အင်းစိန်မှာ မြေဂရန်ရှိသူအချို့လည်း ကျူးကျော်အဖြစ်သတ်မှတ်ခံရလို့ စိုးရိမ်နေကြ - Property News in Myanmar from iMyanmarHouse.com
717 Views

အင်းစိန်မှာ မြေဂရန်ရှိသူအချို့လည်း ကျူးကျော်အဖြစ်သတ်မှတ်ခံရလို့ စိုးရိမ်နေကြ

အင်းစိန်မြို့နယ်မှာ ကျူးကျော်စာရင်းကောက်ခံနေပြီး မြေဂရန်ရှိသူအချို့ပါ ကျူးကျော်အဖြစ် သတ်မှတ်ခံရတဲ့အတွက် စိုးရိမ်နေကြပါတယ်။

အင်းစိန်မြို့နယ် စဥ့်ငူရပ်ကွက်က ကျူးကျော်အဖြစ် သတ်မှတ်ခ့ရတဲ့ နေအိမ် တစ်အိမ်က ဒေါ်အေးငွေက 'အန်တီတို့ ဒီမြေကို ၀ယ်ယူတုန်းက ဂရန်ကို ထုတ်ပြတယ်။ အဲဒီအတွက် ခိုင်မာတယ်ဆိုပြီး ၀ယ်လိုက်တာ' လို့ ပြောပါ တယ်။

ဇွန်လ ၁၉ ရက်နေ့ည ၁၁း၃၀ နာရီမှာ ညတွင်းချင်း ကျူးစာရင်းကောက်ခံဖို့ သက်သေခံကတ်ပြားတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ထုတ်ဖို့ အကြောင်း ကြားခဲ့တယ်လို့ သိရပါတယ်။

ဓါတ်အားလိုင်း တာဝါတိုင်အောက်တွေ၊ ရထားလမ်းနဲ့ ၇၅ ပေအကွာက အိမ်တွေကို ကျူးကျော်အဖြစ် သတ်မှတ်ခဲ့တာကို ရပ်ကွက်အုပ်ချုပ်ရေးမှူး လာပြောမှ သိတာလို့ ဆိုပါတယ်။

စဥ့်ငူရပ်ကွက်မှာ အိမ်ခြေ ၃၀၀ ကို ကျူးကျော်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ ကျူးကျော်သက်သေခံကတ်ပြား ရရှိထားပြီး မယူလို့က လည်း မဖြစ်လို့ ယူထားတာလို့ ဆိုသူလည်း ရှိပါတယ်။ အင်းစိန်မြို့နယ် စဥ့် ငူရပ်ကွက်က ကျူးကျော်အဖြစ် သတ်မှတ်ခံရတဲ့ နေအိမ်က ဒေါ်အေးအေြး မင့်က 'ပိုက်ဆံပေးပြီး ၀ယ်ထားတယ်၊ မီတာချထားတယ်၊ သန်းခေါင်စာရင်း လုပ်ပေးထားတယ်၊ အဲဒါကို ကျူးကျော်စာရင်းထဲ သွင်းတယ်' လို့ ပြောပါတယ်။

ဒညင်းကုန်းရပ်ကွက်နဲ့အောင်ဆန်းရပ်ကွက်တွေမှာ ကျူးကျော်အများဆုံးလို့ သိရပြီး အင်းစိန်မြို့နယ်မှာ ကျူးကျော်အိမ်ထောင်စု ၃၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးမြင့်က 'ဂရန်ဆိုတာ စိစစ်ပြီးမှ ထုတ်ေ ပးတာလေ၊ ခိုင်မာမှု ရှိတဲ့ မြေပိုင်ဆိုင်ပြီးသူကို ကျူးကျော်လို့ မသတ်မှတ်ပါ ဘူး' လို့ ပြောပါတယ်။

အခြားမှားယွင်းမှု အနည်းငယ်ရှိလို့ ဖြစ်တဲ့ပြဿနာလို့ ဆိုပါတယ်။ ပြီးေ တာ့ ပြောင်းရွှေ့ရတာတွေ ဖျက်ရတာတွေ ပြောဆိုကြတာဟာ ကောလဟာ လတွေပါလို့လည်း အုပ်ချုပ်ရေးမှူးဦးအေးမြင့်က ပြောတယ်။

အစိုးရရဲ့လုပ်ငန်းစဉ်အရ အမှန်တကယ် နေထိုင်စရာ မရှိသူတွေကိုသာေ ထာက်ပံ့မှုတစ်ခု လုပ်ပေးနိုင်ဖို့ ကျူးကျော်စာရင်းကို ပထမအဆင့်အနေနဲ့ေ ကာက်ခံတာဖြစ်တယ်လို့ သိရပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ
ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ

Upcoming Property Events

mya-villa
119-mdy

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service