ဒူဘိုင်းတွင် ကမ္ဘာ့ပထမဆုံး ဒါနပန်းခြံဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
1407 Views

ဒူဘိုင်းတွင် ကမ္ဘာ့ပထမဆုံး ဒါနပန်းခြံဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိ

ဒူဘိုင်းတွင် ကမ္ဘာ့ပထမဆုံး ဒါနပန်းခြံတစ်ခု ဖွင့်လှစ်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဒူဘိုင်းစည်ပင်သာယာရေးနှင့် မိုဟာမက်
ဘင်ရာရှစ် ကမ္ဘာလုံးဆိုင်ရာ အလှူဒါနရေးရာ အတိုင်ပင်ခံဌာန
(MBRGCEC) က ထုတ်ပြန်ကြေညာကြောင်း အရှေ့အလယ်ပိုင်း
အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါပန်းခြံတွင် အများပြည်သူများလှူဒါန်းသည့် စွန်ပလွန်ပင်များ စုစည်းစိုက်ပျိုးမည်ဖြစ်ပြီး ထွက်ရှိလာသော စွန်ပလွံသီးများကို ပြန်လည်လှူဒါန်းမှုများ ပြုလုပ်သွားရန် ရည်မှန်းထားသည်။
မူရှ်ရစ်ဖ်ပန်းခြံအနီးတွင် စီမံကိန်းအကောင်အထည်ဖော်မည်ဖြစ်ပြီး မြေအကျယ်အဝန်းမှာ ၁၅ ဟက်တာ ဖြစ်သည်။

ဒူဘိုင်းစည်ပင်သာယာမှ အထွေထွေညွှန်ကြားရေးမှူး
ဟူစိန်လူးတာ့က ပြောကြားရာတွင်
“ဒူဘိုင်းဟာ ကွဲပြားတဲ့နယ်ပယ်များစွာမှာ စွန့်ဦးတီထွင်မှုတွေအနက် ဦးစီးဦးဆောင်နေရာက ရပ်တည်နေတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဒီနေ့မှာ အဲ့ဒီတီထွင်မှုတွေအနက် နောက်တစ်ခုအဖြစ် အလှူဒါနနယ်မှာ ထပ်မံခြေလှမ်းသစ်လှမ်းလိုက်ပြီဆိုတာ ကြေညာပါတယ်။
ဒီ Alihsan ပန်းခြံဟာ ကမ္ဘာ့ပထမဆုံးဒါနပန်းခြံတစ်ခု ဖြစ်လာတော့မှာပါ”
ဟု ဆိုသည်။

“မကြာခင်မှာ အခြေခံအဆောက်အအုံဆောက်လုပ်မှုတွေ လုပ်ကိုင်သွားမှာဖြစ်ပြီး အဲဒီနောက်မှာ ပြည်သူတွေအနေနဲ့ သူတို့နေအိမ်တွေက စွန်ပလွံပင်တွေ လာရောက်လှူဒါန်းဖို့အတွက် တံခါးဖွင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီပန်းခြံကထွက်မယ့် စွန်ပလွံသီးတွေကို ပန်းခြံထဲကစက်ရုံမှာပဲ ထုတ်လုပ်သွားမှာဖြစ်ပြီး လိုအပ်တဲ့နေရာတွေ
အတွက် ဖြန့်ဖြူးပေးသွားပါမယ်” ဟု လူးတာ့က ပြောကြားသည်။

ပန်းခြံအတွင်းဆောက်လုပ်သွားမည့် စက်ရုံမှာ နှစ်စဉ် စွန်ပလွံသီးတန်ချိန်
၁၅၀ ခန့် ထုတ်လုပ်လည်ပတ်သွားနိုင်စွမ်းရှိသည်ဟု ဆိုသည်။
ယခုစီမံကိန်းမှာ ဟက်တာဒေသတွင် လွန်ခဲ့သော နှစ်ပေါင်း၁၀၀
ကျော်က ဓလေ့ထုံးစံဖြစ်သည့် သစ်ပင်များလှူဒါန်းကာ
သစ်သီးဝလံများကို ပြန်လည်ရယူလှူဒါန်းသည့်ဓလေ့အပေါ် အခြေခံထားခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ဒူဘိုင်းစည်ပင်သာယာ
အဖွဲ့သည် ပန်းခြံအတွက် သစ်ပင်များလာရောက်လှူဒါန်းကြရန် စတင်ဖိတ်ခေါ်ကြေညာမည်ဖြစ်သည်။
သို့ရာတွင် အရည်အသွေးမြင့် စွန်ပလွံသီးများ ထုတ်လုပ်နိုင်ရန်
အတွက် လှူဒါန်းမှုလက်ခံမည့် အပင်များနှင့်စပ်လျဉ်း၍ အသေးစိတ်စည်းမျဉ်းသတ်မှတ်ချက်များလည်း
ထုတ်ပြန်သွားမည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service