တရုတ်တွင် လှိုဏ်ဂူများနှင့် ရေစီးကြောင်းများပေါ်တွင် ဆောက်လုပ်ထားသည့်နေအိမ်အောက် အလွန်ကြီးမားသည့်ကျင်းကြီးဖြစ်ကာ အိပ်ခန်းနေရာ ပြိုကျ - Property News in Myanmar from iMyanmarHouse.com
1852 Views

တရုတ်တွင် လှိုဏ်ဂူများနှင့် ရေစီးကြောင်းများပေါ်တွင် ဆောက်လုပ်ထားသည့်နေအိမ်အောက် အလွန်ကြီးမားသည့်ကျင်းကြီးဖြစ်ကာ အိပ်ခန်းနေရာ ပြိုကျ

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူနန်ပြည်နယ်တွင် လှိုဏ်ဂူများနှင့် ရေစီးကြောင်းများပေါ်တွင် ဆောက်လုပ်ထားသည့်နေအိမ်အောက်တွင် အလွန်ကြီးမားသည့် ကျင်းကြီးဖြစ်ကာ နေအိမ်၏ အိမ်ခန်းနေရာပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

အဆိုပါနေအိမ်တွင် နေအိမ်သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးကြီး ချန်းကျောက်ယန်သည် သူမ၏အိပ်ခန်းအတွင်း အိပ်ပျော် နေစဉ် နေအိမ်ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျင်းကြီးအတွင်းပျောက်ဆုံးနေသောကြောင့် ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေလျက်ရှိကြသည်။

အိမ်ပြိုကျမှု ဖြစ်ပွားသော မနက်က ချန်းကျောက်ယန်၏ခင်ပွန်းက ဇနီးဖြစ်သူကို လိုက်လံခေါ်ယူရာမှ ပျောက်ဆုံးနေကြောင်း သိရှိခဲ့ခြင်း ဖြစ်သည်ဟု ဟူနန်ပြည်နယ်အခြေစိုက် သတင်းဝက်ဘ်ဆိုက် voc.com.cn တွင် ဖော်ပြသည်။

အဆိုပါမနက်က အိပ်ခန်းအတွင်းခင်ပွန်းဖြစ်သူ ဝင်လာစဉ် ကြမ်းပြင်တွင် ၃ မီတာပတ်လည်ခန့်ရှိ အပေါက်ကြီးဖြစ်နေသည်ကို တွေ့ရပြီး ဇနီးဖြစ်သူကိုမူ မတွေ့ရတော့ဟု ဆိုသည်။အခင်းဖြစ်ပွားရာနေရာမှာ ဟူနန်ပြည်နယ်၊
လျံယွမ်မြို့ ၊ ရှီဇူလင်းကျေးရွာတွင် ဖြစ်သည်။

ယင်းဒေသသည် လွန်ခဲ့သော ရက်များအတွင်း မိုးအလွန်သည်းထန်စွာ ရွာသွန်းခဲ့သော ဒေသလည်း ဖြစ်သည်။
ကယ်ဆယ်ရေးအဖွဲ့များသည် မြေအောက် ၁၅ မီတာအနက်ခန့်အထိ တူးဖော်ကာ ပျောက်ဆုံးနေသော အမျိုးသမီးကြီးကို ရှာဖွေလျက် ရှိကြသည်။
ကယ်ဆယ်ရေးအဖွဲ့များထံတွင် သက်ရှိရှာဖွေရေး ကိရိယာလည်း ပါဝင်သည်ဟု ဆိုသည်။

ကျွမ်းကျင်ပုဂ္ဂိုလ်တို့၏အဆိုအရ မြေအောက်ရေစီးကြောင်းများနှင့် လှိုဏ်ဂူကွန်ရက်များအပေါ်တွင် ဆောက်လုပ်ထားခြင်း
ဖြစ်သောကြောင့် ပြိုကျခဲ့ရခြင်းဖြစ်ပြီး နေထိုင်ရန်အလွန်အန္တရာယ်များ
လှကြောင်း ပြောကြားကြသည်။

ခင်ပွန်းဖြစ်သူက ပြောကြားရာတွင် နံနက်စောစောပိုင်း အချိန်တွင် အလွန်ကျယ်လောင်သည့်အသံကြီးတစ်ခုကို ကြားလိုက်သော်လည်း မိုးရွာသောကြောင့် သစ်ပင်တစ်ပင်လဲပြိုခြင်းဖြစ်သည်ဟုသာ ထင်မှတ်ခဲ့သည်ဟု ဆိုသည်။

အိပ်ခန်းနေရာ ပြိုကျခဲ့ရာတွင် ရေခဲသေတ္တာနှင့် ပန်ကာတစ်လုံးလည်း ပါဝင်သွားသည်။နေအိမ်ခန်းပြိုကျချိန်တွင် ၁၃ နှစ်အရွယ် သမီးငယ်မှာ အိမ်တွင်မရှိသောကြောင့် ဘေးအန္တရာယ်မှ လွတ်ကင်းသွားသည်ဟု ဆိုသည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်တွင် လှိုဏ်ဂူများနှင့် ရေစီးကြောင်းများပေါ်တွင် ဆောက်လုပ်ထားသည့်နေအိမ်အောက် အလွန်ကြီးမားသည့်ကျင်းကြီးဖြစ်ကာ အိပ်ခန်းနေရာ ပြိုကျ - Property News in Myanmar from iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service