ကျူး - Property News in Myanmar from iMyanmarHouse.com
1315 Views

ကျူး

လောလောလတ်လတ် လှည်းကူးမြို့နယ်မှာရှိပြီးတော့ ထောင်ချီအောင် မျာြး ပား တဲ့ကျူးတွေကို အစိုးရက အင်အားသုံး ဖျက်ဆီးဖယ်ရှားတာနဲ့ ပတ်သက် လို့ ဂယက်ရိုက်နေတယ်ပေါ့။ ကျူးပြဿနာ အဖြေရှာကြတဲ့နေရာမှာ ဘယ်ဟာအ မှန် ဘယ်ဟာအမှား ဆိုတဲ့ကိစ္စကလည်း တခြားကိစ္စတွေလိုပဲ ငြင်းကြခုံ ကြ ရင်း လုံးထွေးနေတယ်လို့ ပြောရမလားပဲ။

လက်ရှိသတင်းတွေအရတော့ တော်တော်များများက အကွက် ဝယ်ပြီး အိမ်ေ ဆာက်ထားကြတဲ့သဘော ရှိပါတယ်။ တချို့ တစ်လလောက်ပဲ ရှိသေးပြီးေ တာ့ တချို့ဆိုရင် ပခုက္ကူကနေတောင် လာနေတာရှိတယ်လို့ သိရပါတယ်။

သေချာတာကတော့ အားလုံး သိထားကြတဲ့အတိုင်းပဲ နေစရာမရှိလို့ ရိုးရိုး သားသား ကျူးကြတာတွေ ရှိသလို ကျကျနန အုပ်စုဖွဲ့ပြီးတော့ မြေ လွတ်တွေ ကို အကွက်ရိုက် ခပ်တည်တည်နဲ့ မသိနားမလည်သူတွေကို ရောင်းစားတဲ့ (ကျူးလူမိုက်လို့ အများက သိထားကြတဲ့) လူမိုက်ဂိုဏ်းတွေလည်း ရှိနေတယ် ဆိုတာပါပဲ။

ဒီတော့ ပြဿနာကို အမှန်တကယ် ပြေလည်အောင် ဖြေရှင်းမယ် ဆိုရင်
၁။ အမှန်တကယ် နေစရာမရှိလို့ ကျူးကြရသူတွေကိစ္စကို ဘယ်လို ကိုင် တွယ်ြေ ဖရှင်းမလဲ၊
၂။ ကျူးလူမိုက်များက လိမ်ရောင်းသွားတာ ခံလိုက်ရလို့ ဒုက္ခရောက်သွားကြ သူတွေကိစ္စ ဘယ်လိုဖြေရှင်းမလဲ။
၃။ ကျူး လူမိုက်တွေ ပပျောက်ရေးကို ဘယ်လို ထိထိရောက်ရောက် အရေး ယူ ဆောင်ရွက်မလဲ စသဖြင့် အရင်းခံအကြောင်းတရားတွေကို ထိရောက်ေ အာင် ဖြေရှင်းဖို့ မလုပ်နိုင်ရင် ရန်ကုန်မှာ ကျူးသံသရာလည်နေဦး မှာပါပဲ။

အမှန်တကယ် နေစရာမရှိလို့ ကျူးကြသူတွေ အတွက်တော့ လက်ရှိအစိုးရက စာရင်းကောက်တာတွေ နေစရာပေးဖို့ စီမံတာတွေ ရှိနေပါတယ်။ အမှန်တ ကယ် နေစရာမရှိတဲ့ ကျူးတွေကို နေစရာပေးတာမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ အိန္ဒိယမှာ ကျူးပြဿနာ ရှင်းပုံလေးက တော်တော် စိတ်ဝင်စားစ ရာ ကောင်းပြီးေ တာ့ တော်တော်လည်း အတုယူစရာ ဖြစ်ပါတယ်။

လူဦးရေ များပြီးတော့ ဆင်းရဲချမ်းသာ ကွာဟချက်ကြီးမားတဲ့ နိုင် ငံဖြစ်လေေ တာ့ ကျူးပြဿနာကလည်း တော်တော် ကြီးမားတာပါ။ အစိုးရက ကျူးတွေများတဲ့ေ နရာမှာ သင့်တော်သလောက် အခန်းလေးတွေ များများပါဝင်တဲ့ အထပ်မြင့်ေ တွ ဆောက်ပြီး ကျူးတွေကို ချက်ချင်း တိုက်ခန်းတွေပေါ် တင်ပေးပါတယ်။ေ ဈး၊ ကျောင်း၊ ရေ၊ မီး၊ လိုင်းကားနဲ့ ပန်းခြံ၊ ကစားကွင်း စတာတွေကို ပါ သေသေချာချာ လုပ်ပေးပါတယ်။

တစ်ပြိုင်နက်တည်းမှာ အဲဒီတိုက်ခန်းတွေနဲ့ အနီးအနားမှာပဲ စီးပွားရေးဇုန်ေ တွ (စက်ရုံ၊ အလုပ်ရုံတွေ) တည်ပေးလိုက်ပြီးတော့ အဲဒီလူတွေကိုပဲ အလုပ် ပြန်ပေးပါတယ်။ ပြီးတော့မှ သူတို့ရတဲ့ လစာထဲကနေ မများတဲ့ နှုန်း ထားနဲ့ လစဉ် တိုက်ခန်းဖိုးကို နှစ်ရှည် ပြန်ဖြတ်ယူပါတယ်။ အစိုးရလည်း အလုပ်ဖြစ်၊ လူတွေလည်း နေစရာရ၊ အလုပ်အကိုင်လည်းရ၊ ကျူးတဲမှာ နေ ရတဲ့ကလေးတွေလည်း ကျောင်းကောင်းကောင်းနေရလို့ ဘဝအဆင့် အတ န်းမြင့်၊ စီးပွားရေးလည်း ဖွံ့ဖြိုး။ အကောင်းဆုံး စီမံခန့်ခွဲမှု ဖြစ်ပါတယ်။

ဒီလိုဖြစ်ဖို့ဆိုရင် စီးပွားရေး အခြေအနေကလည်း ကောင်းဖို့လိုပါတယ်။ စီး ပွားရေး ကောင်းလာတာနဲ့အမျှ တစ်ဖက်မှာလည်း ဆင်းရဲမွဲတေ မှု ပြဿနာကေ သ ချာပေါက် လျော့ကျလာဦးမှာ ဖြစ်ပါတယ်။

လူဆိုတာက စားဝတ်နေရေး လုံခြုံမှုရှိလာမှပဲ ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့် သားသမီးကိုရော၊ ကိုယ့်ပတ်ဝန်းကျင်ကိုပါ တန်ဖိုးထားလာ တတ်တဲ့သဘာဝ ရှိတာ မဟုတ်လား။ ဆင်းရဲလေ စာရိတ္တပျက်ဖို့ လွယ်လေ၊ လူတစ်ယောက် ချင်းရော၊ လူ့အသိုင်းအဝိုင်း တစ်ခုလုံးရော တန်ဖိုးကျလေ ဖြစ်တတ်တာလည်း သဘာဝကျတယ် မဟုတ်လား။

နေစရာမရှိတဲ့သူတွေကို နေစရာ ဖန်တီးပေးဖို့က အစိုးရများရဲ့ တာဝန်ဖြစ်ပါ တယ်။ အစိုးရများက စီမံခန့်ခွဲမှု စွမ်းရည်မြင့်မားလေ ကျူး ပြဿနာကို ဖြေရှင်းရင်း တိုင်းပြည် အမြတ်ထွက်လေလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မြေလွတ်တွေရှာ အကွက်ရိုက် မသိနားမလည်တဲ့ သူတွေ ကို လိမ်ညာရောင်းစားသူတွေကို ထိထိရောက်ရောက် နှိမ်နင်းပစ်ဖို့ လိုပါ တယ်။ ဒီလိုမှ မလုပ်နိုင်ရင် တစ်နေရာရှင်း နှစ်နေရာ ပေါ်လာဦးမှာဖြစ်သလို မရှိဆင်းရဲသားတွေလည်း အလိမ်အညာခံရလို့ နူရာဝဲစွဲ နေကြဦးမှာပါ။

ကျူးပြဿနာနဲ့ တိုင်းပြည်စီးပွားရေး အခြေအနေက အပြန်အလှန် ဆက်စပ်နေ တာပါ။ စီးပွားရေးက မကောင်းလေ ဆင်းရဲလေ ကျူးပြဿနာ ကြီးထွားေ လ ဖြစ် ပါလိမ့်မယ်။

တစ်ဖက်မှာ တရားဥပဒေ စိုးမိုးမှု အားနည်းတယ်ဆိုရင် လူတွေက ပိုပြီးတော့ ဇက်ရဲလက်ရဲနိုင်လာနိုင်တာကြောင့် ကြာလေ ဖြေရှင်း ရခက်လေ ဖြစ်နေ ပါလိမ့်မယ်။ တရားဥပဒေ စိုးမိုးရေးကိုလည်း အာရုံထားဖို့လိုပါတယ်။ ကျူးပြဿနာ ကြီးထွားလာလေ၊ ကျူးတဲတွေ တိုးပွားလာလေ၊ လူတွေရဲ့စိတ်ဓာတ်တွေ နိမ့် ကျလာလေ၊ ရာဇဝတ်မှုတွေလည်း တိုးပွားလာလေ၊ လူမှုအဆင့်အတန်း လည်း နိမ့်ကျလာလေ ဖြစ်နေပါလိမ့်မယ်။

တစ်ဖက်မှာ ကျူးပြဿနာကို ကိုင်တွယ်ရင်းနဲ့ တိုင်းပြည်စီးပွားရေး အခြေအနေ အမှန်တကယ် ကောင်းဖို့ကို အပြင်းအထန် အားထုတ်သင့်ပါတယ်။ စီးပွားရေး နာလန်ထူမှသာ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားလာမှာဖြစ်သလို ကျူးသံသရာကနေ လွတ်မြောက်နိုင်မှာ လည်း ဖြစ်ပါတယ်။ နေစ ရာပေးပြီးေ တာ့ အလုပ်အကိုင်နဲ့ ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးဖို့ဆိုတာက စီးပွားရေး ကို နင်လားငါလား လုပ်နိုင်လောက်တဲ့ ရေခံမြေခံလည်း မဖြစ်မနေ လိုအပ်ပါ တယ်။ စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ဖို့ဆိုတာက စီးပွားရေး အခြေခံေ ကာင်းတွေကို ဖန်တီးတည်ဆောက်ပေးနိုင်ခြင်း မရှိဘဲနဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားကောင်း မွန်မလာ ဘဲနဲ့လည်း ကျူးပြဿနာကို အမြစ်ပြတ် ဖြေရှင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။

ပြဿနာရှိရင် ဖြေရှင်းဖို့ နည်းလမ်းကလည်း ရှိနေတာပါပဲ။ ပြဿနာရဲ့ ဇာစ်မြစ် အကြောင်းရင်းခံကို တိတိကျကျ သိအောင်ဖော်ထုတ်ဖို့နဲ့ အကြောင်းရင်းေ တွကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရင် သေချာပေါက် ပြေလည်ပါတယ်။ အလွယ်တကူတော့ မဖြစ်နိုင်ပါဘူး။ တစ်ဖက်မှာလည်း ရိုးရိုးသားသားနဲ့ ဆင်း ရဲနေကြတဲ့သူတွေ၊ ဒုက္ခရောက်နေကြတဲ့သူတွေ ပိုဒုက္ခ ရောက်ကြရပြီးတော့ ဥပဒေရဲ့ အားနည်းချက်၊ အုပ်ချုပ်ရေးရဲ့ပျော့ကွက်ကို ကိုင်ပြီး မတော် မတ ရား ပြုနေကြတဲ့သူတွေက လွတ်မြောက်နေကြတာမျိုး မဖြစ်ဖို့ အထူး သတိဝီ ရိယနဲ့ မကိုင်တွယ်နိုင်ဘူးဆိုရင် ကျူးပြဿနာ ပြေလည်ဖို့ မရှိသလို တရားဥပဒေ စိုးမိုးရေးအတွက်လည်း ပိုများပြားပြီးတော့ ပိုဆိုးရွားတဲ့ စိန်ခေါ်မှုေ တွ တွေ့ ကြုံ ရနိုင်ပါသေးတယ်။

တရားဥပဒေရဲ့အောက်မှာ အမှန်တရားဟာ ရှင်သန်ဖွံ့ဖြိုးလာဖို့ လိုအပ်ပါ တယ်။ စီမံခန့်ခွဲမှု စွမ်းရည်မြင့်တဲ့ အုပ်ချုပ်ရေးဖြစ်ဖို့ လိုအပ်ပါတယ်။ အစိုးရ များ ရဲ့ တာဝန်ပါ။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service