ဆန်းစစ်အတွေးရှိတဲ့ ခေါင်းဆောင်တိုင်းမှာ တွေ့ရလေ့ရှိတဲ့ (၈)ချက် - Property Knowledge in Myanmar from iMyanmarHouse.com
1380 Views

ဆန်းစစ်အတွေးရှိတဲ့ ခေါင်းဆောင်တိုင်းမှာ တွေ့ရလေ့ရှိတဲ့ (၈)ချက်

Knowledge | Posted by Si Thu Aung

ဆန်းစစ်တွေးတောကြတဲ့နေရာမှာ လေးနက်ပြီး
လွတ်လပ်တဲ့ တွေးခေါ် မြှော်မြင်မှုမျိုးဖြစ်ရပါမယ်။

ပြောရရင်တော့ ဆန်းစစ်တွေးတောမှုဆိုတာ အကျိုးသင့်အကြောင်းသင့်ကို ယုတ္တိရှိရှိနဲ့ ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် စဉ်းစားချင့်ချိန်နိုင်စွမ်းတစ်ခု
လို့ပဲ ဆိုရပါမယ်။ ဆန်းစစ်တွေးတောကြတဲ့နေရာမှာ လေးနက်ပြီး
လွတ်လပ်တဲ့ တွေးခေါ် မြှော်မြင်မှုမျိုးဖြစ်ရပါမယ်။

ဆန်းစစ်တွေးခေါ်နိုင်စွမ်းရှိတဲ့ ခေါင်းဆောင်တစ်ယောက်ဟာ
အိုင်ဒီယာတွေ၊ ဖော်ထုတ်မှုတွေနဲ့ ဝိဝါဒကွဲပြားစေတဲ့ မညီမျှတဲ့
ကွဲလွဲမှုတွေ၊ အမှားတွေကြားမှာ သဘာဝကျကျ ဆက်သွယ်နားလည်နိုင်ပြီး
သင့်တော်မှုရှိတဲ့ ဆုံးဖြတ်ချက်တွေကို ချပေးနိုင်ပါတယ်။

အဲဒီလို ဆန်းစစ်တွေးခေါ် နိုင်စွမ်းရှိတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ဆိုရင် အောက်မှာဖော်ပြထားတဲ့ အချက်တွေရှိဖို့လိုပါတယ်။

၁။ စာနာတတ်ရမယ်။ ဆိုလိုတာက ကိုယ်ဝေဖန်မှုပြုလိုက်တဲ့ လူပုဂ္ဂိုလ် (သို့) အကြောင်းအရာတွေပေါ်မှာ ကိုယ်တိုင် ဝင်ရောက် ခံစားကြည့်နိုင်ရမယ်။

၂။ သမာသမတ်ကျရမယ်။ ဆိုလိုတာက မတူညီတဲ့အမြင်တွေ၊ ကွဲပြားခြားနားမှုတွေနဲ့ ကြုံလာရတဲ့အခါမျိုးမှာ သူတို့နှစ်ခုကြားက အချက်အလက်တွေကို သေချာခြုံငုံပြီးမှ မျှမျှတတဖြစ်အောင် ဆုံးဖြတ်ပေးရမယ်။

၃။ သက်သေသာဓက ပြနိုင်ရမယ်။ ဒီနေရာမှာ သင့်အနေနဲ့ အချက်အလက်တွေလိုလာပါပြီ။ စိတ်ကူးသက်သက်ရရှိလာတဲ့ အကြမ်းသဘောလောက်နဲ့ မဆုံးဖြတ်သင့်ပါဘူး။ အချက်အလက်တွေ၊ ဆုံးဖြတ်ချက်တွေကို ရှုထောင့်အမျိုးမျိုးနဲ့ ကြည့်နိုင်ဖို့အတွက် လက်တွေ့ကြုံဆုံမြင်တွေ့ခဲ့ရတဲ့ သတင်းအချက်အလက်တွေကိုလည်း ပြန်ကြည့်ဖို့လိုပါတယ်။

၎။ တီထွင်တွေးတောနိုင်ရမယ်။ ဒီနေရာမှာ ဆန်းသစ်ရဲတဲ့ သတ္တိရှိဖို့လိုပါတယ်။ တစ်ခါတလေမှာ တချို့အရာတွေက ပုံမှန်အားဖြင့် တွေးတောအဖြေရှာလို့ မရနိုင်တာတွေရှိပါတယ်။ အဲဒါမျိုးအချိန်မှာ ရှုထောင့်အမျိုးမျိုးနဲ့ ခွဲထွက်စဉ်းစားနိုင်ရမယ်။

၅။ လူ့ကျင့်ဝတ်ရှိရမယ်။ ဆိုလိုတာက အကျိုးသင့်အကြောင်းသင့် မေးမြန်းဆင်ခြင်မှုပြုနိုင်ရမယ်။ တစ်ဖက်စောင်းနင်း မသုံးသပ်သင့်၊ မဆုံးဖြတ်သင့်ပါဘူး။

၆။ ယှဉ်ပြိုင်နိုင်ရမယ်။ ဆိုလိုတာက အထက်စီးမဆန်ဘဲ မျှတစွာနဲ့ ရပ်တည်ယှဉ်ပြိုင်နိုင်ရမယ်။

၇။ အစမ်းသပ်ခံနိုင်ရမယ်။ သင်ရရှိလာတဲ့အချက်အလက်တွေ၊ ဆုံးဖြတ်ချက်တွေဟာ ဘယ်အရာတွေနဲ့ပဲ နှိုင်းယှဉ်ချိန်ထိုးထိုး ဦးမကျိုးဘဲ ရပ်တည်နေနိုင်ရမယ်။

၈။ ရှာဖွေစုဆောင်တတ်သူဖြစ်ရမယ်။ သတင်းအချက်အလက်တွေကို ရနိုင်သမျှရရှိအောင်၊ များနိုင်သမျှများလာအောင် အမြဲတမ်း ကြံဆရှာဖွေနေဖို့ လိုပါတယ်။

Credit: Lifehack

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service