင်စတင်မည် ဖြစ်ပြီး သမိုင်းကျန်ရစ်မည့်အဆောက် အအုံများကျန်ရှိနေစေရေးအတွက် ကန်ထရိုက်တာများအနေဖြင့် ဝိုင်း ဝန်းကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်း(ြူဃဗ)ဥက္ကဋ္ဌ ဦးကျော် ဝင်းကပြောသည်။

""ကျွန်တော်တို့အသင်းအနေနဲ့ လည်း ဆက်လက်ပြီးတော့ နိုင်ငံတော် အစိုးရနဲ့လက်တွဲပြီးတော့မှ ရန်ကုန် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ တတ်နိုင်သလောက် ပါဝင်ပြီးတော့ ပူးပေါင်းဆောင်ရွက် သွားပါမယ်""ဟု ဦးကျော်ဝင်းက ပြောသည်။


Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service