အောင်မြင်ရေးအတွက် အရေးကြီးဆုံး တခု ..! - Property Knowledge in Myanmar from iMyanmarHouse.com
1257 Views

အောင်မြင်ရေးအတွက် အရေးကြီးဆုံး တခု ..!

Knowledge | Posted by Si Thu Aung

တိုးတက်မှုတွေ၊ အောင်မြင်မှုတွေကို ရှာဖွေနေသူ၊ ကြိုးစားနေသူတွေ
အတွက် စာအုပ်တွေ၊ သင်တန်းတွေ၊ အချက်အလက်တွေ၊ ပညာတွေက မနည်းမနေပါပဲ...
‍‍‍‍‍‍ ‍‍
နည်းလမ်းတွေ၊ အကြံဥာဏ်တွေကလည်း ဖတ်လို့ကုန်တယ်ရယ်မရှိပါဘူး...
‍‍‍‍‍‍ ‍‍
ဒီလို လေ့လာရင်းနဲ့ တွေးမိပါတယ်... ဒီအချက်အလက်တွေထဲမှာ ဘယ်တခုက အရေးကြီးဆုံးဖြစ်မလဲဆိုတာပါ...
‍‍‍‍‍‍ ‍‍
စာပေတွေဖတ်ရှုပါတယ်၊ ရှာဖွေပါတယ်၊ လေ့လာပါတယ်၊ သုံးသပ်ပါတယ်... နောက်ဆုံးမှာ ကောက်ချက်ချမိတာတခုရှိပါတယ်.
‍‍‍‍‍‍ ‍‍
အောင်မြင်တိုးတက်ဖို့အတွက် အရေးကြီးဆုံးက တခုရှိတယ်...
‍‍‍‍‍‍ ‍‍
သူရှိရင်.... အားလုံး တဖြည်းဖြည်းပြည့်စုံလာနိုင်ပြီး... သူမရှိရင်တော့
ဘာမှ လုပ်လို့မရတော့ဘူးဗျာ...
‍‍‍‍‍‍ ‍‍
" အဲ့ဒါက ဦးနှောက်ပဲ "
‍‍‍‍‍‍ ‍‍
ဟုတ်တယ်.. ဦးနှောက်ပဲ..
- စာဖတ်ချင်လား... ဦးနှောက်လိုတယ်
- အယူအဆကောင်းတွေးချင်လား... ဦးနှောက်လိုတယ်
- ဝိတ်ချချင်လား... ဦးနှောက်လိုတယ်
- ပိုက်ဆံရှာချင်လား... ဦးနှောက်လိုတယ်
- ကြိုးစားချင်လား... ဦးနှောက်လိုတယ်
- ဆက်ဆံရေးကောင်းချင်လား... ဦးနှောက်လိုတယ်
- ပျော်ရွှင်ချင်လား.. ဦးနှောက်လိုတယ်
- စည်းကမ်းလိုက်နာချင်လား... ဦးနှောက်လိုတယ်
‍‍‍‍‍‍ ‍‍
တိုးတက်မှုတိုင်း ဆင့်ကဲဖြစ်ပေါ်လာနိုင်ဖို့အတွက် အကုန်ထိန်းချုပ်ထားတဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့လိုပါတယ်
‍‍‍‍‍‍ ‍‍
ဒါ့ကြောင့် နာမည်ကြီး စကားလေးတခုရှိတယ်...
ဦးနှောက်တွင် ရင်းနှီးမြုပ်နှံပါတယ် တဲ့...
စာရေးသူကတော့ အသိပညာတွေ ရှာမှီးပါလို့ ကျွန်တော်ယူဆပေမယ့်...
စေ့စေ့ဆက်တွေးမယ်ဆိုရင် တကယ်မှန်တဲ့စကားပါ...
Physical ဦးနှောက်ကြီးကောင်းဖို့ကိုလည်း ကောင်းကောင်း ရင်းနှီးမြုပ်နှံသင့်ပါတယ်
‍‍‍‍‍‍ ‍‍
ဒါကောင်းရင် အကုန်ကောင်းလာပြီး.. ဒါ မကောင်းရင်တော့ အကုန်သွားရောဗျာ...
‍‍‍‍‍‍ ‍‍
ဦးနှောက်ကောင်းဖို့...
- လေ့ကျင့်ခန်းလုပ်ပါ
- အိပ်ရေးဝဝအိပ်စက်ပါ
- ဦးနှောက်အာဟာရ ရှိသော အစားအစာစားပါ
- ငါးကြီးဆီသောက်ပါ
- တရားထိုင်ပါ
- စိတ်ဖိစီးမှုလျော့ပါ
‍‍‍‍‍‍ ‍‍
အားလုံး မှန်ကန်တဲ့ ရင်းနှီးမှုတခုကို လုပ်နိုင်ကြပါစေဗျာ...
‍‍‍‍‍‍ ‍‍
‍‍‍‍‍‍ ‍‍ ‍‍Credit: KoThura Note

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service