အောင်မြင်သူတိုင်းမှာရှိတဲ့ To-do list လေးတွေ - Property Knowledge in Myanmar from iMyanmarHouse.com
1245 Views

အောင်မြင်သူတိုင်းမှာရှိတဲ့ To-do list လေးတွေ

Knowledge | Posted by Zarni Kyaw

အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ ကိုယ်လုပ်ဆောင်ရမယ့်အရာတွေကို စာရင်းလေးနဲ့ စနစ်တကျလုပ်ထားဖို့တော့ လိုတယ်နော်။

လုပ်ဆောင်ရန်အချက်လေးတွေကို စာရင်းပြုစုထားတတ်တယ်ဆိုတာ စည်းစနစ်ကျခြင်းကိုဖော်ပြနေပါတယ်။ အလုပ်မှာ ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေကို စာရင်းပြုထားတတ်တာတွေ၊ တခြားအလုပ်နဲ့ဆိုင်တဲ့ မှတ်သားစရာကိစ္စတွေကို မှတ်စုထုတ်တတ်
တာတွေကအလုပ်သမားကောင်းတစ်ယောက်ရဲ့အရည်အချင်း
ကိုဖော်ပြနေပါတယ်။ ဒါပေမယ့် စာရင်းပြုတာ (To-do list) လုပ်တာက လုပ်ငန်းခွင်မှာပဲ သုံးလို့ရတာ မဟုတ်ပါဘူး။ အောက်မှာဖော်ပြထားတာကတော့ ကျွန်တော်တို့ရဲ့အားလပ်ချိန်တွေကိုအကောင်းဆုံးအသုံးချနိုင်ဖို့အတွက် လုပ်ဆောင်ရန်အချက်လေးတွေကို စာရင်းပြုထားသင့်တဲ့ To-do list လေးတွေပါပဲ။

၁။ ခရီးသွားမယ့်နေရာ စာရင်း

ခရီးသွားမယ့်နေရာတွေကို စာရင်းထုတ်ထားတာက ပျော်ဖို့လည်းကောင်းပြီး စိတ်ကိုလည်းတက်ကြွစေပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့နှစ်ကုန်ခွင့်ရက်တွေရောက်ရင် ဘယ်နေရာတွေကို သွားမယ်ဆိုပြီး စိတ်ကူးယဉ်ရတာက ပျော်စရာပါပဲ။ တကယ်လို့ခင်ဗျားမှာ တစ်နှစ်အတွင်း အကြိမ်ရေတော်တော်များများ ခရီးထွက်နိုင်တဲ့အခွင့်အရေးရှိမယ်ဆိုရင် ခင်ဗျားရဲ့စာရင်းကို (၂) ပိုင်း ခွဲထားသင့်ပါတယ်။ ခရီးတိုနဲ့ ခရီးရှည်ဆိုပြီးပေါ့။ ခရီးတိုဆိုတာ စနေ၊ တနင်္ဂနွေအားလပ်ရက်တွေမှာ သွားလို့ရတဲ့ခရီးတိုလေးတွေဖြစ်ပြီး ခရီးရှည်ဆိုတာတော့ ရှမ်းပြည်ဘက်က မြို့တွေကို ရက်ရှည်ခရီးထွက်တာမျိုးတို့၊ နိုင်ငံခြားခရီးထွက်တာမျိုးတို့ကိုပြောတာပါ။

၂။ ဖတ်ရန်စာအုပ် စာရင်း

ခင်ဗျားမှာ စာအုပ်အရောင်းပွဲတော် (ဒါမှမဟုတ်) စာအုပ်ဆိုင်ရောက်တိုင်း ဖတ်မယ်ဆိုပြီး ဝယ်ထားပေမယ့် တကယ်မဖတ်ဖြစ်သေးတဲ့ စာအုပ်တွေ တောင်လိုပုံနေပြီလား။ အဲဒီလိုဖြစ်တာ ခင်ဗျား တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်အခုကစပြီး ပြောင်းလဲလိုက်ကြပါစို့။ ဖတ်ရန်စာအုပ်စာရင်းလုပ်ရတာပျော်ဖို့လည်းကောင်းပြီး သူငယ်ချင်းတွေနဲ့ စကားပြောရင် ပြောစရာ စကားဝိုင်းခေါင်းစဉ်လေးတောင်ဖြစ်သွားနိုင်ပါတယ်။ ဖြစ်နိုင်ရင် စမတ်ဖုန်းထဲမှာ စာရင်းတစ်ခုပြုလုပ်ထားတာ ပိုကောင်းပါတယ်။ Google Keep တို့၊ Microsoft One Note တို့လို app တွေလည်းရှိပြီး ဖတ်ပြီးတဲ့စာအုပ်ကို List ထဲကဖျက်လိုက်ရုံပဲဆိုတော့ လွယ်လွယ်ကူကူပါပဲ။

၃။ ဈေးဝယ်ရန်စာရင်း

ကျွန်တော်တို့နေထိုင်နေတာ စားသုံးသူခေတ်ကြီးထဲမှာပါ။ ဈေးကွက်ဖော်ထုတ်သူတွေတောင် စားသုံးသူကိုအလေးပေးနေရတဲ့ခေတ်ဆိုတော့ ဝယ်စရာခြမ်းစရာတွေလည်း ပေါများလှပါတယ်။ ရှော့ပင်စင်တာ တစ်ပတ်ပတ်လိုက်ရင် ပိုက်ဆံအိတ်တစ်ဝက်လျော့ပါသတဲ့။ အဲဒီလိုမဖြစ်ရလေအောင် ကိုယ်ဝယ်ဖို့လိုတဲ့ ပစ္စည်းစာရင်းကို သေချာလုပ်ထားမယ်ဆိုရင်
မလိုတာတွေ မဝယ်မိတော့ သလိုလိုတာတွေလည်းမဝယ်မိဘဲ ကျန်နေတာတွေမရှိတော့ဘူးပေါ့။

၎။ စိတ်ကူးထဲကလုပ်ဆောင်ရန် စာရင်း

ဘဝမှာ စိတ်ကူးယဉ်ဖူးတာတွေရှိမှာပေါ့။ ငယ်ငယ်တုံးကဆို ကြီးလာရင် ဘာလုပ်မယ်ဆိုပြီး စိတ်ကူးယဉ်ဖူးတဲ့အရာတွေလည်းရှိမှာပေါ့။ ဒါတွေကို စာရင်းလုပ်ထားပြီး ကိုယ်လုပ်နိုင်သလောက်လေးတွေ ဖြစ်အောင်လုပ်သင့်ပါတယ်။ ဥပမာ ဒီနှစ် (၂၀၁၇ ခုနှစ်) မှာ ဘာတွေဖြစ်အောင်လုပ်မယ်ဆိုပြီး ရည်မှန်းချက်ချသလိုပေါ့။

၅။ အနာဂတ်ရည်မှန်းချက် စာရင်း

ဒါကတော့ ရှေ့ကတစ်ခုနဲ့တူသယောင်ရှိပေမယ့် မတူပါဘူး။ ဒီစာရင်းကတော့ တစ်နေ့မှာ ကိုယ်ဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်စာရင်းပါ။ ဥပမာ... ခင်ဗျားက ဆရာဝန်တစ်ယောက်ဆိုရင် တစ်နေ့မှာ အထူးကုသမားတော်ကြီးဖြစ်ရမယ်။ ဖြစ်အောင် ဘယ်လိုလုပ်မယ်ဆိုတဲ့ရည်မှန်းချက်။ ခင်ဗျားက ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက်ဆိုရင် တစ်နေ့မှာ Creative Director တစ်ယောက် ဖြစ်ရမယ်ဆိုတဲ့ရည်မှန်းချက်တွေပေါ့။ ဒါတွေကိုလည်း သေသေချာချာစာရင်းထုတ်ထားခြင်းက ရည်မှန်းချက်တကယ်ဖြစ်လာအောင် ပန်းတိုင်လေးတွေချပြီး ဘယ်လိုရောက်အောင်သွားမလဲ ဆိုတာကိုလည်း မြင်လာစေမှာပါ။

Credit: : levo
အောင်မြင်သူတိုင်းမှာရှိတဲ့ To-do list လေးတွေ - Property Knowledge in Myanmar from iMyanmarHouse.com
အောင်မြင်သူတိုင်းမှာရှိတဲ့ To-do list လေးတွေ - Property Knowledge in Myanmar from iMyanmarHouse.com
အောင်မြင်သူတိုင်းမှာရှိတဲ့ To-do list လေးတွေ - Property Knowledge in Myanmar from iMyanmarHouse.com
အောင်မြင်သူတိုင်းမှာရှိတဲ့ To-do list လေးတွေ - Property Knowledge in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Mingalar Market
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service