ရန်ကုန်တိုက်ခန်းဈေး ငါးနှစ်အတွင်း ၃၀ ရာခိုင်နှုန်းခန့် ကျဆင်း - Property News in Myanmar from iMyanmarHouse.com
8066 Views

ရန်ကုန်တိုက်ခန်းဈေး ငါးနှစ်အတွင်း ၃၀ ရာခိုင်နှုန်းခန့် ကျဆင်း

ရန်ကုန်မြို့တွင်း တိုက် ခန်းဈေးသည် ငါးနှစ်အတွင်း ၃၀ ရာခိုင်နှုန်းနှင့်အ ထက် ပြန်လည်ကျဆင်းလာပြီး ၂၀၁၇ တွင် ကျဆင်းမှုအများဆုံး ဖြစ်လာေ ကြာင်း အိမ်ခြံမြေအကျိုးဆောင်အချို့က ပြောသည်။

၂၀၁၁ ကစတင်ပြီး ဈေး ကွက်အတွင်း အပြိုင်အဆိုင်တည်ဆောက်သည့် ကန်ထရိုက် တိုက်ခန်း များပြားလာပြီး ၀ယ်ယူသူနည်းပါးသဖြင့် ဈေးလျှော့ ချေ ရာင်းချလာရခြင်း ဖြစ်သည်ဟု ရွှေရည်အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးအေးဆောင်က ပြောသည်။

‘‘တကယ်နေမယ့်သူတွေ ၀ယ်တဲ့ အချိန်ရောက်ပြီ။ အခန်း တွေ အများကြီး ကိုင်ထားတဲ့သူ တွေက ဈေးလျှော့ရောင်းရင်ရောင်း၊မရောင်းရင် အငှားဘက် ကိုပဲ လှည့်နေကြရတာ’’ဟု ဦးအေးဆောင်က ပြောသည်။

၂၀၁၃ က အိမ်ခြံမြေဈေးကွက် အကောင်းဆုံးဖြစ်ခဲ့ပြီး ယခု ၂၀၁၇ နှင့် နှိုင်း ယှဉ်ပါက တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ မှ ၁၅၀ အထိ ဈေးနှုန်း ကျ ဆင်းလာပြီး အရောင်းအ၀ယ်လည်း ထင်သလောက် မရှိကြောင်း သိရသည်။

‘‘ဈေးကျနေတယ်ဆိုတာ လူ တိုင်းလည်းသိပါတယ်။ အရောင်း အ၀ယ်က မရှိ သလောက်ကို ဖြစ် လာတာ။ ၂၀၁၅ ကနေ အခုအချိန် ထိကြည့်မယ်ဆိုရင် ၃၀ ရာခိုင်နှုန်း လောက်အထိ ကျသွားတာ။ ဒီ ထက်လည်းဈေးကျလာနိုင်သေး တယ်’’ဟု ရန်ကုန်တိုင်းအိမ်ခြံမြေ ၀န်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးစိုင်း ခွန်ေ နာင်က ပြောသည်။

၂၀၁၅ က သင်္ဃန်းကျွန်းမြို့နယ်ကဲ့သို့ ကန်ထရိုက်တိုက် အများဆုံး တည်ေ ဆာက်ရာ မြို့ နယ်များရှိ ရပ်ကွက်များတွင် ၁၂ ပေ×ပေ ၅၀ တိုက်ခန်းတစ် ခန်း လျှင် ကျပ်သိန်း ၂၅၀ ၀န်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့သော် လည်း ၂၀၁၇ တွင် အဆိုပါ ပေအကျယ်အ၀န်းရှိ အခန်းသည် ကျပ်သိန်း ၁၆၀ အထိ ပင် ဈေးလျှော့ရောင်းနေရကြောင်း ထွန်းကမ္ဘာဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းသော်က ပြောသည်။

ပေ ၂၀ × ပေ ၃၀ အကျယ် အဆင့်မြင့် တိုက်ခန်းအဆင့်ရှိ သော ကြည့်မြင် တိုင်မြို့နယ်မှ ပန်း လှိုင်အိမ်ရာ သုံးလွှာသည် ၂၀၁၅ က ကျပ်သိန်း ၈၀၀ ၀န်း ကျင်ဖြင့် ရောင်းချရာ ၀ယ်ယူသူမရှိသော် လည်း လက်ရှိတွင် ကျပ်သိန်း ၆၅၀ ၀န်းကျင်ဖြင့် အရောင်းအ ၀ယ်ဖြစ်ခဲ့ကြောင်း ၎င်းက ပြော ကြားသည်။

၂၀၁၃ က စမ်းချောင်းမြို့နယ် မင်းလမ်း ငါးလွှာ (၁၃ပေ×ပေ ၅၀) အကျယ် တိုက်ခန်းသည် ကျပ်သိန်း ၈၅၀ အထိ ဈေးကောင်းခဲ့ပြီး လက်ရှိတွင် ကျပ် သိန်း ၆၀၀ ခန့်ဖြင့် ရောင်းချနေသော်လည်း ၀ယ်သူမရှိ ဖြစ်နေကြောင်း စမ်းေ ချာင်းမြို့နယ်ရှိ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောကြားသည်။

ဆောက်လုပ်ရေး လောက တွင် ကြိုပွိုင့် တိုက်ခန်းများကို ရောင်းချနေသည့် အခြေအနေမှ ဆောက်လုပ်ပြီးစီးသော အခန်း များကို အရစ်ကျပုံစံဖြင့် ပြော င်း လဲရောင်းချလာကြောင်း အာရှ ဆောက်လုပ်ရေးလုပ်ငန်းအထွေ ထွေ မန်နေဂျာ ဦးရန်အောင်က ပြောသည်။

ဈေးထပ်မံကျဆင်းရန် မဖြစ်နိုင်သော်လည်း အမှန်တကယ်နေထိုင်ရန် ၀ယ် ယူသူများ အဆင်ပြေစေရေး အရစ်ကျစနစ်ကို ပုံစံအမျိုးမျိုးဖြင့် ရောင်းချနိုင်ရန် ထည့်သွင်းစဉ်းစားလာရကြောင်း ဦးရန်အောင်က ဆိုသည်။

ကန်ထရိုက် တိုက်ခန်းများ ဈေးနှုန်းကျဆင်းနေခြင်းနှင့်အတူ ရန်ကုန်မြို့စွန် များရှိ ကျူးကျော်များကို ရှင်းလင်းနေသည်ဆိုသော ဂယက်ကြောင့် ရောင်း မှား၊ ၀ယ်မှားဖြစ်မည်ကို စိုးရိမ်ပြီး အရောင်းအ၀ယ်အေးစက်နေသည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service