‘‘ ပါမစ်ပေါက် ’’ ၊‘‘ဂရန်သစ် ’’လျှောက်လို့ ရပေမယ့်  ရတက်မအေးနိုင်တာက ‘‘မြေချပါမစစ် မူရင်း’’ လက်ဝယ်ရှိသူတွေ - Property Knowledge in Myanmar from iMyanmarHouse.com
15406 Views

‘‘ ပါမစ်ပေါက် ’’ ၊‘‘ဂရန်သစ် ’’လျှောက်လို့ ရပေမယ့်  ရတက်မအေးနိုင်တာက ‘‘မြေချပါမစစ် မူရင်း’’ လက်ဝယ်ရှိသူတွေ

Knowledge | Posted by Aye Myat Thu

လက်ဖက်ရည်ဆိုင် မှာထိုင်ပြီးတိုင်ပင်ကြစို့ ခုတလော အိမ်ခြံမြေ အရောင်း အဝယ် အေးသွားပေမယ့် ၊အိမ်ခြံမြေအကျိုးဆောင် ပွဲစားများထိုင်နေကျ ၊ လက်ဖက်ရည်ဆိုင်မှာတော့ …..ပုံမှန် ထိုင်နေကြ၊ ဆွေးနွေးကျ၊ တိုင်ပင်ကျဆဲ ရှိပါတယ်။အကွက်လှကြောင်းဈေးတန်ကြောင်းအချို့ အချောင်ဈေးဖြစ်ကြောင်းရောင်းလိုသူချင်း အပြန်အလှန် ထောက်ခံ နေကြပေမယ့် ထုံးစံအတိုင်း ဝယ်သူမဆင်းတာ တွေ့ ရသဖြင့် တစ်နေကုန် ထိုင်နေကြ။ မနက်ပိုင်း တစ် ပိုင်း ထိုင်ပြီး ပြန်ကျကို တွေ့ ရပါတယ်။

အေးသွားတာက ‘‘ မြေ ’’၊ စည်နေတာက ‘‘ မြို့ တော် ခန်းမ’’

အိမ်ခြံမြေ အရောင်းအ၀ယ် ဈေးကွက်ငြိမ် နေတဲ့ အခါ၊ အိမ်ခြံမြေ အရောင်း အဝယ် ကုမ္မဏီထူထောင်ထားသူများကတော့ ငြိမ်ငြိမ်မနေ လှုပ်ရှားနေကြ တယ်။ ဘယ်မှာ..လှုပ်ရှားနေကြလဲ ဆိုတော့ ရန်ကုန် မြို့ တော်ခန်းမ မှာေ လ။ ဘာလုပ်နေကြတာပါလိမ့်….ဟု စုံစမ်းကြ မိတယ်။

မူရင်းပျောက်လို့ ဂရန် သစ်လျှောက်

ရန်ကုန်မြို့ တော်ခန်းမ ၊မြို့ ပြစီမံကိန်းနဲ့ မြေစီမံခန့် ခွဲမှု ဌာန မှာ မြေချပါမစ် ကနေ ဂရန်သစ်လျှောက်သူများ ၊ဂရန်သစ်ရလို့ လာထုတ်ကြသူများကို တွေ့ရ ပါတယ်။ အချို့ကလည်းမိမိ အမည်ပေါက် ဂရန်ပျောက်သွားလို့ ၊ အမည်ပေါ က်ဂရန် မိတ္တူ ပြန်လျှောက်ကြတာကိုလဲ တွေ့ ရပါတယ်။ မြို့ တော်ခန်းမမှာ စည်ကားနေရခြင်း အကြောင်း ထဲမှာ လူအများ စိတ်ဝင်စားဆုံးက…မြေချ ပါ မစ် ပျောက်ဆုံးသွားလို့ ….ပါမစ်ပျောက်… ဂရန်သစ် လျှောက်ချင်နေကြတဲ့ သူတွေပါဘဲ။ ပါမစ် ပျောက်လို့ ဂရန် သစ်လျှောက်ထားတဲ့  ကိစ္စ ကတွေက လည်း ယခင်က ခေတ္တ ဆိုင်းငံထား တယ်လို့ သိရပါတယ်။ သို့ သော် မကြာေ သးခင် ကမှမြို့ တော်ခန်းမမှာရှိတဲ့ ၊မြေစီမံခန့် ခွဲမှု ဌာနမှာပါမစ်ပျောက် ၊ဂရန် သစ် လျှောက်လို ရပြီ ကြားတာနဲ့ ၊ဂရန်သစ် လျှောက်ဖို့ လူတွေ များလာရြ ခင်း ဖြစ်ပါတယ်။

ဟိုတုန်းက ပါမစ်ပျောက်ရင် ရပ်ကွက်/ ရဲစခန်းထောက်ခံချက်/တရားရုံး ကျမ်း ကျိန် လိုအပ်။ပါမစ်ပျောက်လို့ ဂရန်သစ်လျှောက်ရင် ယခင်ကတော့ မြေကွက် ရှိတဲ့ ရပ်ကွက်က မြေချပါမစ် တကယ်ပျောက်ဆုံးကြောင်း ထောက်ခံစာ ရပ် ကွက်ထောက်ခံချက် အရ ရဲစခန်းက ဆက်လက် ထောက်ခံချက် တို့ ကိုေ ရးပေးရတယ်။ ထို့ အတူ ….အဆိုပါ မြေချပါမစ် တကယ် ပျောက်ဆုံးသည်မှာ မှန်ကန်ကြောင်း တရားရုံး ကျမ်းကျိန်လည်း တပါတည်း တင်ပြ ရတယ်။

ယခုမြို့ နယ် စည်ပင်ထောက်ခံချက်လို

ယခုအခါ ပါမစ်ပျောက် ဂရန်သစ် လျှောက်ရင်တော့ မြေကွက်တည်ရှိရာ ၊မြို့  နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရဲ့ ပျောက်ဆုံးကြောင်း ထောက်ခံချက်က လည်းလိုအပ်တဲ့ အကြောင်းသိရပါတယ်။မြို့ နယ် အုပ်ချုပ်ရေးမှူးထံ မှာ ကြွေး ကျန် ကင်းရှင်းကြောင်း ထောက်ခံချက် တော့ လုပ်ဖူးတယ်။ ပါမစ် ပျောက် ဆုံးကြောင်း ထောက်ခံချက် လုပ်ရမယ် ဆိုတာကတော့  အခုမှ ထပ်မံ သိရ တဲ့ ဗဟုသုတ အသစ်ပါ။

ပါမစ်ပြောင်း များ သို့ ဂရန်သစ် ထုတ်ပေးရန် နောက်ဆက်တွဲတွေ ပေါ်လာ
နိုင်

ယခုလို ပါမစ်ပျောက် ဂရန် အသစ် လျှောက်ထားခြင်း ကို လက်ခံဆောင် ရွက်ပေးတဲ့ မြေစီမံ ခန့် ခွဲမှု ဌာန အနေနဲ့ တာဝန် ကြီးလိမ့် မယ်လို့ စာရေးသူ တင်ပါတယ်။ယနေ့ အိမ်ခြံမြေ အရောင်းအ၀ယ် လောကမှာ ကြားသိနေရတဲ့ စကားတွေ အရမြေချပါမစ် အရောင်းအဝယ် လုပ်တဲ့ အခါ တခြမ်းထိုး စနစ် အရာင်းအ၀ယ် လုပ်ကြတာကိုမကြာခဏ တွေ့ ရတက် ပါတယ်။

တခြမ်းထိုစနစ်နဲ့ အရောင်းအ၀ယ်လုပ်တယ်ဆိုရင်စာချုပ်အဆက်အစပ်များတက်ပါတယ်။အဆင့်ဆင့်ရောင်းဝယ်တာ မှန်သော်လည်း ရောင်းသူ များမှာ မြေ ချပါမစ် ကိုသာပေးလိုက်တာပါ။ မြေချ ပါမစ် မူရင်းကို ပြန်ရောင်းတဲ့  အခါ ပါ မစ် မိတ္တူကူးယူ ပြီး သိမ်းထားလေ့ ရှိကြပါတယ်။

ပါမစ်အရောင်းအဝယ်များတဲ့ မြို့ တွေ သတိရှိကြလေ

ဥပမာ။ ။ဒဂုံဆိပ်ကမ်းမြို့ နယ်က ပဲခူးမြစ်လမ်း ၊ ကနောင်မင်းသားကြီး လမ်းေ ဘးဝဲယာ ကမြေကွက်တွေ ဆိုရင် သိန်း(၅၀၀)၊ ကနေ သိန်း(၁၀၀၀) အထက် မှာ ရှိနေ ပါတယ်။ နေရာကလဲ ကောင်းတယ်။

လူတိုင်းသဘောကျတဲ့ နေရာလဲဖြစ်တော့  ခဏခဏ အရောင်းအ၀ယ်ဖြစ်ကြ ပါတယ်။ ဝယ်ရောင်းသမား တွေလဲ မြေချပါမစ် ဆိုရင်အကြိုက်ဆုံး ဖြစ် တယ်။ အစထဲကအရောင်းအဝယ်ဈေးကစားဖို့ ဝယ်ထားတာ ဖြစ်လေတော့ ဘယ်သူမှ ဂရန် အမည် ပေါက်မလုပ်ချင်ကြဘူး။

ပါမစ်ပျောက် ဂရန် သစ်လျှောက်လို့ ရပေမယ့် ရတက် မအေးရတာ ပါမစ် မူရင်းကိုင်သူတွေ

ရောင်းထွက်ရင်လည်းနေရာကောင်းတွေဆိုတော့ ပါမစ်မိတ္တူတွေ သိမ်းထား တက် ကြတယ်။ အချို့ ကလဲ ယုံကြည်ရတဲ့ ပွဲစားတွေကို ရောင်းပေးဖို့ ပါမစ် မိတ္တူတွေ ပေးတက်ကြတာမျိုးလဲရှိတယ်။ဒီလိုပါမစ်တွေက ရိုးသားတဲ့ သူေ တွဆီမှာ ရှိနေတယ် ဆိုရင် ဘာမှအရေးမကြီးပေမယ့်။ မရိုးမသားမသမာသူေ တွရဲ့ လက်ထဲများရောက် သွားရင် အတွေးသစ် စိတ်ကူးသစ် တွေပေါ် သွာြး ပီး ပါမစ် ပျောက် ဂရန်သစ် လျှောက်သွားခဲ့ ရင် မလိုလားအပ်တဲ့ ပြသနာေ တွဖြစ်ပြီးတရားရုံးတက်ပြီး ဖြေရှင်း ရတာမျိုးတွေလဲ ပေါ်လာနိုင်ပါတယ်။

ပါမစ် အမှန်ပျောက်သူတွေအတွက် ဝမ်းသာ စရာ

အမှန် တကယ်ပါမစ်ပျောက်လို့  ဂရန်သစ် လျှောက်ဖို့စောင့်စားနေတဲ့သူတွေ အတွက်တော့ ‘‘အရှေ့က နေဝန်း ထွက်သည့်ပမာ’’ ဝမ်းသာနေကြ မှာပါ ၊ယနေ့ အချိန်သမယ ကို လူအများစောင့် စားနေတာကြာပါပြီ။ ဒါေ ကြာင့် မြေပေါ်မှာအိမ်ဆောက်နေရသော်လည်းပိုင်ဆိုင်မှုအထောက် အထား မရှိသေးသူများ နောင်ရေးစိတ်အေးရဖို့ အရေးမိမိအမည်ပေါက် အနှစ် ၆၀ ဂရန်မြေငှားစာချုပ် လက်ဝယ်ထားကိုင်နိုင် ဖို့ ရန်ကုန်မြို့တော် ခန်းမ မြို့ ပြ စီမံကိန်းဖွင့် မြေစီမံခန့် ခွဲ မှုဌာနမှာအမြန်သွားရောက် စုံစမ်းကြပါလို့  သ တင်းကောင်းပါးလိုက်ပါတယ်။


လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် သီးသန့်ရေးသားတင်ပြသည်။
Credit: iMyanmarHouse

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Mingalar Market
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service