အော်ဒရေ ဟက်ဘန်းနေထိုင်ခဲ့ဖူးသောလော့စ်အိန်ဂျလိနေအိမ် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
865 Views

အော်ဒရေ ဟက်ဘန်းနေထိုင်ခဲ့ဖူးသောလော့စ်အိန်ဂျလိနေအိမ် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းမည်

ဟောလိဝုဒ်ကြယ်ပွင့်များဖြစ်သော အော်ဒရေ ဟက်ဘန်းနှင့် အီဗာ ဂါဘော၊ ဂီတပညာရှင် ဖရန့်ခ် စီနာထရာတို့ နေထိုင်ခဲ့ဖူးသော
နေအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၁၄ သန်းနီးပါးဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်လာကြောင်း လော့စ်အိန်ဂျလိအခြေစိုက်
အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဂါဘော်သည် ဟန်ဂေရီနွယ်ဖွား အမေရိကန်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး မကြာသေးမီက ကွယ်လွန်သွားသူ ဇာဇာဂါဘော၏ ညီမ ဖြစ်ကာ ယခုရောင်းချမည့်နေအိမ်ကြီးတွင် အချိန်အကြာဆုံးနေထိုင်ခဲ့ဖူးသူ တစ်ဦးဖြစ်သည်။

ဂါဘောသည် ဟာသဇာတ်မြူး Green Acres တွင် ဦးဆောင်ပါဝင်ခဲ့ရာမှ နာမည်ကျော်ကြားလာခဲ့ပြီး ဒစ္စနေကုမ္ပဏီမှ ထုတ်လုပ်သည့် ကာတွန်းဇာတ်လမ်းတွဲများတွင် အသံဖြင့် ပါဝင်သရုပ်ဆောင်ခြင်းများ ပြုလုပ်ခဲ့သူ ဖြစ်သည်။

ဂါဘောသည် လော့စ်အိန်ဂျလိမြို့၊ ဟွန်ဘီ ဟေးလ်ရှိ ယခုနေအိမ်ကြီးတွင် ဆယ်စုနှစ် ၂ ခုခန့် နေထိုင်ခဲ့ဖူးကြောင်း အိမ်ခြံမြေ မှတ်တမ်းများတွင် ဖော်ပြသည်။

အီဗာဂါဘောသည် ကွယ်လွန်ချိန်အထိ ယခုနေအိမ်ကြီးတွင် နေထိုင်သွားခဲ့ပြီး အသက် ၇၆ နှစ်အရွယ် ၁၉၉၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်တွင် ကွယ်လွန်သွားခဲ့သည်။

ထိုစဉ်က နေအိမ်ကြီးမှာ မွမ်းမံမှု များစွာပြုလုပ်ရန် လိုအပ်နေသည့်အခြေအနေဖြစ်ပြီး ထိုအခြေအနေတွင် လက်ရှိပိုင်ရှင်များက ကန်ဒေါ်လာ ၂ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့ကြသည်။
ညီမဖြစ်သူ ဇာဇာ၏ နေအိမ်မှာ အနီးရှိ ဘဲအဲရ်အရပ်တွင် တည်ရှိပြီး ပြီးခဲ့သောနှစ် ဒီဇင်ဘာက ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၉၉ နှစ်ရှိပြီ ဖြစ်သည်။

ကြမ်းခင်းဧရိယာအကျယ်အဝန်း စတုရန်းပေ ၇၀၀၀ ရှိသည့်နေအိမ်ကို ဗိသုကာပညာရှင် ပေါလ်ဝီလျံက ၁၉၃၈ ခုနှစ်တွင် ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။
ပေါလ် ဝီလျံသည် နာမည်ကျော်ကြယ်ပွင့်များစွာကို နေအိမ်ဒီဇိုင်းရေးဆွဲပေးခဲ့သူဖြစ်သည်။

ဤနေအိမ်ကြီးတွင် ပထမဆုံးနေအိမ်ခဲ့ကြသူများမှာ သရုပ်ဆောင် အေနီတာ လူဝီစီနှင့် ခင်ပွန်း ရုပ်ရှင်ထုတ်လုပ်သူ ဘတ်ဒီ အက်ဒ်လာတို့ ဖြစ်သည်။
၁၉၆၀ ပြည့်နှစ်တွင် အက်ဒ်လာ ကွယ်လွန်သွားသောအခါ လူဝီစီက ထပ်မံအိမ်ထောင်ပြုခဲ့ပြီး နေအိမ်ကြီးကို အော်ဒရေဟက်ဘန်းနှင့် ခင်ပွန်းဖြစ်သူ မဲလ် ဖာရာတို့အား အငှားချထားခဲ့သည်။

ယင်းနောက်ပိုင်းတွင် ဖရန့်ခ် စီနာထရာကို ငှားရမ်းခဲ့ပြီးနောက် ၁၉၇၀ ပြည့်လွန်နှစ်များတွင် ဂါဘောထံရောင်းချခဲ့သည်။
ခြံဝန်းအကျယ်အဝန်းမှာ ၁ ဒသမ ၁ ဧကဖြစ်ပြီး ခြံဝန်းအတွင်း တင်းနစ်ကွင်း၊ မြေယာအလှပြုပြင် မွမ်းမံထားသော ပန်းဥယျာဉ်များ၊ သီးခြားဧည့်ဂေဟာဆောင်တစ်ခု၊ သီးခြားဝန်ထမ်းနေအိမ်တစ်လုံးနှင့် ရေကန်ကြီးတစ်ကန်တို့ ပါဝင်သည်။

နေအိမ်အတွင်းတွင် အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါဝင်ရာ အိပ်ခန်း ၄ ခန်းမှာ အပေါ်ထပ်တွင် တည်ရှိပြီး အောက်ထပ်တွင် ဝန်ထမ်းအိပ်ခန်း ၂ ခု တည်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အော်ဒရေ ဟက်ဘန်းနေထိုင်ခဲ့ဖူးသောလော့စ်အိန်ဂျလိနေအိမ် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
အော်ဒရေ ဟက်ဘန်းနေထိုင်ခဲ့ဖူးသောလော့စ်အိန်ဂျလိနေအိမ် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
အော်ဒရေ ဟက်ဘန်းနေထိုင်ခဲ့ဖူးသောလော့စ်အိန်ဂျလိနေအိမ် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
အော်ဒရေ ဟက်ဘန်းနေထိုင်ခဲ့ဖူးသောလော့စ်အိန်ဂျလိနေအိမ် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
အော်ဒရေ ဟက်ဘန်းနေထိုင်ခဲ့ဖူးသောလော့စ်အိန်ဂျလိနေအိမ် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service